အိမ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်တို့ အနိုင်ရဖို့ ၆၀% အထိ ရှိတယ်

0
508

 

SBOTop Dec          ချန်ပီယံလိဂ်အုပ်စု(H) ရဲ့ အုပ်စုပွဲစဉ် ၅ အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပီအက်စ်ဂျီအသင်း တို့ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၃-၁၂-၂၀၂၀ ရက် ကြာသပတေးနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်က အုပ်စုပွဲ ၄ ပွဲကစားအပြီး ရမှတ် ၉ မှတ်နဲ့ အုပ်စု ပထမနေရာမှာ ရှိနေပြီး ပီအက်စ်ဂျီအသင်းက ရမှတ် ၆ မှတ်နဲ့ အုပ်စု ဒုတိယနေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ပီအက်စ်ဂျီ ၁ – ၂ မန်ချက်စတာယူနိုက်တက်(ချန်ပီယံလိဂ်)

ပီအက်စ်ဂျီ ၁ – ၃ မန်ချက်စတာယူနိုက်တက်(ချန်ပီယံလိဂ်)

မန်ချက်စတာယူနိုက်တက် ၀ – ၂ ပီအက်စ်ဂျီ(ချန်ပီယံလိဂ်)

မန်ချက်စတာယူနိုက်တက် ၀ – ၂ ပီအက်စ်ဂျီ(အင်တာနေရှင်နယ် ချန်ပီယံဖလား)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး မန်ချက်စတာယူနိုက်တက်က လေးပွဲနိုင် နှစ်ပွဲသရေ ဖြစ်ထားပြီး ပီအက်စ်ဂျီအသင်းက သုံးပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။ မန်ချက်စတာယူနိုက်တက်က ချန်ပီယံလိဂ်နောက်ဆုံး ငါးပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက်သွင်းယူထားနိုင်ပါတယ်။ ပီအက်စ်ဂျီက မန်ချက်စတာယူနိုက်တက်နဲ့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်နှစ်ပွဲမှာ ရှုံးပွဲတွေ့ထားသလို ယခုနှစ်မှာ ရမှတ်တူ လိုက်ပ်ဇစ်ကို ကျော်ဖြတ်နိုင်မှ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ တူအမ်ဇီဘီက ပွဲပယ်ပြစ်ဒဏ်ခံနေရပြီး ဖီးလ်ဂျုံး၊ ရိုဂျို၊ ရိုမီယို၊ ဒီဂီယာ၊ တဲလ်လက်စ်၊ တွမ်မီနေး၊ လုရှော၊ ပေါ့ဘာနဲ့ ဘိုင်လီတို့က ပါဝင်နိုင်ဖို့ မသေချာပါဘူး။ ပီအက်စ်ဂျီအသင်းမှာ ဘာနက်၊ ဒရက်ဇလာ၊ ခါအာ၊ အိုင်ကာဒီနဲ့ ဆာရာဘီအာတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်သလို နေမာကလည်း ပါဝင်ဖို့ မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အိမ်ရှင် မန်ချက်စတာယူနိုက်တက်က အနိုင်ရဖို့ ၆၀% လောက် ရှိနေပေမဲ့ သရေရလဒ် ဖြစ်ပေါ်လာနိုင်ပါတယ်။

Zawgyi

အိမ္ကြင္းမွာ မန္ခ်က္စတာယူနိုက္တက္တို႔ အနိုင္ရဖို႔ ၆၀% အထိ ရွိတယ္

ခ်န္ပီယံလိဂ္အုပ္စု(H) ရဲ့ အုပ္စုပြဲစဥ္ ၅ အျဖစ္ မန္ခ်က္စတာယူနိုက္တက္အသင္းနဲ႔ ပီအက္စ္ဂ်ီအသင္း တို႔ဟာ မန္ခ်က္စတာယူနိုက္တက္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၃-၁၂-၂၀၂၀ ရက္ ၾကာသပေတးေန႔ နံနက္ ၂း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္က အုပ္စုပြဲ ၄ ပြဲကစားအၿပီး ရမွတ္ ၉ မွတ္နဲ႔ အုပ္စု ပထမေနရာမွာ ရွိေနၿပီး ပီအက္စ္ဂ်ီအသင္းက ရမွတ္ ၆ မွတ္နဲ႔ အုပ္စု ဒုတိယေနရာမွာ ရွိေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
ပီအက္စ္ဂ်ီ ၁ – ၂ မန္ခ်က္စတာယူနိုက္တက္(ခ်န္ပီယံလိဂ္)
ပီအက္စ္ဂ်ီ ၁ – ၃ မန္ခ်က္စတာယူနိုက္တက္(ခ်န္ပီယံလိဂ္)
မန္ခ်က္စတာယူနိုက္တက္ ၀ – ၂ ပီအက္စ္ဂ်ီ(ခ်န္ပီယံလိဂ္)
မန္ခ်က္စတာယူနိုက္တက္ ၀ – ၂ ပီအက္စ္ဂ်ီ(အင္တာေနရွင္နယ္ ခ်န္ပီယံဖလား)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး မန္ခ်က္စတာယူနိုက္တက္က ေလးပြဲနိုင္ ႏွစ္ပြဲသေရ ျဖစ္ထားၿပီး ပီအက္စ္ဂ်ီအသင္းက သုံးပြဲနိုင္ တစ္ပြဲသေရနဲ႔ ႏွစ္ပြဲရႈံးထားပါတယ္။ မန္ခ်က္စတာယူနိုက္တက္က ခ်န္ပီယံလိဂ္ေနာက္ဆုံး ငါးပြဲမွာ ပ်မ္းမၽွသြင္းဂိုး ႏွစ္ဂိုးနဲ႔ ႏွစ္ဂိုးအထက္သြင္းယူထားနိုင္ပါတယ္။ ပီအက္စ္ဂ်ီက မန္ခ်က္စတာယူနိုက္တက္နဲ႔ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္ႏွစ္ပြဲမွာ ရႈံးပြဲေတြ႕ထားသလို ယခုႏွစ္မွာ ရမွတ္တူ လိုက္ပ္ဇစ္ကို ေက်ာ္ျဖတ္နိုင္မွ ေနာက္တစ္ဆင့္ကို တက္ေရာက္နိုင္မွာ ျဖစ္ပါတယ္။
မန္ခ်က္စတာယူနိုက္တက္အသင္းမွာ တူအမ္ဇီဘီက ပြဲပယ္ျပစ္ဒဏ္ခံေနရၿပီး ဖီးလ္ဂ်ဳံး၊ ရိုဂ်ိဳ၊ ရိုမီယို၊ ဒီဂီယာ၊ တဲလ္လက္စ္၊ တြမ္မီေနး၊ လုေရွာ၊ ေပါ့ဘာနဲ႔ ဘိုင္လီတို႔က ပါဝင္နိုင္ဖို႔ မေသခ်ာပါဘူး။ ပီအက္စ္ဂ်ီအသင္းမွာ ဘာနက္၊ ဒရက္ဇလာ၊ ခါအာ၊ အိုင္ကာဒီနဲ႔ ဆာရာဘီအာတို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္သလို ေနမာကလည္း ပါဝင္ဖို႔ မေသခ်ာပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က အိမ္ရွင္ မန္ခ်က္စတာယူနိုက္တက္က အနိုင္ရဖို႔ ၆၀% ေလာက္ ရွိေနေပမဲ့ သေရရလဒ္ ျဖစ္ေပၚလာနိုင္ပါတယ္။