အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်ခွင့်ရဖို့အတွက် အိမ်ကွင်းမှာ အက်သလက်တီကိူမက်ဒရစ် ရမှတ်အပြည့်ယူသွားမှာပါ

0
208

 

SBOTop Dec            လာလီဂါပွဲစဉ် ၁၂ အဖြစ် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ဗယ်လာဒိုလိဒ်အသင်းတို့ဟာ အက်သလက်တီကိုရဲ့ အိမ်ကွင်းပွဲအဖြစ် ၆-၁၂-၂၀၂၀ ရက် စနေနေ့ည ၁၂း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းက လာလီဂါ ၉ ပွဲကစားအပြီး ရမှတ် ၂၃ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရှိနေပြီး ဗယ်လာဒိုလိဒ်အသင်းက လာလီဂါ ၁၁ ပွဲကစားအပြီး ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၁၈ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

အက်သလက်တီကိုမက်ဒရစ် ၁ – ၀ ဗယ်လာဒိုလိဒ်(လာလီဂါ)

ဗယ်လာဒိုလိဒ် ၀ – ၀ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

အက်သလက်တီကိုမက်ဒရစ် ၁ – ၀ ဗယ်လာဒိုလိဒ်(လာလီဂါ)

ဗယ်လာဒိုလိဒ် ၂ – ၃ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

အက်သလက်တီကိုမက်ဒရစ် ၃ – ၀ ဗယ်လာဒိုလိဒ်(လာလီဂါ)

ဗယ်လာဒိုလိဒ် ၀ – ၂ အက်သလက်တီကိုမက်ဒရစ်(လာလီဂါ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး အက်သလက်တီကိုမက်ဒရစ်အသင်းက သုံးပွဲနိုင် သုံးပွဲသရေဖြစ်ထားပြီး ဗယ်လာဒိုလိဒ်အသင်းက နှစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။ အက်သလက်တီကို မက်ဒရစ်အသင်းက လာလီဂါ နောက်ဆုံး ၂၅ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပြီး ဗယ်လာဒိုလိဒ်အသင်းနဲ့ အိမ်ကွင်းမှာ နောက်ဆုံး ၁၁ ကြိမ်တွေ့ဆုံအပြီး အက်သလက်တီကိုမက်ဒရစ်က ကိုးပွဲ အနိုင်ရထားပါတယ်။ အက်သလက်တီကိုမက်ဒရစ်က လာလီဂါ နောက်ဆုံး ရှစ်ပွဲကစားအပြီး ခုနစ်ပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းက ဗယ်လာဒိုလိဒ်အသင်းနဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခုနစ်ပွဲတွေ့ဆုံအပြီး ခြောက်ပွဲမှာ ပေဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ အက်သလက်တီကိုမက်ဒရစ်က ဗယ်လာဒိုလိဒ်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးသုံးပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးအောက်သာ သွင်းယူနိုင်ခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ဗာဆာဂျီကို၊ ကော်စတာနဲ့ ဂျင်မီနက်ဇ်တို့က ဒဏ်ရာရနေပြီး ဗယ်လာဒိုလိဒ်အသင်းမှာ အိုလီဗက်က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အက်သလက်တီကိုမက်ဒရစ်က အိမ်ကွင်းမှာ အနိုင်ရဖို့ ရာနှုန်းပြည့်ရှိနေပြီး သွင်းဂိုး ၂-၁ လောက် ဖြစ်ပေါ်လာနိုင်ပါတယ်။ အက်သလက်တီကိုက အိမ်ကွင်းမှာ ရမှတ် အပြည့်ရခဲ့ရင် ၂၆ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်သွားဖို့ အခွင့်အရေးရှိနေပါတယ်။

Zawgyi

အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်ခွင့်ရဖို့အတွက် အိမ်ကွင်းမှာ အက်သလက်တီကိုမက်ဒရစ် ရမှတ်အပြည့်ယူသွားမှာပါ
