ဝုဗ်ကွင်းမှာ စပါးလ်အသင်းက တစ်ဂိုးအသာလောက်နဲ့ အနိုင်ယူသွားနိုင်တယ်

0
315

 

SBOTop Dec            ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ အဖြစ် ဝုဗ်အသင်းနဲ့ စပါးလ်အသင်းတို့ဟာ ဝုဗ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၈-၁၂-၂၀၂၀ ရက် တနင်္လာနေ့ နံနက် ၁း၄၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဝုဗ်အသင်းက ပရီးမီးယားလိဂ် ၁၄ ပွဲ ကစားအပြီး ရမှတ် ၂၀ နဲ့ အဆင့် ၁၁ နေရာမှာ ရှိနေပြီး စပါးလ်အသင်းက ရမှတ် ၂၅ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

စပါးလ် ၂ – ၃ ဝုဗ်(ပရီးမီးယားလိဂ်)

ဝုဗ် ၁ – ၂ စပါးလ်(ပရီးမီးယားလိဂ်)

စပါးလ် ၁ – ၃ ဝုဗ်(ပရီးမီးယားလိဂ်)

ဝုဗ် ၂ – ၃ စပါးလ်(ပရီးမီးယားလိဂ်)

စပါးလ် ၁ – ၁ ဝုဗ်(ပရီးမီးယားလိဂ်)

ဝုဗ် ၀ – ၂ စပါးလ်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ဝုဗ်အသင်းက နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ သုံးပွဲရှုံးထားပြီး စပါးလ်အသင်းက သုံးပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။ စပါးလ်အသင်းက ဝုဗ်အသင်းကွင်းမှာ နောက်ဆုံး သုံးကြိမ်သွားရောက်ခဲ့အပြီးမှာ အနိုင်ရခဲ့ပြီး အနည်းဆုံးသွင်းဂိုး နှစ်ဂိုးသွင်းယူထားနိုင်ပါတယ်။ ဝုဗ်အသင်းက စပါးလ်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးလေးပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက်သွင်းယူ ထားနိုင်ပါတယ်။ စပါးလ်အသင်းက ပရီးမီးယားလိဂ်နောက်ဆုံး ခုနစ်ပွဲကစားအပြီး ခြောက်ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအောက်သာ သွင်းယူထားနိုင်ပါတယ်။ ဝုဗ်အသင်းက ပရီးမီးယားလိဂ် နောက်ဆုံးလေးပွဲမှာ သုံးပွဲရှုံး ထားပြီး တစ်ပွဲသာ အနိုင်ရခဲ့ပါတယ်။ စပါးလ်အသင်းက ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် အဝေးကွင်းပွဲ လေးပွဲ အနိုင်ရခဲ့ပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ သုံးပွဲမှာ အနိုင်ရရှိခြင်း မရှိခဲ့ပါဘူး။

ဝုဗ်အသင်းမှာ ဂျင်မီနက်နဲ့ ဂွျန်နီတို့က ဒဏ်ရာရနေပြီး စပါးလ်အသင်းမှာ တန်ဂန်ဂါနဲ့ လိုဆယ်ဆိုတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဝုဗ်အသင်းက အနိုင်ရဖို့ ၄၀% ရှိနေပြီး သရေဖြစ်ဖို့ ၂၀% နဲ့ စပါးလ်က အနိုင်ရဖို့ ၄၀% ရှိနေပါတယ်။

Zawgyi

ဝုဗ္ကြင္းမွာ စပါးလ္အသင္းက တစ္ဂိုးအသာေလာက္နဲ႔ အနိုင္ယူသြားနိုင္တယ္

ပရီးမီးယားလိဂ္ပြဲစဥ္ ၁၅ အျဖစ္ ဝုဗ္အသင္းနဲ႔ စပါးလ္အသင္းတို႔ဟာ ဝုဗ္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၂၈-၁၂-၂၀၂၀ ရက္ တနလၤာေန႔ နံနက္ ၁း၄၅ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ ဝုဗ္အသင္းက ပရီးမီးယားလိဂ္ ၁၄ ပြဲ ကစားအၿပီး ရမွတ္ ၂၀ နဲ႔ အဆင့္ ၁၁ ေနရာမွာ ရွိေနၿပီး စပါးလ္အသင္းက ရမွတ္ ၂၅ မွတ္နဲ႔ အဆင့္ ၈ ေနရာမွာ ရွိေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
စပါးလ္ ၂ – ၃ ဝုဗ္(ပရီးမီးယားလိဂ္)
ဝုဗ္ ၁ – ၂ စပါးလ္(ပရီးမီးယားလိဂ္)
စပါးလ္ ၁ – ၃ ဝုဗ္(ပရီးမီးယားလိဂ္)
ဝုဗ္ ၂ – ၃ စပါးလ္(ပရီးမီးယားလိဂ္)
စပါးလ္ ၁ – ၁ ဝုဗ္(ပရီးမီးယားလိဂ္)
ဝုဗ္ ၀ – ၂ စပါးလ္(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး ဝုဗ္အသင္းက ႏွစ္ပြဲနိုင္ တစ္ပြဲသေရနဲ႔ သုံးပြဲရႈံးထားၿပီး စပါးလ္အသင္းက သုံးပြဲနိုင္ တစ္ပြဲသေရနဲ႔ ႏွစ္ပြဲရႈံးထားပါတယ္။ စပါးလ္အသင္းက ဝုဗ္အသင္းကြင္းမွာ ေနာက္ဆုံး သုံးႀကိမ္သြားေရာက္ခဲ့အၿပီးမွာ အနိုင္ရခဲ့ၿပီး အနည္းဆုံးသြင္းဂိုး ႏွစ္ဂိုးသြင္းယူထားနိုင္ပါတယ္။ ဝုဗ္အသင္းက စပါးလ္နဲ႔ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေလးပြဲမွာ ပ်မ္းမၽွသြင္းဂိုး ႏွစ္ဂိုးနဲ႔ ႏွစ္ဂိုးအထက္သြင္းယူ ထားနိုင္ပါတယ္။ စပါးလ္အသင္းက ပရီးမီးယားလိဂ္ေနာက္ဆုံး ခုနစ္ပြဲကစားအၿပီး ေျခာက္ပြဲမွာ ပ်မ္းမၽွသြင္းဂိုး ႏွစ္ဂိုးနဲ႔ ႏွစ္ဂိုးေအာက္သာ သြင္းယူထားနိုင္ပါတယ္။ ဝုဗ္အသင္းက ပရီးမီးယားလိဂ္ ေနာက္ဆုံးေလးပြဲမွာ သုံးပြဲရႈံး ထားၿပီး တစ္ပြဲသာ အနိုင္ရခဲ့ပါတယ္။ စပါးလ္အသင္းက ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္ အေဝးကြင္းပြဲ ေလးပြဲ အနိုင္ရခဲ့ေပမဲ့ ေနာက္ဆုံးကစားခဲ့တဲ့ သုံးပြဲမွာ အနိုင္ရရွိျခင္း မရွိခဲ့ပါဘူး။
ဝုဗ္အသင္းမွာ ဂ်င္မီနက္နဲ႔ ဂြ်န္နီတို႔က ဒဏ္ရာရေနၿပီး စပါးလ္အသင္းမွာ တန္ဂန္ဂါနဲ႔ လိုဆယ္ဆိုတို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က ဝုဗ္အသင္းက အနိုင္ရဖို႔ ၄၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၂၀% နဲ႔ စပါးလ္က အနိုင္ရဖို႔ ၄၀% ရွိေနပါတယ္။