လိုက်ပ်ဇစ်အသင်းနဲ့ ကစားမဲ့ ကစားသမားစာရင်းမှာ တိုက်စစ်မှူး မာရှယ်နဲ့ ကာဗာနီ ပါဝင်မှာ မဟုတ်ကြောင်း ဆိုးရှားအတည်ပြုပြောကြား

0
706

 

 

SBOTop Dec         ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းနဲ့ ကစားမဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ မာရှယ်နဲ့ ကာဗာနီတို့ ပါဝင်မှာ မဟုတ်ကြောင်း အသင်းမန်နေဂျာ ဆိုးရှားက အတည်ပြုပြောကြားလိုက်ပါတယ်။ မာရှယ်နဲ့ ကာဗာနီတို့ဟာ ပြီးခဲ့တဲ့ ဝက်ဟမ်းအသင်းကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကြွက်သားဒဏ်ရာ ရရှိထားတယ်လို့ ဆိုးရှားက ဆိုပါတယ်။

ကာဗာနီဟာ ပြီးခဲ့တဲ့ ဆောက်သမ်တန်ကို အနိုင်ရခဲ့တဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ဝင်ရောက်လာခဲ့ပြီး သွင်းဂိုး နှစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဝက်ဟမ်းနဲ့ပွဲစဉ်မှာလည်း ပထမပိုင်းမှာ မာရှယ်နဲ့ တွဲဖက်ပြီး တိုက်စစ်ပိုင်းမှာ ဝင်ရောက်ကစားခဲ့ပေမဲ့ ဒုတိယပိုင်းမှာ လူစားလဲခဲ့ပါတယ်။

24

ဝက်ဟမ်းအသင်းကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ဆိုးရှားက “ ကွျန်တော်တို့ မာရှယ်နဲ့ ကာဗာနီတို့ကို ဆုံးရှုံးရမယ်။ သူတို့ရဲ့ ဒဏ်ရာအခြေအနေမဆိုးဝါးဖို့ပဲ မျှော်လင့်မိတယ်။ ဒါက လာမဲ့ အင်္ဂါနေ့မှာ ကစားရမဲ့ ပွဲအတွက် ဖြစ်တယ်။ ဒါပေမဲ့ ဒီနှစ် ဘောလုံးရာသီမှာ အကောင်းဆုံးအခြေအနေနဲ့ ဖြတ်သွားနိုင်ချေရှိပါတယ်။ တချို့သောပြိုင်ပွဲတွေမှာ ကစားသမားတချို့မပါဝင်ဘဲ ကစားသွားရမှာရှိပေမဲ့ အစားထိုးစရာ ကစားသမားတွေ ရှိနေတာက ကွျန်တော့်ကို ကံကောင်းစေတယ်။ သူတို့နှစ်ယောက်လုံး ဒဏ်ရာမဆိုးဝါးဖို့ မျှော်လင့်ထားသလို ကွျန်တော်တို့တွေ ဒဏ်ရာကို ဓာတ်မှန်ရိုက်ပြီးရင် သူတို့မကြာခင် ပြန်လည်ပါဝင်ဖို့ကိုလည်း မျှော်လင့်ထားတယ် ” ဆိုပြီး မန်ချက်စတာရုပ်သံကနေ ပြောပါတယ်။

ဝက်ဟမ်းကို အဝေးကွင်းမှာ အနိုင်ရခဲ့ခြင်းက ဆိုးရှားအတွက် ပျော်ရွှင်စရာ ဖြစ်လာနိုင်သလို ယခုနှစ် ဘောလုံးရာသီမှာ အဝေးကွင်းပွဲ ငါးပွဲအနိုင်ရထားပြီး ရမှတ် ၁၅ မှတ် ရယူနိုင်ခဲ့ပါတယ်။

Zawgyi

လိုက္ပ္ဇစ္အသင္းနဲ႔ ကစားမဲ့ ကစားသမားစာရင္းမွာ တိုက္စစ္မႉး မာရွယ္နဲ႔ ကာဗာနီ ပါဝင္မွာ မဟုတ္ေၾကာင္း ဆိုးရွားအတည္ျပဳေျပာၾကား

ခ်န္ပီယံလိဂ္ အုပ္စုေနာက္ဆုံးပြဲျဖစ္တဲ့ လိုက္ပ္ဇစ္အသင္းနဲ႔ ကစားမဲ့ ပြဲစဥ္မွာ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ့ တိုက္စစ္ကစားသမားေတြျဖစ္တဲ့ မာရွယ္နဲ႔ ကာဗာနီတို႔ ပါဝင္မွာ မဟုတ္ေၾကာင္း အသင္းမန္ေနဂ်ာ ဆိုးရွားက အတည္ျပဳေျပာၾကားလိုက္ပါတယ္။ မာရွယ္နဲ႔ ကာဗာနီတို႔ဟာ ၿပီးခဲ့တဲ့ ဝက္ဟမ္းအသင္းကို ၃-၁ နဲ႔ အနိုင္ရခဲ့တဲ့ပြဲမွာ ႂကြက္သားဒဏ္ရာ ရရွိထားတယ္လို႔ ဆိုးရွားက ဆိုပါတယ္။
ကာဗာနီဟာ ၿပီးခဲ့တဲ့ ေဆာက္သမ္တန္ကို အနိုင္ရခဲ့တဲ့ပြဲမွာ လူစားဝင္ကစားသမားအျဖစ္ ဝင္ေရာက္လာခဲ့ၿပီး သြင္းဂိုး ႏွစ္ဂိုး သြင္းယူေပးနိုင္ခဲ့ပါတယ္။ ဝက္ဟမ္းနဲ႔ပြဲစဥ္မွာလည္း ပထမပိုင္းမွာ မာရွယ္နဲ႔ တြဲဖက္ၿပီး တိုက္စစ္ပိုင္းမွာ ဝင္ေရာက္ကစားခဲ့ေပမဲ့ ဒုတိယပိုင္းမွာ လူစားလဲခဲ့ပါတယ္။
ဝက္ဟမ္းအသင္းကို အနိုင္ရခဲ့တဲ့ပြဲအၿပီးမွာ ဆိုးရွားက “ ကြ်န္ေတာ္တို႔ မာရွယ္နဲ႔ ကာဗာနီတို႔ကို ဆုံးရႈံးရမယ္။ သူတို႔ရဲ့ ဒဏ္ရာအေျခအေနမဆိုးဝါးဖို႔ပဲ ေမၽွာ္လင့္မိတယ္။ ဒါက လာမဲ့ အဂၤါေန႔မွာ ကစားရမဲ့ ပြဲအတြက္ ျဖစ္တယ္။ ဒါေပမဲ့ ဒီႏွစ္ ေဘာလုံးရာသီမွာ အေကာင္းဆုံးအေျခအေနနဲ႔ ျဖတ္သြားနိုင္ေခ်ရွိပါတယ္။ တခ်ိဳ႕ေသာၿပိဳင္ပြဲေတြမွာ ကစားသမားတခ်ိဳ႕မပါဝင္ဘဲ ကစားသြားရမွာရွိေပမဲ့ အစားထိုးစရာ ကစားသမားေတြ ရွိေနတာက ကြ်န္ေတာ့္ကို ကံေကာင္းေစတယ္။ သူတို႔ႏွစ္ေယာက္လုံး ဒဏ္ရာမဆိုးဝါးဖို႔ ေမၽွာ္လင့္ထားသလို ကြ်န္ေတာ္တို႔ေတြ ဒဏ္ရာကို ဓာတ္မွန္ရိုက္ၿပီးရင္ သူတို႔မၾကာခင္ ျပန္လည္ပါဝင္ဖို႔ကိုလည္း ေမၽွာ္လင့္ထားတယ္ ” ဆိုၿပီး မန္ခ်က္စတာ႐ုပ္သံကေန ေျပာပါတယ္။
ဝက္ဟမ္းကို အေဝးကြင္းမွာ အနိုင္ရခဲ့ျခင္းက ဆိုးရွားအတြက္ ေပ်ာ္ရႊင္စရာ ျဖစ္လာနိုင္သလို ယခုႏွစ္ ေဘာလုံးရာသီမွာ အေဝးကြင္းပြဲ ငါးပြဲအနိုင္ရထားၿပီး ရမွတ္ ၁၅ မွတ္ ရယူနိုင္ခဲ့ပါတယ္။