အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အက်သလက်တီကိုက ရီးရဲလ်ကွင်းမှာ သရေရမှတ်ဖြစ်အောင် ကစားသွားမှာပါ

0
280

SBOTop Dec

 

လာလီဂါပွဲစဉ် ပွဲစဉ် ၁၃ အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ဟာ ရီးရဲလ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၃-၁၂-၂၀၂၀ ရက် တနင်္ဂနွေနေ့နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်က လာလီဂါ ၁၁ ပွဲကစားအပြီး ရမှတ် ၂၀ နဲ့ အဆင့် လေးနေရာမှာ ရှိနေပြီး အက်သလက်တီကို မက်ဒရစ်အသင်းက ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး ခြောက်ကြိမ်

ရီးရဲလ်မက်ဒရစ် ၁ – ၀ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

ရီးရဲလ်မက်ဒရစ် ၀ – ၀ အက်သလက်တီကိုမက်ဒရစ်(စပိန်စူပါဖလား)

အက်သလက်တီကိုမက်ဒရစ် ၀ – ၀ ရီးရဲလ်မက်ဒရစ်(လာလီဂါ)

ရီးရဲလ်မက်ဒရစ် ၃ – ၇ အက်သလက်တီကိုမက်ဒရစ်(အင်တာနေရှင်နယ် ချန်ပီယံဖလား)

အက်သလက်တီကိုမက်ဒရစ် ၁ – ၃ ရီးရဲလ်မက်ဒရစ်(လာလီဂါ)

ရီးရဲလ်မက်ဒရစ် ၀ – ၀ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ရီးရဲလ်မက်ဒရစ်အသင်းက သုံးပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပြီး အက်သလက်တီကိုမက်ဒရစ်က လေးပွဲနိုင် နှစ်ပွဲသရေ ဖြစ်ထားပါတယ်။ အက်သလက်တီကို မက်ဒရစ်က လာလီဂါ နောက်ဆုံး ၂၆ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ အက်သလက်တီကိုက လာလီဂါ နောက်ဆုံး ကိုးပွဲကစားအပြီး ရှစ်ပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ ရီးရဲလ်မက်ဒရစ်က အက်သလက်တီကိုနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး သုံးပွဲမှာ ပေးဂိုး မရှိဖြစ်ပေါ်ထားသလို သွင်းဂိုး နှစ်ဂိုးအောက်သာ သွင်းယူထားနိုင်ပါတယ်။ အက်သလက်တီကိုမက်ဒရစ် ယခုနှစ် ဘောလုံးရာသီမှာ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားသလို ခံစစ်ပိုင်းကလည်း အကောင်းဆုံးနေရာမှာ ရှိနေပြီး ပေးဂိုး နှစ်ဂိုးသာ ရှိခဲ့ပြီး သွင်းဂိုး ၂၁ ဂိုးသွင်းယူထားနိုင်ပါ တယ်။ ရီးရဲလ်မက်ဒရစ်က ၁၁ ပွဲကစားအပြီးမှာ သွင်းဂိုး ၁၇ ဂိုးမှာ ပေးဂိုးက ၁၂ အထိ ဖြစ်ပေါ်ထားပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ ဗယ်ဗာဒီ၊ ဟာဇက်နဲ့ လူကာ ဂျိုဗစ်တို့က ဒဏ်ရာရနေပြီး အက်သလက်တီကို မက်ဒရစ်အသင်းမှာ ကော်စတာနဲ့ ဂျင်မီနက်ဇ်တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ရီးရဲလ်မက်ဒရစ်က အနိုင်ရဖို့ ၃၀% ရှိနေပြီး သရေဖြစ်ဖို့ ၄၀%နဲ့ အက်သလက်တီကိုမက်ဒရစ် အနိုင်ရဖို့ ၃၀% ရှိနေပါတယ်။

Zawgyi

