အိမ်ကွင်းမှာ မန်စီးတီးက နှစ်ဂိုးပြတ်လောက် သွင်းယူသွားနိုင်တယ်

0
299

ezgif-7-cbfa92492bb7-2

 

ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ အဖြစ် မန်စီးတီးအသင်းနဲ့ ဝက်ဘရွန်အသင်းတို့ဟာ မန်စီးတီးရဲ့ အိမ်ကွင်းပွဲ အဖြစ် ၁၆-၁၂-၂၀၂၀ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းက ပရီးမီးယားလိဂ် ၁၁ ပွဲ ကစားအပြီး ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရှိနေပြီး ဝက်ဘရွန်းအသင်းက ပရီးမီးယားလိဂ် ၁၂ ပွဲ ကစားအပြီး ရမှတ် ၆ မှတ်နဲ့ အဆင့် ၁၉ တန်းဆင်းဇုံထဲမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

မန်စီးတီး ၃ – ၀ ဝက်ဘရွန်(ပရီးမီးယားလိဂ်)

ဝက်ဘရွန် ၂ – ၃ မန်စီးတီး(ပရီးမီးယားလိဂ်)

ဝက်ဘရွန် ၁ – ၂ မန်စီးတီး(လိဂ်ဖလား)

မန်စီးတီး ၃ – ၁ ဝက်ဘရွန်(ပရီးမီးယားလိဂ်)

ဝက်ဘရွန် ၀ – ၄ မန်စီးတီး(ပရီးမီးယားလိဂ်)

မန်စီးတီး ၂ – ၁ ဝက်ဘရွန်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး မန်စီးတီးအသင်းက လေးပွဲနိုင် နှစ်ပွဲသရေ ဖြစ်ထားပြီး ဝက်ဘရွန်းအသင်းက တစ်ပွဲနိုင် ငါးပွဲရှုံးထားပါတယ်။ မန်စီးတီးအသင်းဟာ ဝက်ဘရွန်းအသင်းနဲ့ ပြိုင်ပွဲအရပ်ရပ် ၁၄ ပွဲအနိုင်ရထားပြီး သွင်းဂိုး ၃၇ ဂိုးနဲ့ ပေးဂိုး ၉ ဂိုးသာ ပေးထားရပါတ်ယ်။ ဝက်ဘရွန်းအသင်းဟာ မန်စီးတီး ကွင်းမှာ ၁၁ ပွဲ သွားရောက်ကစားပြီးချိန်မှာ အနိုင်ရရှိခြင်း မရှိခဲ့ဘဲ ကိုးပွဲရှုံးထားပါတယ်။ မန်စီးတီးက ဝက်ဘရွန်း အသင်းနဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၁၁ ပွဲကစားအပြီး ကိုးပွဲမှာ သွင်းဂိုးအနည်းဆုံး သုံးဂိုးသွင်းယူထားနိုင်ပါ တယ်။ မန်စီးတီးအသင်းက ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံး ၁၆ ပွဲကစားအပြီး ၁၄ ပွဲမှာ အနည်းဆုံး သွင်းဂိုး နှစ်ဂိုးသွင်းယူထားနိုင်ပါတယ်။ မန်စီးတီးက ပရီးမီးယားလိဂ် နောက်ဆုံး သုံးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထား ပါတယ်။ ဝက်ဘရွန်းအသင်းက ပရီးမီးယားလိဂ် အဝေးကွင်းပွဲ နောက်ဆုံး ခြောက်ပွဲကစားအပြီး ငါးပွဲမှာ ရှုံးပွဲတွေ့ ထားပါတယ်။ မန်စီးတီးက တန်းတက်အသင်းတွေနဲ့ အိမ်ကွင်းမှာတွေ့ဆုံခဲ့တဲ့ ၃၉ ပွဲ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပြီး ၃၅ ပွဲနိုင် လေးပွဲသရေ ဖြစ်ထားပါတယ်။ ဝက်ဘရွန်းအသင်းဟာ ပရီးမီးယားလိဂ် အဝေးကွင်းပွဲ ၁၃ ပွဲမှာ ၁၀ ပွဲရှုံးထားပြီး သွင်းဂိုး ခုနစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဝက်ဘရွန်းအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ၁၂ ပွဲ ကစားအပြီး ပေးဂိုး ၂၅ ဂိုးအထိ ပေးထားရပြီး ပေးဂိုးအများဆုံး အသင်းတစ်သင်း ဖြစ်နေပါတယ်။ ဝက်ဘရွန်း အသင်းက အင်္ဂါနေ့ည ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂၇ ပွဲမှာ နိုင်ပွဲရရှိခြင်း မရှိခဲ့ဘဲ ၁၅ ပွဲရှုံးပြီး ၁၂ ပွဲသရေ ဖြစ်ထားပါတယ်။

မန်စီးတီးအသင်းမှာ ဂါစီယာက ဒဏ်ရာရနေပြီး ဝက်ဘရွန်းအသင်းမှာ တောင်ဆန်နဲ့ ကနူးက ဒဏ်ရာရ နေပြီး ပါရီရာက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က မန်စီးတီးအသင်းက အနိုင်ရဖို့ ၉၀% ရှိနေပြီး ဝက်ဘရွန်း အနိုင်ရဖို့ ၁၀% လောက်ပဲ ရှိနေပါတယ်။

Zawgyi

အိမ္ကြင္းမွာ မန္စီးတီးက ႏွစ္ဂိုးျပတ္ေလာက္ သြင္းယူသြားနိုင္တယ္

ပရီးမီးယားလိဂ္ပြဲစဥ္ ၁၃ အျဖစ္ မန္စီးတီးအသင္းနဲ႔ ဝက္ဘရြန္အသင္းတို႔ဟာ မန္စီးတီးရဲ့ အိမ္ကြင္းပြဲ အျဖစ္ ၁၆-၁၂-၂၀၂၀ ရက္ ဗုဒၶဟူးေန႔ နံနက္ ၂း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ မန္စီးတီးအသင္းက ပရီးမီးယားလိဂ္ ၁၁ ပြဲ ကစားအၿပီး ရမွတ္ ၁၉ မွတ္နဲ႔ အဆင့္ ၉ ေနရာမွာ ရွိေနၿပီး ဝက္ဘရြန္းအသင္းက ပရီးမီးယားလိဂ္ ၁၂ ပြဲ ကစားအၿပီး ရမွတ္ ၆ မွတ္နဲ႔ အဆင့္ ၁၉ တန္းဆင္းဇုံထဲမွာ ရွိေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
မန္စီးတီး ၃ – ၀ ဝက္ဘရြန္(ပရီးမီးယားလိဂ္)
ဝက္ဘရြန္ ၂ – ၃ မန္စီးတီး(ပရီးမီးယားလိဂ္)
ဝက္ဘရြန္ ၁ – ၂ မန္စီးတီး(လိဂ္ဖလား)
မန္စီးတီး ၃ – ၁ ဝက္ဘရြန္(ပရီးမီးယားလိဂ္)
ဝက္ဘရြန္ ၀ – ၄ မန္စီးတီး(ပရီးမီးယားလိဂ္)
မန္စီးတီး ၂ – ၁ ဝက္ဘရြန္(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး မန္စီးတီးအသင္းက ေလးပြဲနိုင္ ႏွစ္ပြဲသေရ ျဖစ္ထားၿပီး ဝက္ဘရြန္းအသင္းက တစ္ပြဲနိုင္ ငါးပြဲရႈံးထားပါတယ္။ မန္စီးတီးအသင္းဟာ ဝက္ဘရြန္းအသင္းနဲ႔ ၿပိဳင္ပြဲအရပ္ရပ္ ၁၄ ပြဲအနိုင္ရထားၿပီး သြင္းဂိုး ၃၇ ဂိုးနဲ႔ ေပးဂိုး ၉ ဂိုးသာ ေပးထားရပါတ္ယ္။ ဝက္ဘရြန္းအသင္းဟာ မန္စီးတီး ကြင္းမွာ ၁၁ ပြဲ သြားေရာက္ကစားၿပီးခ်ိန္မွာ အနိုင္ရရွိျခင္း မရွိခဲ့ဘဲ ကိုးပြဲရႈံးထားပါတယ္။ မန္စီးတီးက ဝက္ဘရြန္း အသင္းနဲ႔ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ၁၁ ပြဲကစားအၿပီး ကိုးပြဲမွာ သြင္းဂိုးအနည္းဆုံး သုံးဂိုးသြင္းယူထားနိုင္ပါ တယ္။ မန္စီးတီးအသင္းက ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲ ေနာက္ဆုံး ၁၆ ပြဲကစားအၿပီး ၁၄ ပြဲမွာ အနည္းဆုံး သြင္းဂိုး ႏွစ္ဂိုးသြင္းယူထားနိုင္ပါတယ္။ မန္စီးတီးက ပရီးမီးယားလိဂ္ ေနာက္ဆုံး သုံးပြဲမွာ ေပးဂိုးမရွိ ျဖစ္ေပၚထား ပါတယ္။ ဝက္ဘရြန္းအသင္းက ပရီးမီးယားလိဂ္ အေဝးကြင္းပြဲ ေနာက္ဆုံး ေျခာက္ပြဲကစားအၿပီး ငါးပြဲမွာ ရႈံးပြဲေတြ႕ ထားပါတယ္။ မန္စီးတီးက တန္းတက္အသင္းေတြနဲ႔ အိမ္ကြင္းမွာေတြ႕ဆုံခဲ့တဲ့ ၃၉ ပြဲ ရႈံးပြဲမရွိ ျဖစ္ေပၚထားၿပီး ၃၅ ပြဲနိုင္ ေလးပြဲသေရ ျဖစ္ထားပါတယ္။ ဝက္ဘရြန္းအသင္းဟာ ပရီးမီးယားလိဂ္ အေဝးကြင္းပြဲ ၁၃ ပြဲမွာ ၁၀ ပြဲရႈံးထားၿပီး သြင္းဂိုး ခုနစ္ဂိုးသာ သြင္းယူနိုင္ခဲ့ပါတယ္။ ဝက္ဘရြန္းအသင္းဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ၁၂ ပြဲ ကစားအၿပီး ေပးဂိုး ၂၅ ဂိုးအထိ ေပးထားရၿပီး ေပးဂိုးအမ်ားဆုံး အသင္းတစ္သင္း ျဖစ္ေနပါတယ္။ ဝက္ဘရြန္း အသင္းက အဂၤါေန႔ည ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၂၇ ပြဲမွာ နိုင္ပြဲရရွိျခင္း မရွိခဲ့ဘဲ ၁၅ ပြဲရႈံးၿပီး ၁၂ ပြဲသေရ ျဖစ္ထားပါတယ္။
မန္စီးတီးအသင္းမွာ ဂါစီယာက ဒဏ္ရာရေနၿပီး ဝက္ဘရြန္းအသင္းမွာ ေတာင္ဆန္နဲ႔ ကႏူးက ဒဏ္ရာရ ေနၿပီး ပါရီရာက ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က မန္စီးတီးအသင္းက အနိုင္ရဖို႔ ၉၀% ရွိေနၿပီး ဝက္ဘရြန္း အနိုင္ရဖို႔ ၁၀% ေလာက္ပဲ ရွိေနပါတယ္။