ဝုဗ်ကွင်းမှာ ချဲလ်ဆီးအနိုင်ရဖို့ ၅၀% ရှိတယ်

0
418

 

SBOTop Dec         ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ အဖြစ် ဝုဗ်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ ဝုဗ်အသင်းရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၅-၁၂-၂၀၂၀ ရက် အင်္ဂါနေ့ည ၁၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဝုဗ်အသင်းက ပရီးမီးယားလိဂ် ၁၂ ပွဲ ကစားအပြီး ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရှိနေပြီး ချဲလ်ဆီးအသင်းက ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ချဲလ်ဆီး ၂ – ၀ ဝုဗ်(ပရီးမီးယားလိဂ်)

ဝုဗ် ၂ – ၅ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

ချဲလ်ဆီး ၁ – ၁ ဝုဗ်(ပရီးမီးယားလိဂ်)

ဝုဗ် ၂ – ၁ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

ဝုဗ် ၀ – ၂ ချဲလ်ဆီး(အက်ဖ်အေဖလား)

ချဲလ်ဆီး ၆ – ၀ ဝုဗ်(လိဂ်ဖလား)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲ ကစားအပြီး ဝုဗ်အသင်းက နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ သုံးပွဲရှုံထားပြီး ချဲလ်ဆီးအသင်းက သုံးပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။ ဝုဗ်အသင်းက ပရီးမီးယားလိဂ် နောက်ဆုံး ငါးပွဲ ကစားအပြီး တစ်ပွဲသာ အနိုင်ရခဲ့ပြီး တစ်ပွဲသရေနဲ့ ရှုံးပွဲသုံးပွဲဖြစ်ပေါ်ထားပါတယ်။ ချဲလ်ဆီးအသင်းက အင်္ဂါနေ့ည ကစားတဲ့ ပရီးမီးယားလိဂ်ပွဲ ၂၀ မှာ ၂၀၁၂ မေလက လီဗာပူးလ်အသင်းကို ၄-၁ နဲ့ ရှုံးပွဲတစ်ပွဲသာ ဖြစ်ပေါ်ထားပြီး ၁၂ ပွဲနိုင် ခုနစ်ပွဲသရေ ဖြစ်ထားပါတယ်။ ဝုဗ်အသင်းက ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံး ငါးပွဲမှာ ပျမ်းမျှ သွင်းဂိုး နှစ်ဂိုးအောက်သာ သွင်းယူနိုင်ခဲ့ပါတယ်။

ဝုဗ်အသင်းမှာ ဂျင်မီနက်ဇ်နဲ့ ဂွျန်နီတို့က ဒဏ်ရာရနေပြီး မော်တင်ဟိုက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ချဲလ်ဆီးအသင်းမှာ ဇီယက်ချ်နဲ့ အိုဒရွိုက်တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါ ဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဝုဗ်အသင်းအနိုင်ရဖို့ ၂၀% လောက်သာ ရှိပြီး သရေဖြစ်ဖို့ ၃၀%နဲ့ ချဲလ်ဆီးအနိုင်ရဖို့ ၅၀% ရှိနေပါတယ်။

Zawgyi


ဝုဗ်အသင်းမှာ ဂျင်မီနက်ဇ်နဲ့ ဂျွန်နီတို့က ဒဏ်ရာရနေပြီး မော်တင်ဟိုက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ချဲလ်ဆီးအသင်းမှာ ဇီယက်ခ်ျနဲ့ အိုဒရွိုက်တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါ ဘူး။