အသင်းရဲ့ ရလဒ်ပိုင်းကျဆင်းနေပေမဲ့ အသင်းပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်အ၀ရှိနေမှာ ဖြစ်ကြောင်း အာတီတာ ပြောကြား

0
233

 

SBOTop Dec        အာဆင်နယ်အသင်းရဲ့ ရလဒ်ပိုင်းဟာ ကျဆင်းနေပေမဲ့ အသင်းမန်နေဂျာ ဖြစ်တဲ့ အာတီတာက အသင်းပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှုအပြည့်အ၀ ရှိသွားမှာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ အာဆင်နယ် အသင်းဟာ နိုဝင်ဘာလ အစောပိုင်းက စတင်ပြီး နိုင်ပွဲရရှိခဲ့ခြင်း မရှိဖြစ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ က ချဲလ်ဆီးနဲ့ ပွဲမှာ ၃-၁ နဲ့ နိုင်ပွဲ စတင်ရရှိခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ၁၉၇၄-၇၅ ဘောလုံးရာသီက စတင်လို့ ပွဲစဉ် ၁၄ ပွဲ ကစားအပြီး ဆိုးဝါးတဲ့ ရလဒ်တစ်ခု ဖြစ်စေခဲ့ပါတယ်။

အာတီတာက “ ဒါတွေက ပြုန်းတီးမှုတွေဖြစ်တယ်။ ဒါပေမဲ့က နှောင့်ယှက်မှုတွေဖြစ်တယ်။ ဒါပေမဲ့ နာကျင်စရာတွေ ဖြစ်တယ်။ ပြီးခဲ့တဲ့ သတင်းပတ်အနည်းအတွင်းက ရလဒ်ပိုင်းကို ခြုံငုံကြည့်မယ်ဆိုရင် ကွျန်တော်တို့ အားလုံးက ဆိုးဝါးတဲ့ အခြေအနေပေါ်မှာ ရှိနေတယ်။ ဒီအရာတွေအတွက် ကွျန်တော် တာဝန်ယူမှု အပြည့်ရှိရမယ်လို့ ခံစားမိပါတယ်။ ဒီအရာတွေက ခါးသီးတဲ့ ခံစားမှုကို ဖြစ်စေတယ်။ ဘာကြောင့်လဲဆိုရင် လှုပ်ရှားနေတဲ့ ကာလအတွင်းမှာ ကွျန်တော်က ဒီအသင်းအတွက် အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးချင်ပါပဲ။ အသင်းကို ကွျန်တော့်ရဲ့ သိတတ်မှုတွေ ချစ်မြတ်နိုးစိတ်တွေနဲ့ မှန်ကန်တဲ့ နေရာတစ်ခုကို ရောက်ရှိအောင် သယ်ဆောင်သွားပေးလိုပါတယ်။ အမိန့်အာဏာတစ်ခုနဲ့ ဆိုရင်တော့ ကွျန်တော်တို့တွေ ဒီပွဲကို အနိုင်ကစားသွားဖို့ လိုအပ်တယ်ပေါ့။ တည်တည်ငြိမ်ငြိမ်နဲ့ အနိုင်ဖြစ်လိုတယ် ” လို့ ပြောပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာ ရှိနေပြီး အင်္ဂါနေ့ညမှာတော့ အမှတ်ပေးဇယားအထက်အောက် ရပ်တည်နေတဲ့ ဘရိုက်တန်အသင်းရဲ့ ကွင်းမှာ သွားရောက် ကစားဖို့ ရှိနေပါတယ်။

Zawgyi

အသင္းရဲ့ ရလဒ္ပိုင္းက်ဆင္းေနေပမဲ့ အသင္းေပၚမွာ တာဝန္ယူမႈ တာဝန္ခံမႈ အျပည့္အ၀ရွိေနမွာ ျဖစ္ေၾကာင္း အာတီတာ ေျပာၾကား

အာဆင္နယ္အသင္းရဲ့ ရလဒ္ပိုင္းဟာ က်ဆင္းေနေပမဲ့ အသင္းမန္ေနဂ်ာ ျဖစ္တဲ့ အာတီတာက အသင္းေပၚမွာ တာဝန္ယူမႈ တာဝန္ခံမႈအျပည့္အ၀ ရွိသြားမွာ ျဖစ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။ အာဆင္နယ္ အသင္းဟာ နိုဝင္ဘာလ အေစာပိုင္းက စတင္ၿပီး နိုင္ပြဲရရွိခဲ့ျခင္း မရွိျဖစ္ခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၂၆ ရက္ေန႔ က ခ်ဲလ္ဆီးနဲ႔ ပြဲမွာ ၃-၁ နဲ႔ နိုင္ပြဲ စတင္ရရွိခဲ့ပါတယ္။ အာဆင္နယ္အသင္းအေနနဲ႔ ၁၉၇၄-၇၅ ေဘာလုံးရာသီက စတင္လို႔ ပြဲစဥ္ ၁၄ ပြဲ ကစားအၿပီး ဆိုးဝါးတဲ့ ရလဒ္တစ္ခု ျဖစ္ေစခဲ့ပါတယ္။
အာတီတာက “ ဒါေတြက ျပဳန္းတီးမႈေတြျဖစ္တယ္။ ဒါေပမဲ့က ေႏွာင့္ယွက္မႈေတြျဖစ္တယ္။ ဒါေပမဲ့ နာက်င္စရာေတြ ျဖစ္တယ္။ ၿပီးခဲ့တဲ့ သတင္းပတ္အနည္းအတြင္းက ရလဒ္ပိုင္းကို ျခဳံငုံၾကည့္မယ္ဆိုရင္ ကြ်န္ေတာ္တို႔ အားလုံးက ဆိုးဝါးတဲ့ အေျခအေနေပၚမွာ ရွိေနတယ္။ ဒီအရာေတြအတြက္ ကြ်န္ေတာ္ တာဝန္ယူမႈ အျပည့္ရွိရမယ္လို႔ ခံစားမိပါတယ္။ ဒီအရာေတြက ခါးသီးတဲ့ ခံစားမႈကို ျဖစ္ေစတယ္။ ဘာေၾကာင့္လဲဆိုရင္ လႈပ္ရွားေနတဲ့ ကာလအတြင္းမွာ ကြ်န္ေတာ္က ဒီအသင္းအတြက္ အေကာင္းဆုံးျဖစ္ေအာင္ ျပဳလုပ္ေပးခ်င္ပါပဲ။ အသင္းကို ကြ်န္ေတာ့္ရဲ့ သိတတ္မႈေတြ ခ်စ္ျမတ္နိုးစိတ္ေတြနဲ႔ မွန္ကန္တဲ့ ေနရာတစ္ခုကို ေရာက္ရွိေအာင္ သယ္ေဆာင္သြားေပးလိုပါတယ္။ အမိန႔္အာဏာတစ္ခုနဲ႔ ဆိုရင္ေတာ့ ကြ်န္ေတာ္တို႔ေတြ ဒီပြဲကို အနိုင္ကစားသြားဖို႔ လိုအပ္တယ္ေပါ့။ တည္တည္ၿငိမ္ၿငိမ္နဲ႔ အနိုင္ျဖစ္လိုတယ္ ” လို႔ ေျပာပါတယ္။
အာဆင္နယ္အသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားရဲ့ အဆင့္ ၁၅ ေနရာမွာ ရွိေနၿပီး အဂၤါေန႔ညမွာေတာ့ အမွတ္ေပးဇယားအထက္ေအာက္ ရပ္တည္ေနတဲ့ ဘရိုက္တန္အသင္းရဲ့ ကြင္းမွာ သြားေရာက္ ကစားဖို႔ ရွိေနပါတယ္။