အနိုင်ရဖို့ ရာခိုင်နှုန်း ၅၀ စီရှိနေကြတဲ့ အာဆင်နယ်နဲ့ ရာပစ် ဗီအမ်နာ

0
348

 

ezgif-7-cbfa92492bb7-2            ယူရိုပါလိဂ်အုပ်စု(B)ရဲ့ အုပ်စုပွဲစဉ် ၅ အဖြစ် အာဆင်နယ်အသင်းနဲ့ ရာပစ် ဗီအမ်နာအသင်းတို့ဟာ အာဆင်နယ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၄-၁၂-၂၀၂၀ ရက် သောကြာနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ယူရိုပါလိဂ် ၄ ပွဲကစားအပြီး ရမှတ် ၁၂ မှတ်နဲ့ အုပ်စုပထမနေရာမှာ ရှိနေပြီး ရာပစ် ဗီအမ်နာအသင်းက ရမှတ် ၆ မှတ်နဲ့ အုပ်စုဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုအနေနဲ့ ယခုနှစ် ယူရိုပါလိဂ်ပွဲ ပထမအကျော့မှာ အာဆင်နယ်က ရာပစ် ဗီအမ်နာကွင်းမှာ ၁-၂ နဲ့ အနိုင်ထားပါတယ်။ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခြောက်ပွဲကစားအပြီး သုံးပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပြီး ရာပစ် ဗီအမ်နာအသင်းက သုံးပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။

အာဆင်နယ်အသင်းက ယူရိုပါလိဂ် နောက်ဆုံး ၁၅ ပွဲကစားအပြီး ၁၂ ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုး အထက်သွင်းယူထားနိုင်ပါတယ်။ အာဆင်နယ်က ယူရိုပါလိဂ်နောက်ဆုံး လေးပွဲဆက် အနိုင်ရထားပြီး ယူရိုပါလိဂ် နောက်ဆုံးသုံးပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ ရာပစ် ဗီအမ်နာအသင်းက တတိယနေရာက မိုလ်ဒီအသင်းနဲ့ ရမှတ် ၆ မှတ်တူနေလို့ အာဆင်နယ်ကွင်းမှာ ရမှတ်ရယူနိုင်အောင် ကြိုးစားသွား နိုင်ပါတယ်။

အာဆင်နယ်အသင်းမှာ မာတင်နယ်လီနဲ့ ပါတေးတို့က ဒဏ်ရာရနေပြီး အိုဇေး၊ ဆိုကရာတစ်၊ ဆယ်လီဘာနဲ့ ဒေးဗစ်လုဗ်တို့က ပါဝင်မှာ မဟုတ်ပါဘူး။ ရာပစ် ဗီအမ်နာအသင်းမှာ အက်ဇာတို၊ ဒီဘွန်၊ စချိုဘက်ဘာဂါ၊ ဗီလီမီရိုဗစ်၊ လူဗစ်ဆစ်နဲ့ ပက်ထရိုဗစ်တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အာဆင်နယ်အသင်းက အနိုင်ရဖို့ ၅၀% ရှိနေသလို ရာပစ် ဗီအမ်နာအသင်းက အနိုင်ရဖို့ ၅၀% ရှိနေပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ ရလဒ်ပိုင်းကျဆင်းနေတဲ့ အာဆင်နယ်က အိမ်ကွင်းမှာ အရှုံးခံကစားသွားမှာတော့ မဟုတ်လို့ အာဆင်နယ်က ၂-၀ နဲ့ အနိုင်ရသွားနိုင်ပါ တယ်။

Zawgyi

အနိုင္ရဖို႔ ရာခိုင္ႏႈန္း ၅၀ စီရွိေနၾကတဲ့ အာဆင္နယ္နဲ႔ ရာပစ္ ဗီအမ္နာ

ယူရိုပါလိဂ္အုပ္စု(B)ရဲ့ အုပ္စုပြဲစဥ္ ၅ အျဖစ္ အာဆင္နယ္အသင္းနဲ႔ ရာပစ္ ဗီအမ္နာအသင္းတို႔ဟာ အာဆင္နယ္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၄-၁၂-၂၀၂၀ ရက္ ေသာၾကာေန႔ နံနက္ ၂း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းက ယူရိုပါလိဂ္ ၄ ပြဲကစားအၿပီး ရမွတ္ ၁၂ မွတ္နဲ႔ အုပ္စုပထမေနရာမွာ ရွိေနၿပီး ရာပစ္ ဗီအမ္နာအသင္းက ရမွတ္ ၆ မွတ္နဲ႔ အုပ္စုဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈအေနနဲ႔ ယခုႏွစ္ ယူရိုပါလိဂ္ပြဲ ပထမအေက်ာ့မွာ အာဆင္နယ္က ရာပစ္ ဗီအမ္နာကြင္းမွာ ၁-၂ နဲ႔ အနိုင္ထားပါတယ္။ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ေျခာက္ပြဲကစားအၿပီး သုံးပြဲနိုင္ တစ္ပြဲသေရနဲ႔ ႏွစ္ပြဲရႈံးထားၿပီး ရာပစ္ ဗီအမ္နာအသင္းက သုံးပြဲနိုင္ ႏွစ္ပြဲသေရနဲ႔ တစ္ပြဲရႈံးထားပါတယ္။
အာဆင္နယ္အသင္းက ယူရိုပါလိဂ္ ေနာက္ဆုံး ၁၅ ပြဲကစားအၿပီး ၁၂ ပြဲမွာ ပ်မ္းမၽွသြင္းဂိုး ႏွစ္ဂိုးနဲ႔ ႏွစ္ဂိုး အထက္သြင္းယူထားနိုင္ပါတယ္။ အာဆင္နယ္က ယူရိုပါလိဂ္ေနာက္ဆုံး ေလးပြဲဆက္ အနိုင္ရထားၿပီး ယူရိုပါလိဂ္ ေနာက္ဆုံးသုံးပြဲမွာ အနည္းဆုံးသြင္းဂိုး ႏွစ္ဂိုး သြင္းယူထားနိုင္ပါတယ္။ ရာပစ္ ဗီအမ္နာအသင္းက တတိယေနရာက မိုလ္ဒီအသင္းနဲ႔ ရမွတ္ ၆ မွတ္တူေနလို႔ အာဆင္နယ္ကြင္းမွာ ရမွတ္ရယူနိုင္ေအာင္ ႀကိဳးစားသြား နိုင္ပါတယ္။
အာဆင္နယ္အသင္းမွာ မာတင္နယ္လီနဲ႔ ပါေတးတို႔က ဒဏ္ရာရေနၿပီး အိုေဇး၊ ဆိုကရာတစ္၊ ဆယ္လီဘာနဲ႔ ေဒးဗစ္လုဗ္တို႔က ပါဝင္မွာ မဟုတ္ပါဘူး။ ရာပစ္ ဗီအမ္နာအသင္းမွာ အက္ဇာတို၊ ဒီဘြန္၊ စခ်ိဳဘက္ဘာဂါ၊ ဗီလီမီရိုဗစ္၊ လူဗစ္ဆစ္နဲ႔ ပက္ထရိုဗစ္တို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က အာဆင္နယ္အသင္းက အနိုင္ရဖို႔ ၅၀% ရွိေနသလို ရာပစ္ ဗီအမ္နာအသင္းက အနိုင္ရဖို႔ ၅၀% ရွိေနပါတယ္။ ဒါေပမဲ့ ပရီးမီးယားလိဂ္မွာ ရလဒ္ပိုင္းက်ဆင္းေနတဲ့ အာဆင္နယ္က အိမ္ကြင္းမွာ အရႈံးခံကစားသြားမွာေတာ့ မဟုတ္လို႔ အာဆင္နယ္က ၂-၀ နဲ႔ အနိုင္ရသြားနိုင္ပါ တယ္။