အမ်ဖီးလ်ကွင်းမှာ စပါးလ်တို့ ရမှတ်ခွဲယူသွားနိုင်တယ်

0
325

 

ezgif-7-cbfa92492bb7-2        ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ ရဲ့ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ စပါးလ်အသင်းတို့ဟာ လီဗာပူးလ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၇-၁၂-၂၀၂၀ ရက် ကြာသပတေးနေ့နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ လီဗာပူးလ်က ပရီးမီးယားလိဂ် ၁၂ ပွဲကစားအပြီး ရမှတ် ၂၅ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပြီး စပါးလ်ကလည်း ရမှတ် ၂၅ မှတ်ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အမှတ်ပေးဇယား ထိပ်မှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

စပါးလ် ၀ – ၁ လီဗာပူးလ်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၂ – ၁ စပါးလ်(ပရီးမီးယားလိဂ်)

စပါးလ် ၀ – ၂ လီဗာပူးလ်(ချန်ပီယံလိဂ်)

လီဗာပူးလ် ၂ – ၁ စပါးလ်(ပရီးမီးယားလိဂ်)

စပါးလ် ၁ – ၂ လီဗာပူးလ်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၂ – ၂ စပါးလ်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး လီဗာပူးလ်က နှစ်ပွဲနိုင် သုံးပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး စပါးလ်က သုံးပွဲနိုင် သုံးပွဲသရေ ဖြစ်ထားပါတယ်။ လီဗာပူးလ်အသင်းက စပါးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ၁၅ ပွဲ တွေ့ဆုံအပြီးမှာ တစ်ပွဲသာ ရှုံးထားပြီး ၁၀ ပွဲနိုင် လေးပွဲသရေ ဖြစ်ထားပါတယ်။ စပါးလ်အသင်းက လီဗာပူးလ် ကွင်းမှာ ၂၀၁၁ မေလက ကစားခဲ့တဲ့ပွဲတစ်ပွဲသာ အနိုင်ရခဲ့ပြီး ၂၆ ပွဲ အနိုင်ရရှိခြင်း မရှိခဲ့ပါဘူး။ လီဗာပူးလ် အသင်းက ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံး ၄၄ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ လီဗာပူးလ်က ပရီးမီယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံး ခုနစ်ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ စပါးလ် အသင်းက ပရီးမီးယားလိဂ် နောက်ဆုံး ၁၁ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ လီဗာပူးလ်က စပါးလ်အသင်းနဲ့ ပြိုင်ပွဲအရပ်ရပ် တွေ့ဆုံခဲ့တဲ့ အိမ်ကွင်းပွဲ နောက်ဆုံး ကိုးပွဲကစားအပြီး ရှစ်ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုးသွင်းယူ ထားနိုင်ပါတယ်။ စပါးလ်အသင်းရဲ့ သွင်းဂိုး ၂၄ ဂိုးမှာ ဆွန်ဟောင်မင်က ၁၀ ဂိုးနဲ့ ဟာရီကိန်းက ကိုးဂိုးသွင်းယူထားပါတယ်။ စပါးလ်တိုက်စစ်မှူး ဟာရီကိန်းက အန်ဖီးလ်ကွင်းမှာ လေးဂိုး သွင်းယူထားနိုင်ပေမဲ့ နိုင်ပွဲတစ်ပွဲအဖြစ် အဆုံးမသတ်နိုင်ခဲ့ဘဲ နှစ်ပွဲသရေ နှစ်ပွဲရှုံးခဲ့ပါတယ်။ စပါးလ်က ယခုနှစ် ဘောလုံးရာသီရဲ့ အဝေးကွင်းပွဲစဉ် ခြောက်ပွဲမှာ ရှုံးပွဲမရှိခဲ့ဘဲ လေးပွဲနိုင် နှစ်ပွဲသရေ ဖြစ်ထားပါတယ်။

လီဗာပူးလ်အသင်းမှာ ဂိုမက်ဇ်၊ ဗန်ဒိုက်၊ တာစီမီးကက်၊ သီယာဂို၊ ရှာကွီရီ၊ မီနာနဲ့ ဂျိုတာ တို့က ဒဏ်ရာရနေပြီး စပါးလ်အသင်းမှာ လာမီလာနဲ့ တန်ဂန်ဂါတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က စပါးလ်အသင်းက အနိုင်ရဖို့ ၄၀% ရှိနေပြီး သရေဖြစ်ဖို့ ၃၀%နဲ့ လီဗာပူးလ်အနိုင်ရဖို့ ၃၀% ရှိနေပါတယ်။

Zawgyi

အမ္ဖီးလ္ကြင္းမွာ စပါးလ္တို႔ ရမွတ္ခြဲယူသြားနိုင္တယ္

ပရီးမီးယားလိဂ္ပြဲစဥ္ ၁၃ ရဲ့ အေကာင္းဆုံးပြဲစဥ္တစ္ပြဲျဖစ္တဲ့ လီဗာပူးလ္အသင္းနဲ႔ စပါးလ္အသင္းတို႔ဟာ လီဗာပူးလ္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၁၇-၁၂-၂၀၂၀ ရက္ ၾကာသပေတးေန႔နံနက္ ၂း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ လီဗာပူးလ္က ပရီးမီးယားလိဂ္ ၁၂ ပြဲကစားအၿပီး ရမွတ္ ၂၅ မွတ္နဲ႔ ဒုတိယေနရာမွာ ရွိေနၿပီး စပါးလ္ကလည္း ရမွတ္ ၂၅ မွတ္ရမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ အမွတ္ေပးဇယား ထိပ္မွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
စပါးလ္ ၀ – ၁ လီဗာပူးလ္(ပရီးမီးယားလိဂ္)
လီဗာပူးလ္ ၂ – ၁ စပါးလ္(ပရီးမီးယားလိဂ္)
စပါးလ္ ၀ – ၂ လီဗာပူးလ္(ခ်န္ပီယံလိဂ္)
လီဗာပူးလ္ ၂ – ၁ စပါးလ္(ပရီးမီးယားလိဂ္)
စပါးလ္ ၁ – ၂ လီဗာပူးလ္(ပရီးမီးယားလိဂ္)
လီဗာပူးလ္ ၂ – ၂ စပါးလ္(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး လီဗာပူးလ္က ႏွစ္ပြဲနိုင္ သုံးပြဲသေရနဲ႔ တစ္ပြဲရႈံးထားၿပီး စပါးလ္က သုံးပြဲနိုင္ သုံးပြဲသေရ ျဖစ္ထားပါတယ္။ လီဗာပူးလ္အသင္းက စပါးလ္အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲ ၁၅ ပြဲ ေတြ႕ဆုံအၿပီးမွာ တစ္ပြဲသာ ရႈံးထားၿပီး ၁၀ ပြဲနိုင္ ေလးပြဲသေရ ျဖစ္ထားပါတယ္။ စပါးလ္အသင္းက လီဗာပူးလ္ ကြင္းမွာ ၂၀၁၁ ေမလက ကစားခဲ့တဲ့ပြဲတစ္ပြဲသာ အနိုင္ရခဲ့ၿပီး ၂၆ ပြဲ အနိုင္ရရွိျခင္း မရွိခဲ့ပါဘူး။ လီဗာပူးလ္ အသင္းက ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲ ေနာက္ဆုံး ၄၄ ပြဲဆက္ ရႈံးပြဲမရွိ ျဖစ္ေပၚထားပါတယ္။ လီဗာပူးလ္က ပရီးမီယားလိဂ္ အိမ္ကြင္းပြဲ ေနာက္ဆုံး ခုနစ္ပြဲမွာ အနည္းဆုံးသြင္းဂိုး ႏွစ္ဂိုး သြင္းယူထားနိုင္ပါတယ္။ စပါးလ္ အသင္းက ပရီးမီးယားလိဂ္ ေနာက္ဆုံး ၁၁ ပြဲဆက္ ရႈံးပြဲမရွိ ျဖစ္ေပၚထားပါတယ္။ လီဗာပူးလ္က စပါးလ္အသင္းနဲ႔ ၿပိဳင္ပြဲအရပ္ရပ္ ေတြ႕ဆုံခဲ့တဲ့ အိမ္ကြင္းပြဲ ေနာက္ဆုံး ကိုးပြဲကစားအၿပီး ရွစ္ပြဲမွာ အနည္းဆုံးသြင္းဂိုး ႏွစ္ဂိုးသြင္းယူ ထားနိုင္ပါတယ္။ စပါးလ္အသင္းရဲ့ သြင္းဂိုး ၂၄ ဂိုးမွာ ဆြန္ေဟာင္မင္က ၁၀ ဂိုးနဲ႔ ဟာရီကိန္းက ကိုးဂိုးသြင္းယူထားပါတယ္။ စပါးလ္တိုက္စစ္မႉး ဟာရီကိန္းက အန္ဖီးလ္ကြင္းမွာ ေလးဂိုး သြင္းယူထားနိုင္ေပမဲ့ နိုင္ပြဲတစ္ပြဲအျဖစ္ အဆုံးမသတ္နိုင္ခဲ့ဘဲ ႏွစ္ပြဲသေရ ႏွစ္ပြဲရႈံးခဲ့ပါတယ္။ စပါးလ္က ယခုႏွစ္ ေဘာလုံးရာသီရဲ့ အေဝးကြင္းပြဲစဥ္ ေျခာက္ပြဲမွာ ရႈံးပြဲမရွိခဲ့ဘဲ ေလးပြဲနိုင္ ႏွစ္ပြဲသေရ ျဖစ္ထားပါတယ္။
လီဗာပူးလ္အသင္းမွာ ဂိုမက္ဇ္၊ ဗန္ဒိုက္၊ တာစီမီးကက္၊ သီယာဂို၊ ရွာကြီရီ၊ မီနာနဲ႔ ဂ်ိဳတာ တို႔က ဒဏ္ရာရေနၿပီး စပါးလ္အသင္းမွာ လာမီလာနဲ႔ တန္ဂန္ဂါတို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က စပါးလ္အသင္းက အနိုင္ရဖို႔ ၄၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၃၀%နဲ႔ လီဗာပူးလ္အနိုင္ရဖို႔ ၃၀% ရွိေနပါတယ္။