အသင်းကနေ ထွက်ခွာသွားဖို့ အစီအစဉ်မရှိဘဲ အသင်းကို ဆက်လက်ထောက်ပံ့ပေးသွားဖို့ပဲ ရှိတယ်လို့ အာတီတာ ပြောကြား

0
202

 

ezgif-7-cbfa92492bb7-2          လက်ရှိကာလ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ ရလဒ်ပိုင်း ကျဆင်းနေတဲ့ အာဆင်နယ်အသင်း မန်နေဂျာ အာတီတာကတော့ ၎င်းအနေနဲ့ အသင်းကနေ ထွက်ခွာဖို့ အစီအစဉ်မရှိဘဲ အသင်းကို ဆက်လက် ထောက်ပံ့ပေးသွားဖို့ပဲ ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။

အာတီတာက “ လက်ရှိအနေအထားတွေက နှစ်သက်စရာမဖြစ်ပေမဲ့ ကွျန်တော်ကတော့ ဒီအကြောင်း တွေ တွေးတောမနေပါဘူး။ ပြီးခဲ့တဲ့ ရလဒ်ဆိုးတွေကို စဉ်းစားမိတယ်ဆိုရင် နောက်ထပ် ဒီလိုမျိုး ကွျန်တော် မပြုလုပ်နိုင်ဖို့ပဲ ဖြစ်ရပါလိမ့်မယ်။ ဒီကာလမှာတော့ ကွျန်တော်ကတော့ အကောင်းဆုံးနည်းလမ်းကောင်းတွေကို ပြုလုပ်သွားနိုင်ဖို့ ရှိနေပါတယ် ” လို့ ပြောပါတယ်။

အာဆင်နယ်အသင်းဟာ အင်္ဂါနေ့ညမှာ မန်စီးတီးအသင်းနဲ့ ခါလာဘောင်းဖလား ကွာတားဖိုင်နယ် ပွဲစဉ် ကစားသွားဖို့ ရှိနေပါတယ်။

ဆက်လက်ပြီး ၎င်းက “ ကွျန်တော်တို့မှာ များစွာသောခက်ခဲမှုတွေကို စဉ်းစားခဲ့တာတွေ ရှိခဲ့ပါတယ်။ နောက်ဆုံး ကွျန်တော်တို့ စဉ်းစားခဲ့တာက လာမဲ့လအနည်းငယ်အတွင်းမှာ ပြဿနာတွေများစွာ ဖြစ်လာမှာ ဆိုတာလည်း ပါပါတယ်။ ကွျန်တော့်ရဲ့ စိတ်ထဲမှာတော့ ဒီအဆင့်တွေ ရှိမနေပါဘူး။ တာဝန်ယူမှု တာဝန်ခံမှုဆိုတာ ကွျန်တော် သိပါတယ်။ ဒီအရာတွေကလည်း ဘာကြောင့် ကွျန်တော်ရှိနေတယ်ဆိုတာလည်း ဖြစ်တယ်။ ပုံမှန်အားဖြင့်တော့ လူတွေမှာ အမျိုးအစားနှစ်ခုပဲ တိုက်ခိုက်တွန်းလှန်ခြင်းနဲ့ အတိဒုက္ခရောက်နေခြင်း ဆိုတာပါပဲ။ မင်းက တိုက်ခိုက်ဖို့ ဆိုရင်တော့ လူတွေ လိုအပ်တယ်။ ဒီလူတွေကလည်း အရာတိုင်းကို ထောက်ပံ့ပေးဖို့ အဆင်သင့်ဖြစ်နေရမှာ ဖြစ်ပြီး အသင်းအတွက် အရာတိုင်းကို ပေးစွမ်းသွားနိုင်ရပါမယ် ” လို့ ပြောပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ၁၄ ပွဲကစားအပြီး နိုင်ပွဲ လေးပွဲသာ ရရှိထားပြီး ရှစ်ပွဲအထိ ရှုံးထားသလို နောက်ဆုံး ခုနစ်ပွဲဆက် နိုင်ပွဲရရှိခြင်း မရှိခဲ့ဘဲ သွင်းဂိုး သုံးဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာ ရှိနေပြီး တန်းဆင်းဇုံထဲက ဘန်လေအသင်းနဲ့ ရမှတ် လေးမှတ်သာ ကွာဟနေပါတယ်။

Zawgyi

အသင္းကေန ထြက္ခြာသြားဖို႔ အစီအစဥ္မရွိဘဲ အသင္းကို ဆက္လက္ေထာက္ပံ့ေပးသြားဖို႔ပဲ ရွိတယ္လို႔ အာတီတာ ေျပာၾကား

လက္ရွိကာလ ပရီးမီးယားလိဂ္ၿပိဳင္ပြဲေတြမွာ ရလဒ္ပိုင္း က်ဆင္းေနတဲ့ အာဆင္နယ္အသင္း မန္ေနဂ်ာ အာတီတာကေတာ့ ၎အေနနဲ႔ အသင္းကေန ထြက္ခြာဖို႔ အစီအစဥ္မရွိဘဲ အသင္းကို ဆက္လက္ ေထာက္ပံ့ေပးသြားဖို႔ပဲ ရွိတယ္လို႔ ေျပာဆိုလိုက္ပါတယ္။
အာတီတာက “ လက္ရွိအေနအထားေတြက ႏွစ္သက္စရာမျဖစ္ေပမဲ့ ကြ်န္ေတာ္ကေတာ့ ဒီအေၾကာင္း ေတြ ေတြးေတာမေနပါဘူး။ ၿပီးခဲ့တဲ့ ရလဒ္ဆိုးေတြကို စဥ္းစားမိတယ္ဆိုရင္ ေနာက္ထပ္ ဒီလိုမ်ိဳး ကြ်န္ေတာ္ မျပဳလုပ္နိုင္ဖို႔ပဲ ျဖစ္ရပါလိမ့္မယ္။ ဒီကာလမွာေတာ့ ကြ်န္ေတာ္ကေတာ့ အေကာင္းဆုံးနည္းလမ္းေကာင္းေတြကို ျပဳလုပ္သြားနိုင္ဖို႔ ရွိေနပါတယ္ ” လို႔ ေျပာပါတယ္။
အာဆင္နယ္အသင္းဟာ အဂၤါေန႔ညမွာ မန္စီးတီးအသင္းနဲ႔ ခါလာေဘာင္းဖလား ကြာတားဖိုင္နယ္ ပြဲစဥ္ ကစားသြားဖို႔ ရွိေနပါတယ္။
ဆက္လက္ၿပီး ၎က “ ကြ်န္ေတာ္တို႔မွာ မ်ားစြာေသာခက္ခဲမႈေတြကို စဥ္းစားခဲ့တာေတြ ရွိခဲ့ပါတယ္။ ေနာက္ဆုံး ကြ်န္ေတာ္တို႔ စဥ္းစားခဲ့တာက လာမဲ့လအနည္းငယ္အတြင္းမွာ ျပႆနာေတြမ်ားစြာ ျဖစ္လာမွာ ဆိုတာလည္း ပါပါတယ္။ ကြ်န္ေတာ့္ရဲ့ စိတ္ထဲမွာေတာ့ ဒီအဆင့္ေတြ ရွိမေနပါဘူး။ တာဝန္ယူမႈ တာဝန္ခံမႈဆိုတာ ကြ်န္ေတာ္ သိပါတယ္။ ဒီအရာေတြကလည္း ဘာေၾကာင့္ ကြ်န္ေတာ္ရွိေနတယ္ဆိုတာလည္း ျဖစ္တယ္။ ပုံမွန္အားျဖင့္ေတာ့ လူေတြမွာ အမ်ိဳးအစားႏွစ္ခုပဲ တိုက္ခိုက္တြန္းလွန္ျခင္းနဲ႔ အတိဒုကၡေရာက္ေနျခင္း ဆိုတာပါပဲ။ မင္းက တိုက္ခိုက္ဖို႔ ဆိုရင္ေတာ့ လူေတြ လိုအပ္တယ္။ ဒီလူေတြကလည္း အရာတိုင္းကို ေထာက္ပံ့ေပးဖို႔ အဆင္သင့္ျဖစ္ေနရမွာ ျဖစ္ၿပီး အသင္းအတြက္ အရာတိုင္းကို ေပးစြမ္းသြားနိုင္ရပါမယ္ ” လို႔ ေျပာပါတယ္။
အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္ ၁၄ ပြဲကစားအၿပီး နိုင္ပြဲ ေလးပြဲသာ ရရွိထားၿပီး ရွစ္ပြဲအထိ ရႈံးထားသလို ေနာက္ဆုံး ခုနစ္ပြဲဆက္ နိုင္ပြဲရရွိျခင္း မရွိခဲ့ဘဲ သြင္းဂိုး သုံးဂိုးသာ သြင္းယူနိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ အမွတ္ေပးဇယားရဲ့ အဆင့္ ၁၅ ေနရာမွာ ရွိေနၿပီး တန္းဆင္းဇုံထဲက ဘန္ေလအသင္းနဲ႔ ရမွတ္ ေလးမွတ္သာ ကြာဟေနပါတယ္။