သရေရလဒ်လောက်နဲ့ ပြီးဆုံးသွားနိုင်တဲ့ ဝက်ဟမ်းနဲ့မန်ချက်စတာယူနိုက်တက်

0
306

 

SBOTop Dec       ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ အဖြစ် ဝက်ဟမ်းအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ ဝက်ဟမ်းရဲ့ အိမ်ကွင်းပွဲအဖြစ် ၆-၁၂-၂၀၂၀ ရက် စနေနေ့ည ၁၂း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဝက်ဟမ်းအသင်းက ပရီးမီးယားလိဂ် ၁၀ ပွဲကစားအပြီး ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရှိနေပြီး မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် ၉ ပွဲကစားအပြီး ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

မန်ချက်စတာယူနိုက်တက် ၁ – ၁ ဝက်ဟမ်း(ပရီးမီးယားလိဂ်)

ဝက်ဟမ်း ၂ – ၀ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၂ – ၁ ဝက်ဟမ်း(ပရီးမီးယားလိဂ်)

ဝက်ဟမ်း ၃ – ၁ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

ဝက်ဟမ်း ၀ – ၀ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၄ – ၀ ဝက်ဟမ်း(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ဝက်ဟမ်းအသင်းက သုံးပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး မန်ချက်စတာယူနိုက်တက်က လေးပွဲနိုင် နှစ်ပွဲရှုံးထားပါတယ်။ မန်ချက်စတာယူနိုက်တက်က ဝက်ဟမ်းနဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ကြိမ်တွေ့ဆုံအပြီး သုံးပွဲအနိုင်ရထားပြီး ငါးပွဲသရေ သုံးပွဲရှုံးထား ပါတယ်။ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် အဝေးကွင်းပွဲ နောက်ဆုံး ရှစ်ပွဲဆက် အနိုင်ရထားပြီး ပရီးမီးယားလိဂ် အဝေးကွင်းပွဲ နောက်ဆုံးရှစ်ပွဲမှာ သွင်းဂိုးအနည်းဆုံး နှစ်ဂိုးသွင်းယူထားနိုင်ပါတယ်။ ဝက်ဟမ်း အသင်းက ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲအနိုင်ရထားသလို အနိုင်ရခဲ့တဲ့ သုံးပွဲမှာလည်း သွင်းဂိုး တစ်ဂိုးနှုန်း နဲ့သာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဝက်ဟမ်းအသင်းက ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံး ခုနစ်ပွဲမှာ တစ်ပွဲသာ ရှုံးထားပြီး လေးပွဲနိုင် နှစ်ပွဲသရေ ဖြစ်ထားပါတယ်။ မန်ချက်စတာယူနိုက်တက်မန်နေဂျာ ဆိုးရှားက မိုယက်စ်နဲ့ နောက်ဆုံးနှစ်ကြိမ်တွေ့ဆုံခဲ့ချိန်မှာ အနိုင်မရခဲ့ဘဲ တစ်ပွဲသရေ တစ်ပွဲရှုံးထားပါတယ်။

ဝက်ဟမ်းအသင်းမှာ ယာမိုလန်ကိုက ပါဝင်နိုင်မှာ မဟုတ်သလို အမ်တိုနီယိုက ပါဝင်နိုင်ဖို့ မသေချာပါဘူး။ မန်ချက်စတာယူနိုက်တက်အသင်းမှာ ရတ်ဖို့ဒ်နဲ့ လုရှောတို့က ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က မန်ချက်စတာယူနိုက်တက်အနေနဲ့ အဝေးကွင်းနိုင်ပွဲဆက်ဖို့ ကြိုးစားသွားနိုင်ပေမဲ့ ဝက်ဟမ်းကလည်း ရှုံးပွဲမရှိ စံချိန်ကောင်းကို ဆက်လက်ထိန်းထားနိုင်ပါတယ်။

Zawgyi

သေရရလဒ္ေလာက္နဲ႔ ၿပီးဆုံးသြားနိုင္တဲ့ ဝက္ဟမ္းနဲ႔မန္ခ်က္စတာယူနိုက္တက္

ပရီးမီးယားလိဂ္ပြဲစဥ္ ၁၁ အျဖစ္ ဝက္ဟမ္းအသင္းနဲ႔ မန္ခ်က္စတာယူနိုက္တက္အသင္းတို႔ဟာ ဝက္ဟမ္းရဲ့ အိမ္ကြင္းပြဲအျဖစ္ ၆-၁၂-၂၀၂၀ ရက္ စေနေန႔ည ၁၂း၀၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ ဝက္ဟမ္းအသင္းက ပရီးမီးယားလိဂ္ ၁၀ ပြဲကစားအၿပီး ရမွတ္ ၁၇ မွတ္နဲ႔ အဆင့္ ၅ ေနရာမွာ ရွိေနၿပီး မန္ခ်က္စတာယူနိုက္တက္က ပရီးမီးယားလိဂ္ ၉ ပြဲကစားအၿပီး ရမွတ္ ၁၆ မွတ္နဲ႔ အဆင့္ ၉ ေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
မန္ခ်က္စတာယူနိုက္တက္ ၁ – ၁ ဝက္ဟမ္း(ပရီးမီးယားလိဂ္)
ဝက္ဟမ္း ၂ – ၀ မန္ခ်က္စတာယူနိုက္တက္(ပရီးမီးယားလိဂ္)
မန္ခ်က္စတာယူနိုက္တက္ ၂ – ၁ ဝက္ဟမ္း(ပရီးမီးယားလိဂ္)
ဝက္ဟမ္း ၃ – ၁ မန္ခ်က္စတာယူနိုက္တက္(ပရီးမီးယားလိဂ္)
ဝက္ဟမ္း ၀ – ၀ မန္ခ်က္စတာယူနိုက္တက္(ပရီးမီးယားလိဂ္)
မန္ခ်က္စတာယူနိုက္တက္ ၄ – ၀ ဝက္ဟမ္း(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး ဝက္ဟမ္းအသင္းက သုံးပြဲနိုင္ ႏွစ္ပြဲသေရနဲ႔ တစ္ပြဲရႈံးထားၿပီး မန္ခ်က္စတာယူနိုက္တက္က ေလးပြဲနိုင္ ႏွစ္ပြဲရႈံးထားပါတယ္။ မန္ခ်က္စတာယူနိုက္တက္က ဝက္ဟမ္းနဲ႔ ပရီးမီးယားလိဂ္ ေနာက္ဆုံး ၁၁ ႀကိမ္ေတြ႕ဆုံအၿပီး သုံးပြဲအနိုင္ရထားၿပီး ငါးပြဲသေရ သုံးပြဲရႈံးထား ပါတယ္။ မန္ခ်က္စတာယူနိုက္တက္က ပရီးမီးယားလိဂ္ အေဝးကြင္းပြဲ ေနာက္ဆုံး ရွစ္ပြဲဆက္ အနိုင္ရထားၿပီး ပရီးမီးယားလိဂ္ အေဝးကြင္းပြဲ ေနာက္ဆုံးရွစ္ပြဲမွာ သြင္းဂိုးအနည္းဆုံး ႏွစ္ဂိုးသြင္းယူထားနိုင္ပါတယ္။ ဝက္ဟမ္း အသင္းက ပရီးမီးယားလိဂ္ ေနာက္ဆုံးသုံးပြဲအနိုင္ရထားသလို အနိုင္ရခဲ့တဲ့ သုံးပြဲမွာလည္း သြင္းဂိုး တစ္ဂိုးႏႈန္း နဲ႔သာ အနိုင္ရခဲ့တာ ျဖစ္ပါတယ္။ ဝက္ဟမ္းအသင္းက ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲ ေနာက္ဆုံး ခုနစ္ပြဲမွာ တစ္ပြဲသာ ရႈံးထားၿပီး ေလးပြဲနိုင္ ႏွစ္ပြဲသေရ ျဖစ္ထားပါတယ္။ မန္ခ်က္စတာယူနိုက္တက္မန္ေနဂ်ာ ဆိုးရွားက မိုယက္စ္နဲ႔ ေနာက္ဆုံးႏွစ္ႀကိမ္ေတြ႕ဆုံခဲ့ခ်ိန္မွာ အနိုင္မရခဲ့ဘဲ တစ္ပြဲသေရ တစ္ပြဲရႈံးထားပါတယ္။
ဝက္ဟမ္းအသင္းမွာ ယာမိုလန္ကိုက ပါဝင္နိုင္မွာ မဟုတ္သလို အမ္တိုနီယိုက ပါဝင္နိုင္ဖို႔ မေသခ်ာပါဘူး။ မန္ခ်က္စတာယူနိုက္တက္အသင္းမွာ ရတ္ဖို႔ဒ္နဲ႔ လုေရွာတို႔က ပါဝင္နိုင္ဖို႔ မေသခ်ာပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က မန္ခ်က္စတာယူနိုက္တက္အေနနဲ႔ အေဝးကြင္းနိုင္ပြဲဆက္ဖို႔ ႀကိဳးစားသြားနိုင္ေပမဲ့ ဝက္ဟမ္းကလည္း ရႈံးပြဲမရွိ စံခ်ိန္ေကာင္းကို ဆက္လက္ထိန္းထားနိုင္ပါတယ္။