အိမ်ကွင်းမှာ မန်စီးတီးက ဂိုးပြတ်အနိုင်ယူသွားမှာပါ

0
276

 

SBOTop Dec           ပရီးမီးယားလိဂ်ပွဲစဉ် ၁၅ အဖြစ် မန်စီးတီးအသင်းနဲ့ နယူးကာဆယ်အသင်းတို့ဟာ မန်စီးတီးရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၇-၁၂-၂၀၂၀ ရက် တနင်္ဂနွေနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ မန်စီးတီး အသင်းက ပရီးမီးယားလိဂ် ၁၃ ပွဲကစားအပြီး ရမှတ် ၂၃ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရှိနေပြီး နယူးကာဆယ် အသင်းက ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

မန်စီးတီး ၅ – ၀ နယူးကာဆယ်(ပရီးမီးယားလိဂ်)

နယူးကာဆယ် ၀ – ၂ မန်စီးတီး(အက်ဖ်အေဖလား)

နယူးကာဆယ် ၂ – ၂ မန်စီးတီး(ပရီးမီးယားလိဂ်)

နယူးကာဆယ် ၂ – ၁ မန်စီးတီး(ပရီးမီးယားလိဂ်)

မန်စီးတီး ၂ – ၁ နယူးကာဆယ်(ပရီးမီးယားလိဂ်)

မန်စီးတီး ၃ – ၁ နယူးကာဆယ်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခြောက်ပွဲကစားအပြီး မန်စီးတီးက လေးပွဲနိုင် နှစ်ပွဲသရေ ဖြစ်ထားပြီး နယူးကာဆယ်က ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ငါးပွဲကစားအပြီး နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။ မန်စီးတီးက အိမ်ကွင်းမှာ နယူးကာဆယ်အသင်းကို ၁၁ ပွဲ အနိုင်ရထားပါတယ်။ မန်စီးတီးက အိမ်ကွင်းမှာ နယူးကာဆယ်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၁၂ ပွဲကစားအပြီး ၁၁ ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ မန်စီးတီးက ပရီးမီးယားလိဂ်အိမ်ကွင်းပွဲ ၁၇ ပွဲ ကစားအပြီး ၁၆ ပွဲ အနိုင်ရထားပါတယ်။ မန်စီးတီးတိုက်စစ်မှူး အဂူရိုက နယူးကာဆယ်နဲ့ တွေ့ဆုံတဲ့ချိန်မှာ ၁၅ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။ နယူးကာဆယ်အသင်းဟာ ပြိုင်ပွဲအရပ်ရပ် အဝေးကွင်းမှာ ခုနစ်ပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့ပါတယ်။

မန်စီးတီးအသင်းမှာ ဂါစီယာက ဒဏ်ရာရနေပြီး နယူးကာဆယ်အသင်းမှာ စိန့် မက်ဆီမန်၊ မာကွာရီရို၊ ဆက်ရှာနဲ့ လက်ဆက်လက်တို့က ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အိမ်ရှင် မန်စီးတီးက အနိုင်ရဖို့ ၆၅% ရှိနေပြီး နယူးကာဆယ် အနိုင်ရဖို့ ၃၅% ရှိနေပါတယ်။

Zawgyi

အိမ္ကြင္းမွာ မန္စီးတီးက ဂိုးျပတ္အနိုင္ယူသြားမွာပါ

ပရီးမီးယားလိဂ္ပြဲစဥ္ ၁၅ အျဖစ္ မန္စီးတီးအသင္းနဲ႔ နယူးကာဆယ္အသင္းတို႔ဟာ မန္စီးတီးရဲ့ အိမ္ကြင္းပြဲအျဖစ္ ၂၇-၁၂-၂၀၂၀ ရက္ တနဂၤေႏြေန႔ နံနက္ ၂း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ မန္စီးတီး အသင္းက ပရီးမီးယားလိဂ္ ၁၃ ပြဲကစားအၿပီး ရမွတ္ ၂၃ မွတ္နဲ႔ အဆင့္ ၈ ေနရာမွာ ရွိေနၿပီး နယူးကာဆယ္ အသင္းက ရမွတ္ ၁၈ မွတ္နဲ႔ အဆင့္ ၁၂ ေနရာမွာ ရွိေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
မန္စီးတီး ၅ – ၀ နယူးကာဆယ္(ပရီးမီးယားလိဂ္)
နယူးကာဆယ္ ၀ – ၂ မန္စီးတီး(အက္ဖ္ေအဖလား)
နယူးကာဆယ္ ၂ – ၂ မန္စီးတီး(ပရီးမီးယားလိဂ္)
နယူးကာဆယ္ ၂ – ၁ မန္စီးတီး(ပရီးမီးယားလိဂ္)
မန္စီးတီး ၂ – ၁ နယူးကာဆယ္(ပရီးမီးယားလိဂ္)
မန္စီးတီး ၃ – ၁ နယူးကာဆယ္(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ေျခာက္ပြဲကစားအၿပီး မန္စီးတီးက ေလးပြဲနိုင္ ႏွစ္ပြဲသေရ ျဖစ္ထားၿပီး နယူးကာဆယ္က ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ငါးပြဲကစားအၿပီး ႏွစ္ပြဲနိုင္ တစ္ပြဲသေရနဲ႔ ႏွစ္ပြဲရႈံးထားပါတယ္။ မန္စီးတီးက အိမ္ကြင္းမွာ နယူးကာဆယ္အသင္းကို ၁၁ ပြဲ အနိုင္ရထားပါတယ္။ မန္စီးတီးက အိမ္ကြင္းမွာ နယူးကာဆယ္နဲ႔ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ၁၂ ပြဲကစားအၿပီး ၁၁ ပြဲမွာ အနည္းဆုံးသြင္းဂိုး ႏွစ္ဂိုး သြင္းယူထားနိုင္ပါတယ္။ မန္စီးတီးက ပရီးမီးယားလိဂ္အိမ္ကြင္းပြဲ ၁၇ ပြဲ ကစားအၿပီး ၁၆ ပြဲ အနိုင္ရထားပါတယ္။ မန္စီးတီးတိုက္စစ္မႉး အဂူရိုက နယူးကာဆယ္နဲ႔ ေတြ႕ဆုံတဲ့ခ်ိန္မွာ ၁၅ ဂိုးအထိ သြင္းယူထားနိုင္ပါတယ္။ နယူးကာဆယ္အသင္းဟာ ၿပိဳင္ပြဲအရပ္ရပ္ အေဝးကြင္းမွာ ခုနစ္ပြဲမွာ တစ္ပြဲသာ အနိုင္ရခဲ့ပါတယ္။
မန္စီးတီးအသင္းမွာ ဂါစီယာက ဒဏ္ရာရေနၿပီး နယူးကာဆယ္အသင္းမွာ စိန႔္ မက္ဆီမန္၊ မာကြာရီရို၊ ဆက္ရွာနဲ႔ လက္ဆက္လက္တို႔က ပါဝင္နိုင္ဖို႔ မေသခ်ာပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က အိမ္ရွင္ မန္စီးတီးက အနိုင္ရဖို႔ ၆၅% ရွိေနၿပီး နယူးကာဆယ္ အနိုင္ရဖို႔ ၃၅% ရွိေနပါတယ္။