ဝုဗ်နဲ့ တွေ့တိုင်းခက်ခဲတတ်တဲ့ မန်ချက်စတာယူနိုက်တက် အိမ်ကွင်းမှာ ဂိုးမပြတ်နိုင်ဘူး

0
368

 

SBOTop Dec         ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဝုဗ်အသင်းတို့ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၃၀-၁၂-၂၀၂၀ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၂း၃၀ နာရီ ကစားသွားမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် တစ်ပွဲကျန် ၁၄ ပွဲကစားအပြီး ရမှတ် ၂၇ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရှိနေပြီး ဝုဗ်အသင်းက ၁၅ ပွဲကစားအပြီး ရမှတိ ၂၁ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

မန်ချက်စတာယူနိုက်တက် ၀ – ၀ ဝုဗ်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၁ – ၀ ဝုဗ်(အက်ဖ်အေဖလား)

ဝုဗ် ၀ – ၀ မန်ချက်စတာယူနိုက်တက်(အက်ဖ်အေဖလား)

ဝုဗ် ၁ – ၁ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

ဝုဗ် ၂ – ၁ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

ဝုဗ် ၂ – ၁ မန်ချက်စတာယူနိုက်တက်(အက်ဖ်အေဖလား)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး မန်ချက်စတာယူနိုက်တက်က သုံးပွဲနိုင်နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး ဝုဗ်အသင်းက နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ သုံးပွဲရှုံးထားပါတယ်။ မန်ချက်စတာယူနိုက်တက်က အိမ်ကွင်းမှာ ဝုဗ်အသင်းနဲ့ ပရီးမီးယားလိဂ် ကိုးပွဲတွေ့ဆုံအပြီး ရှုံးပွဲမရှိ ဖြစ်ပေါ်ထားသလို ခြောက်ပွဲနိုင် သုံးပွဲသရေ ဖြစ်ပေါ်ထားပါတယ်။ ဝုဗ်အသင်းဟာ ၂၀၁၈ ခုနှစ်က တန်းတက်လာခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်ကို အနိုင်ရရှိခြင်း မရှိသေးပါဘူး။ မန်ချက်စတာယူနိုက်တက်က ဝုဗ်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး သုံးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် နောက်ဆုံး ရှစ်ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် နောက်ဆုံး ခြောက်ပွဲကစားအပြီး ငါးပွဲမှာ သွင်းဂိုးအနည်းဆုံး နှစ်ဂိုးသွင်းယူထားနိုင်ပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် သုံးပွဲမှာ မန်ချက်စတာယူနိုက်တက်က ပေးဂိုးအနည်းဆုံး နှစ်ဂိုးပေးထားရပါတယ်။

မန်ချက်စတာယူနိုက်တက်မှာ ရိုဂျိုက ဒဏ်ရာရနေပြီး ဝုဗ်အသင်းမှာ ဂျင်မီနက်နဲ့ ဂွျန်နီတို့က ဒဏ်ရာ ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အိမ်ရှင် မန်ချက်စတာယူနိုက်တက် အနိုင်ရဖို့ ၈၅% ရှိနေပြီး သွင်းဂိုး ၂-၁ လောက် ဖြစ်ပေါ်လာနိုင်ပါတယ်။

Zawgyi


မန်ချက်စတာယူနိုက်တက်မှာ ရိုဂျိုက ဒဏ်ရာရနေပြီး ဝုဗ်အသင်းမှာ ဂျင်မီနက်နဲ့ ဂျွန်နီတို့က ဒဏ်ရာ ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။