အဝေးကွင်းမှာ အေစီမီလန်ကပဲ အောင်ပွဲခံသွားမှာပါ
0
311
SBOTop Dec      ယူရိုပါလိဂ်အုပ်စု(H) ရဲ့ အုပ်စုပွဲစဉ် ၆ အဖြစ် စပါတာ ပါရာဂူအသင်းနဲ့ အေစီမီလန်အသင်းတို့ဟာ စပါတာ ပါရာဂူရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၁-၁၂-၂၀၂၀ ရက် သောကြာနေ့နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ စပါတာ ပါရာဂူအသင်းက အုပ်စုပွဲ ၅ ပွဲကစားအပြီး ရမှတ် ၆ မှတ်နဲ့ အုပ်စု တတိယနေရာမှြ ရှိနေပြီး အေစီမီလန်က ရမှတ် ၁၀ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး သုံးကြိမ်
အေစီမီလန် ၃ – ၀ စပါတာ ပါရာဂူ(ယူရိုပါလိဂ်)
အေစီမီလန် ၄ – ၀ စပါတာ ပါရာဂူ(ချန်ပီယံလိဂ်)
စပါတာ ပါရာဂူ ၀ – ၀ အေစီမီလန်(ချန်ပီယံလိဂ်)
ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး စပါတာ ပါရာဂူအသင်းက နှစ်ပွဲနိုင် လေးပွဲရှုံးထားပြီး အေစီမီလန်က လေးပွဲနိုင် နှစ်ပွဲသရေ ဖြစ်ထားပါတယ်။ စပါတာ ပါရာဂူအသင်းက ယူရိုပါလိဂ် နောက်ဆုံး ရှစ်ပွဲ ကစားအပြီးမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက် သွင်းယူထားနိုင်ပါတယ်။ အေစီမီလန်က စပါတာ ပါရာဂူ အသင်းနဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး သုံးပွဲတွေ့ဆုံအပြီးမှာ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားသလို ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါ တယ်။
စပါတာ ပါရာဂူအသင်းမှာ ဒဏ်ရာရ ပွဲပယ်ကစားသမား ရှစ်ဦးအထိ ရှိနေပြီး အေစီမီလန်အသင်းမှာ အီဗရာဟင်မိုဗစ်၊ မူဆာချီယိုနဲ့ လီအာတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အေစီမီလန်က အဝေးကွင်းမှာ အနိုင်ရဖို့ ၇၅% ရှိနေပြီး သွင်းဂိုး ၂-၁ လောက် ဖြစ်ပေါ်လာနိုင်ပါတယ်။
Zawgyi