လူငယ်ကစားသမားအများစုနဲ့ ပွဲထွက်လာနိုင်တဲ့ မန်စီးတီးက အိမ်ကွင်းမှာ အနိုင်ရလဒ်ဖော်ဆောင်သွားမှာပါ

0
396

 

SBOTop Dec     ချန်ပီယံလိဂ်အုပ်စု (C) ရဲ့ အုပ်စုပွဲစဉ် ၆ အဖြစ် မန်စီးတီးအသင်းနဲ့ မာဆေးအသင်းတို့ဟာ မန်စီးတီးရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၀-၁၂-၂၀၂၀ ရက် ကြာသပတေးနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ မန်စီးတီးက အုပ်စုပွဲ ၅ ပွဲကစားအပြီး ရမှတ် ၁၃ မှတ်နဲ့ အုပ်စုပထမနေရာမှာ ရှိနေပြီး မာဆေးအသင်းက ရမှတ် ၃ မှတ်နဲ့ အုပ်စုနောက်ဆုံး အဆင့်မှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုအနေနဲ့ ပထမအကျော့ မာဆေးကွင်းမှာ မန်စီးတီးက ၃-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ပြိုင်ပွဲ အရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး မန်စီးတီးက သုံးပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး မာဆေးအသင်းက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးငါးပွဲမှာ လေးပွဲနိုင် တစ်ပွဲရှုံးထားပါတယ်။

မန်စီးတီးက ချန်ပီယံလိဂ်နောက်ဆုံး လေးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပြီး မန်စီးတီးက ချန်ပီယံလိဂ် နောက်ဆုံး ၁၅ ပွဲကစားအပြီး ၁၄ ပွဲမှာ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ မန်စီးတီးအနေနဲ့ အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်ကို တက်ရောက်ဖို့ သေချာနေပြီး နောက်ပွဲမှာ မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲကစားသွားရမှာ ဖြစ်လို့ လူငယ်ကစားသမားတွေကို ဦးစားပေးပွဲထွက်သွားမယ်လို့ ဂွါဒီယိုလာက ဆိုထားပါတယ်။ မန်စီးတီးဟာ ယခုနှစ် ချန်ပီယံလိဂ်အုပ်စုပွဲ ငါးပွဲကစားအပြီးမှာ ပေးဂိုး တစ်ဂိုးသာ ပေးထားရတဲ့ အသင်းတစ်သင်းအဖြစ် ရပ်တည်နေပါတယ်။ မာဆေးအသင်းက ချန်ပီယံလိဂ် အဝေးကွင်းပွဲ နောက်ဆုံး ခုနစ်ပွဲဆက် အနိုင်ရရှိခြင်း မရှိခဲ့ပါဘူး။

မန်စီးတီးအသင်းမှာ အဂူရိုက ပါဝင်နိုင်ဖို့ မသေချာသလို မာဆေးအသင်းမှာ ရာဒွန်ဂျစ်က ဒဏ်ရာရနေပြီး ဘာလာဒီက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က မန်စီးတီးက အိမ်ကွင်းမှာ အနိုင်ရဖို့ ၈၀% ရှိနေပြီး သွင်းဂိုး ၁-၀ လောက်နဲ့ အနိုင်ရသွားနိုင်ပါတယ်။

Zawgyi

