လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ကို သက်တမ်းတိုးဖို့ရည်ရွယ်ထားတဲ့ မန်ယူ

0
313

SBOTOP NOV

မန်ယူအသင်းဟာ သူတို့ရဲ့ လူငယ်တိုက်စစ်မှူး မာဆင်ဂရင်းဝုဒ်ကို ၂၀၂၁ ခုနှစ်အတွင်း စာချုပ်သက်တမ်းတိုးဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ အသက် ၁၉ နှစ်အရွယ် ဂရင်းဝုဒ်ဟာ ၂၀၁၉ အောက်တိုဘာလပိုင်းမှာ စာချုပ်လက်မှတ်ရေးထိုးခဲ့သူဖြစ်သလို ဒီရာသီ ပရီးမီးယားလိဂ်မှာလည်း တစ်ဂိုးသာသွင်းထားနိုင်ပေမဲ့ မန်ယူအသင်းကတော့ သူ့ကို သက်တမ်းတိုးဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ရာသီမှာလည်း ခြေစွမ်းအမြင့်ဆုံးအဆင့်ကိုရောက်ရှိခဲ့ခြင်းမရှိဘဲ ပြိုင်ပွဲစုံ ၄၉ ပွဲမှာ ၁၇ ဂိုးသာ သွင်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူနည်းပြ ဆိုးလ်ရှားကတော့ အဲဒီလူငယ်ကစားသမားကို အိုးလ်ထရက်ဖို့ဒ်မှာ ဆက်ထိန်းထားဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ ဖီးလ်ဖိုဒန်နဲ့အတူ အိုက်စလန်မှာရှိစဉ်က ဟိုတယ်အတွင်း မိန်းမပျို ၂ ဦး ခေါ်ယူပျော်ပါးခဲ့ပြီးနောက် ကိုဗစ်-၁၉ တားမြစ်ချက်နဲ့ အတူ နေအိမ်ကို ပြန်ပို့ခံထားရတာဖြစ်ပါတယ်။

ဒါပေမဲ့ ဂရင်းဝုဒ်ဟာ နော်ဝေသားဖြစ်တဲ့ နည်းပြဆိုးလ်ရှားရဲ့ ယုံကြည်မှုကိုတော့ ဆက်လက်ရရှိထားပြီး မန်ယူအသင်းအတွက် နောက်ဆုံး ၅ ပွဲမှာလည်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့် ရရှိထားခဲ့ပါတယ်။ ဒါ့အပြင် မန်ယူဂန္ထဝင်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အန်ဒီကိုးလ်ကလည်း ဂရင်းဝုဒ်ဟာ နောက် ၅ နှစ်အတွင်း ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးဖြစ်လာနိုင်တယ်လို့ ထောက်ခံ ပြောကြားသွားခဲ့သလို သူ့ကို မန်ယူအသင်းအကျီနဲ့ တွေ့မြင်ရတာ စိတ်လှုပ်ရှားမိတယ်လို့လည်း ဖွင့်ဟခဲ့ပါတယ်။

SBOTOP NOV

(zawgyi)

လူငယ္တုိက္စစ္မွဴး ဂရင္း၀ုဒ္ကို သက္တမ္းတိုးဖို႔ရည္ရြယ္ထားတဲ့ မန္ယူ

မန္ယူအသင္းဟာ သူတို႔ရဲ႕ လူငယ္တိုက္စစ္မွဴး မာဆင္ဂရင္း၀ုဒ္ကို ၂၀၂၁ ခုႏွစ္အတြင္း စာခ်ဳပ္သက္တမ္းတိုးဖို႔ ရည္ရြယ္ထားတယ္လို႔ သိရပါတယ္။ အသက္ ၁၉ ႏွစ္အရြယ္ ဂရင္း၀ုဒ္ဟာ ၂၀၁၉ ေအာက္တိုဘာလပိုင္းမွာ စာခ်ဳပ္လက္မွတ္ေရးထိုးခဲ့သူျဖစ္သလို ဒီရာသီ ပရီးမီးယားလိဂ္မွာလည္း တစ္ဂိုးသာသြင္းထားႏုိင္ေပမဲ့ မန္ယူအသင္းကေတာ့ သူ႕ကို သက္တမ္းတိုးဖို႔ ျပင္ဆင္ထားတာျဖစ္ပါတယ္။

ဂရင္း၀ုဒ္ဟာ ၿပီးခဲ့တဲ့ရာသီမွာလည္း ေျခစြမ္းအျမင့္ဆုံးအဆင့္ကိုေရာက္ရွိခဲ့ျခင္းမရွိဘဲ ၿပိဳင္ပြဲစုံ ၄၉ ပြဲမွာ ၁၇ ဂိုးသာ သြင္းေပးႏုိင္ခဲ့ပါတယ္။ ဒါေပမဲ့ မန္ယူနည္းျပ ဆိုးလ္ရွားကေတာ့ အဲဒီလူငယ္ကစားသမားကို အိုးလ္ထရက္ဖို႔ဒ္မွာ ဆက္ထိန္းထားဖို႔ ရည္ရြယ္ထားတာျဖစ္ပါတယ္။ ဂရင္း၀ုဒ္ဟာ ဖီးလ္ဖိုဒန္နဲ႔အတူ အိုက္စလန္မွာရွိစဥ္က ဟိုတယ္အတြင္း မိန္းမပ်ဳိ ၂ ဦး ေခၚယူေပ်ာ္ပါးခဲ့ၿပီးေနာက္ ကိုဗစ္-၁၉ တားျမစ္ခ်က္နဲ႔ အတူ ေနအိမ္ကို ျပန္ပို႔ခံထားရတာျဖစ္ပါတယ္။

ဒါေပမဲ့ ဂရင္း၀ုဒ္ဟာ ေနာ္ေ၀သားျဖစ္တဲ့ နည္းျပဆိုးလ္ရွားရဲ႕ ယုံၾကည္မႈကိုေတာ့ ဆက္လက္ရရွိထားၿပီး မန္ယူအသင္းအတြက္ ေနာက္ဆုံး ၅ ပြဲမွာလည္း ပြဲထြက္ကစားသမားအျဖစ္ ပါ၀င္ခြင့္ ရရွိထားခဲ့ပါတယ္။ ဒါ့အျပင္ မန္ယူဂႏၳ၀င္ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ အန္ဒီကိုးလ္ကလည္း ဂရင္း၀ုဒ္ဟာ ေနာက္ ၅ ႏွစ္အတြင္း ကမၻာ့အေကာင္းဆုံး တိုက္စစ္မွဴးတစ္ဦးျဖစ္လာႏုိင္တယ္လို႔ ေထာက္ခံ ေျပာၾကားသြားခဲ့သလို သူ႕ကို မန္ယူအသင္းအက်ီနဲ႔ ေတြ႕ျမင္ရတာ စိတ္လႈပ္ရွားမိတယ္လို႔လည္း ဖြင့္ဟခဲ့ပါတယ္။