အိမ်ကွင်းမှာ မန်စီးတီးရဲ့ ဖိအားပေးတာနဲ့ ထပ်မံကြုံတွေ့သွားရမဲ့ အာဆင်နယ်ရဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်

0
346

 

SBOTop Dec            လိဂ်ဖလား(ခါလာဘောင်းဖလား) ကွာတားဖိုင်နယ်ပွဲအဖြစ် အာဆင်နယ်အသင်းနဲ့ မန်စီးတီး အသင်းတို့ဟာ အာဆင်နယ်ရဲ့ အမ်းမရိတ်ကွင်းမှာ ၂၃-၁၂-၂၀၂၀ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၂း၃၀ နာရီ ကစားသွား ရမှာ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

မန်စီးတီး  ၁ – ၀ အာဆင်နယ်(ပရီးမီးယားလိဂ်)

အာဆင်နယ် ၂ – ၀ မန်စီးတီး(အက်ဖ်အေဖလား)

မန်စီးတီး  ၃ – ၀ အာဆင်နယ်(ပရီးမီးယားလိဂ်)

အာဆင်နယ် ၀ – ၃ မန်စီးတီး(ပရီးမီးယားလိဂ်)

မန်စီးတီး  ၃ – ၁ အာဆင်နယ်(ပရီးမီးယားလိဂ်)

အာဆင်နယ် ၀ – ၂ မန်စီးတီး(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး အာဆင်နယ်အသင်းက နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ သုံးပွဲရှုံး ထားပြီး မန်စီးတီးက သုံးပွဲနိုင် သုံးပွဲသရေ ဖြစ်ထားပါတယ်။ အာဆင်နယ်နဲ့ မန်စီးတီးတို့ဟာ ၂၀၁၈ ခုနှစ် လိဂ်ဖလားဖိုင်နယ်ပွဲမှာ တွေ့ဆုံခဲ့ပြီး အာဆင်နယ်က ၃-၀ နဲ့ ရှုံးထားသလို ၂၀၀၉-၁၀ ခုနှစ်နဲ့ ၂၀၁၀-၁၁ ခုနှစ် လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲတွေမှာ အာဆင်နယ်က မန်စီးတီးကို ရှုံးပွဲဖြစ်ထားပါတယ်။ မန်စီးတီးအသင်းဟာ အာဆင်နယ်ရဲ့ အမ်းမရိတ်ကွင်းမှာ ပရီးမီးယားလိဂ် သုံးပွဲအနိုင်ထားသလို အာဆင်နယ်က အိမ်ကွင်းမှာ မန်စီးတီးကို ဂိုးပြန်မသွင်းနိုင်ခဲ့ပါဘူး။ အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ခုနစ်ပွဲမှာ နိုင်ပွဲရရှိခဲ့ခြင်း မရှိဘဲ နှစ်ပွဲသရေနဲ့ ငါးပွဲရှုံးထားပါတယ်။

အာဆင်နယ်အသင်းမှာ မာတင်နယ်လီ၊ ပါတေးနဲ့ အူဘာမီရန်တို့က ဒဏ်ရာရနေပြီး ဇာခါက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ မန်စီးတီးအသင်းမှာ ဇင်ချိန်ကို၊ လာပေါ်တီ၊ ဂျီးဆပ်နဲ့ ဂါစီယာ တို့က ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က မန်စီးတီးက အနိုင်ရဖို့ ၇၅% ရှိနေပြီး အာဆင်နယ်က အနိုင်ရဖို့ ၂၅% လောက်ပဲ ရှိနေပါတယ်။

Zawgyi

