“ လှပတဲ့ ဂိုးတစ်ဂိုးမဟုတ်ခဲ့ပေမဲ့ အသင်းအတွက် နိုင်ပွဲတစ်ပွဲ ယူဆောင်ပေးနိုင်ခဲ့တယ် ” မန်ချက်စတာ ယူနိုက်တက်အတွက် အနိုင်ဂိုး တစ်ဂိုးသွင်းပေမဲ့သူ ရတ်ဖို့ဒ်

0
255

 

SBOTop Dec          မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်္ဂါနေ့ညက ကစားခဲ့တဲ့ ဝုဗ်အသင်းနဲ့ အိမ်ကွင်းပွဲမှာ ၁-၀ နဲ့ အနိုင်ရခဲ့ပြီး ရတ်ဖို့ဒ်က ၉၃ မိနစ်မှာ နောက်ကျအနိုင်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ၎င်းသွင်းယူခဲ့တဲ့ ဂိုးနဲ့ ပတ်သက်ပြီး ရတ်ဖို့ဒ်က အရမ်းကို လှပသေသပ်တဲ့ ဂိုးတစ်ဂိုးမဟုတ်ခဲ့ပေမဲ့ အသင်းအတွက် နိုင်ပွဲတစ်ပွဲ ယူဆောင် ပေးနိုင်တယ်ဆိုပြီး ပွဲအပြီးပြောကြားလိုက်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ရတ်ဖို့ဒ်က “ ဒီဂိုးက ဖြစ်နိုင်ချေတစ်ခုအရ ပြောရရင်တော့ အရမ်းကို လှပသေသပ်တဲ့ ဂိုးတစ်ဂိုး မဟုတ်ခဲ့ပေမဲ့ ကွျန်တော်တို့ အသင်းကို ရမှတ်သုံးမှတ်နဲ့ အမှတ်ပေးဇယားအထက်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်ကတော့ ကွျန်တော်တို့ မျှော်လင့်ထားသလို နှစ်ကုန်ပိုင်းမှာ အမှတ်ပေးဇယား အထက်တက်ရောက်ခဲ့တယ် ” လို့ ပြောပါတယ်။

ဆိုးရှားဦးဆောင်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့် နှစ်နေရာကို ရောက်ရှိခဲ့ပြီး ထိပ်ဆုံးမှာ ရှိနေတဲ့ လီဗာပူးလ်နောက် ရမှတ်နှစ်မှတ် ကွာဟနေပါတယ်။ မန်ချက်စတာယူနိုက်တက်အတွက် ၉၂ မိနစ်နဲ့ ၅၂ စက္ကန့်မှာ ရတ်ဖို့ဒ်သွင်းယူလိုက်တဲ့ အနိုင်ဂိုးဟာ ၂၀၀၉ ခုနှစ် စက်တင်ဘာလက မန်စီးတီးနဲ့ ပွဲမှာ မိုက်ကယ် အိုဝင်က ၉၅ မိနစ်နဲ့ ၂၇ စက္ကန့်မှာ သွင်းယူခဲ့တဲ့ ဂိုးပြီးနောက် ပထမဆုံး နောက်ကျဂိုးတစ်ဂိုး ဖြစ်ခဲ့ပါတယ်။

Zawgyi

“ လွပတဲ့ ဂိုးတစ္ဂိုးမဟုတ္ခဲ့ေပမဲ့ အသင္းအတြက္ နိုင္ပြဲတစ္ပြဲ ယူေဆာင္ေပးနိုင္ခဲ့တယ္ ” မန္ခ်က္စတာ ယူနိုက္တက္အတြက္ အနိုင္ဂိုး တစ္ဂိုးသြင္းေပမဲ့သူ ရတ္ဖို႔ဒ္

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ အဂၤါေန႔ညက ကစားခဲ့တဲ့ ဝုဗ္အသင္းနဲ႔ အိမ္ကြင္းပြဲမွာ ၁-၀ နဲ႔ အနိုင္ရခဲ့ၿပီး ရတ္ဖို႔ဒ္က ၉၃ မိနစ္မွာ ေနာက္က်အနိုင္ဂိုး သြင္းယူခဲ့တာ ျဖစ္ပါတယ္။ ၎သြင္းယူခဲ့တဲ့ ဂိုးနဲ႔ ပတ္သက္ၿပီး ရတ္ဖို႔ဒ္က အရမ္းကို လွပေသသပ္တဲ့ ဂိုးတစ္ဂိုးမဟုတ္ခဲ့ေပမဲ့ အသင္းအတြက္ နိုင္ပြဲတစ္ပြဲ ယူေဆာင္ ေပးနိုင္တယ္ဆိုၿပီး ပြဲအၿပီးေျပာၾကားလိုက္ပါတယ္။
အသက္ ၂၃ ႏွစ္အရြယ္ ရတ္ဖို႔ဒ္က “ ဒီဂိုးက ျဖစ္နိုင္ေခ်တစ္ခုအရ ေျပာရရင္ေတာ့ အရမ္းကို လွပေသသပ္တဲ့ ဂိုးတစ္ဂိုး မဟုတ္ခဲ့ေပမဲ့ ကြ်န္ေတာ္တို႔ အသင္းကို ရမွတ္သုံးမွတ္နဲ႔ အမွတ္ေပးဇယားအထက္ကို တက္ေရာက္နိုင္ခဲ့ပါတယ္။ ဒီေန႔ပြဲစဥ္ကေတာ့ ကြ်န္ေတာ္တို႔ ေမၽွာ္လင့္ထားသလို ႏွစ္ကုန္ပိုင္းမွာ အမွတ္ေပးဇယား အထက္တက္ေရာက္ခဲ့တယ္ ” လို႔ ေျပာပါတယ္။
ဆိုးရွားဦးေဆာင္တဲ့ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ လက္ရွိအခ်ိန္မွာ အမွတ္ေပးဇယားရဲ့ အဆင့္ ႏွစ္ေနရာကို ေရာက္ရွိခဲ့ၿပီး ထိပ္ဆုံးမွာ ရွိေနတဲ့ လီဗာပူးလ္ေနာက္ ရမွတ္ႏွစ္မွတ္ ကြာဟေနပါတယ္။ မန္ခ်က္စတာယူနိုက္တက္အတြက္ ၉၂ မိနစ္နဲ႔ ၅၂ စကၠန႔္မွာ ရတ္ဖို႔ဒ္သြင္းယူလိုက္တဲ့ အနိုင္ဂိုးဟာ ၂၀၀၉ ခုႏွစ္ စက္တင္ဘာလက မန္စီးတီးနဲ႔ ပြဲမွာ မိုက္ကယ္ အိုဝင္က ၉၅ မိနစ္နဲ႔ ၂၇ စကၠန႔္မွာ သြင္းယူခဲ့တဲ့ ဂိုးၿပီးေနာက္ ပထမဆုံး ေနာက္က်ဂိုးတစ္ဂိုး ျဖစ္ခဲ့ပါတယ္။