အိမ်ကွင်းမှာ လိုက်ပ်ဇစ်က ဝါဒါဘရီမင်ကို နှစ်ဂိုးပြတ်လောက် သွင်းယူသွားမှာပါ

0
246

 

ezgif-7-cbfa92492bb7-2

ဘွန်ဒက်စ်လီဂါပွဲစဉ် ၁၁ အဖြစ် လိုက်ပ်ဇစ်အသင်းနဲ့ ဝါဒါဘရီမင်အသင်းတို့ဟာ လိုက်ပ်ဇစ်ရဲ့ အိမ်ကွင်းပွဲ အဖြစ် ၁၂-၁၂-၂၀၂၀ ရက် စနေနေ့ည ၉း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ လိုက်ပ်ဇစ်အသင်းက ဘွန်ဒက်စ်လီဂါ ၁၀ ပွဲကစားအပြီး ရမှတ် ၂၁ မှတ်နဲ့ တတိယနေရာမှာ ရှိနေပြီး ဝါဒါဘရီမင်က ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

လိုက်ပ်ဇစ် ၃ – ၀ ဝါဒါဘရီမင်(ဘွန်ဒက်စ်လီဂါ)

ဝါဒါဘရီမင် ၀ – ၃ လိုက်ပ်ဇစ်(ဘွန်ဒက်စ်လီဂါ)

ဝါဒါဘရီမင် ၂ – ၁ လိုက်ပ်ဇစ်(ဘွန်ဒက်စ်လီဂါ)

လိုက်ပ်ဇစ် ၃ – ၂ ဝါဒါဘရီမင်(ဘွန်ဒက်စ်လီဂါ)

ဝါဒါဘရီမင် ၁ – ၁ လိုက်ပ်ဇစ်(ဘွန်ဒက်စ်လီဂါ)

လိုက်ပ်ဇစ် ၂ – ၀ ဝါဒါဘရီမင်(ဘွန်ဒက်စ်လီဂါ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး လိုက်ပ်ဇစ်အသင်းက သုံးပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံး ထားပြီး ဝါဒါဘရီမင်အသင်းက သုံးပွဲသရေ သုံးပွဲရှုံးထားပြီး နိုင်ပွဲပျောက်ဆုံးနေပါတယ်။ လိုက်ပ်ဇစ်အသင်းက ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၂၅ ပွဲကစားအပြီး ၂၃ ပွဲ ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ လိုက်ပ်ဇစ်အသင်းက အိမ်ကွင်းမှာ ဝါဒါဘရီမင်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ငါးပွဲ အနိုင်ရထားသလို သွင်းဂိုး အနည်းဆုံး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ လိုက်ပ်ဇစ်အသင်းက ဘွန်ဒက်စ်လီဂါ အိမ်ကွင်းပွဲ နောက်ဆုံး ငါးပွဲမှာ အနည်းဆုံး သွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ ဝါဒါဘရီမင်အသင်းက ဘွန်ဒက်စ်လီဂါ နောက်ဆုံး ခုနစ်ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေပါတယ်။

လိုက်ပ်ဇစ်အသင်းမှာ လိုင်မာ၊ ကလိုစတာမန်နဲ့ ဟမ်းရစ်တို့က ဒဏ်ရာရနေပြီး ဝါဒါဘရီမင်အသင်းမှာ ဖူးလ်ကော့နဲ့ ရာချီကာတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က လိုက်ပ်ဇစ်က အနိုင်ရဖို့ ရာနှုန်းပြည့် ရှိနေပြီး သွင်းဂိုး ၂-၀ လောက် သွင်းယူသွားနိုင်ပါတယ်။

Zawgyi

