အိမ်ကွင်းမှာ အက်သလက်တီကိုမက်ဒရစ် ရမှတ်ရရှိအောင် ကြိုးစားသွားမှာပါ

0
363

 

ezgif-7-cbfa92492bb7-2       ချန်ပီယံလိဂ် အုပ်စု(A)ရဲ့ အုပ်စုပွဲစဉ် ၅ အဖြစ် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ဟာ အက်သလက်တီကိုရဲ့ အိမ်ကွင်းပွဲအဖြစ် ၂-၁၂-၂၀၂၀ ရက် ဗုဒ္ဓဟူးနေ့နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်က ချန်ပီယံလိဂ် အုပ်စုပွဲ ၄ ပွဲကစားအပြီး ရမှတ် ၅ မှတ် ရရှိထားပြီး ဘိုင်ယန်မြူးနစ်က ရမှတ် ၁၂ မှတ်နဲ့ အုပ်စု ပထမနေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး ငါးကြိမ်

ဘိုင်ယန်မြူးနစ် ၄ – ၀ အက်သလက်တီကိုမက်ဒရစ်(ချန်ပီယံလိဂ်)

ဘိုင်ယန်မြူးနစ် ၁ – ၀ အက်သလက်တီကိုမက်ဒရစ်(ချန်ပီယံလိဂ်)

အက်သလက်တီကိုမက်ဒရစ် ၁ – ၀ ဘိုင်ယန်မြူးနစ်(ချန်ပီယံလိဂ်)

ဘိုင်ယန်မြူးနစ် ၂ – ၁ အက်သလက်တီကိုမက်ဒရစ်(ချန်ပီယံလိဂ်)

အက်သလက်တီကိုမက်ဒရစ် ၁ – ၀ ဘိုင်ယန်မြူးနစ်(ချန်ပီယံလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး အက်သလက်တီကိုမက်ဒရစ်အသင်းက လေးပွဲနိုင် နှစ်ပွဲသရေ ဖြစ်ထားပြီး ဘိုင်ယန်မြူးနစ်က ငါးပွဲနိုင် တစ်ပွဲသရေ ဖြစ်ထားပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ချန်ပီယံလိဂ် နောက်ဆုံး ၁၅ ပွဲဆက် အနိုင်ရထားပြီး ချန်ပီယံလိဂ် နောက်ဆုံး ၁၁ ပွဲကစားအပြီး ကိုးပွဲမှာ အနည်းဆုံးသွင်းဂိုး သုံးဂိုး သွင်းယူထားနိုင်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းက ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် အိမ်ကွင်းပွဲ နှစ်ပွဲတွေ့ဆုံအပြီးမှာ ၁-၀ နဲ့ အနိုင်ရထားပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းမှာ ဗာဆာဂျီကို၊ ကော်စတာ၊ ဆန်းချက်ဇ်တို့က ဒဏ်ရာရနေပြီး ဆွာရတ်ဇ်နဲ့ တော်အဲယားတို့က ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဘိုင်ယန်မြူးနစ်အသင်းမှာ ဒါးဗစ်နဲ့ ကစ်မင်းချ်တို့က ဒဏ်ရာရနေပြီး ရိုကာက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အက်သလက်တီကိုမက်ဒရစ်က အိမ်ကွင်းမှာ ရမှတ် ရရှိအောင် ကြိုးစားသွားမှ နောက်တစ်ဆင့်အတွက် အကောင်းဆုံးအနေအထားဖြစ်လာမှာ ဖြစ်ပါတယ်။ လက်ရှိဘိုင်ယန်ရဲ့ ခြေစွမ်းအရ အက်သလက်တီကိုက ရမှတ်ရယူနိုင်ဖို့ ခက်ခဲခဲကြိုးစားသွားရနိုင်ပါတယ်။

Zawgyi

အိမ္ကြင္းမွာ အက္သလက္တီကိုမက္ဒရစ္ ရမွတ္ရရွိေအာင္ ႀကိဳးစားသြားမွာပါ

ခ်န္ပီယံလိဂ္ အုပ္စု(A)ရဲ့ အုပ္စုပြဲစဥ္ ၅ အျဖစ္ အက္သလက္တီကိုမက္ဒရစ္အသင္းနဲ႔ ဘိုင္ယန္ျမဴးနစ္ အသင္းတို႔ဟာ အက္သလက္တီကိုရဲ့ အိမ္ကြင္းပြဲအျဖစ္ ၂-၁၂-၂၀၂၀ ရက္ ဗုဒၶဟူးေန႔နံနက္ ၂း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ အက္သလက္တီကိုမက္ဒရစ္က ခ်န္ပီယံလိဂ္ အုပ္စုပြဲ ၄ ပြဲကစားအၿပီး ရမွတ္ ၅ မွတ္ ရရွိထားၿပီး ဘိုင္ယန္ျမဴးနစ္က ရမွတ္ ၁၂ မွတ္နဲ႔ အုပ္စု ပထမေနရာမွာ ရွိေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံး ငါးႀကိမ္
ဘိုင္ယန္ျမဴးနစ္ ၄ – ၀ အက္သလက္တီကိုမက္ဒရစ္(ခ်န္ပီယံလိဂ္)
ဘိုင္ယန္ျမဴးနစ္ ၁ – ၀ အက္သလက္တီကိုမက္ဒရစ္(ခ်န္ပီယံလိဂ္)
အက္သလက္တီကိုမက္ဒရစ္ ၁ – ၀ ဘိုင္ယန္ျမဴးနစ္(ခ်န္ပီယံလိဂ္)
ဘိုင္ယန္ျမဴးနစ္ ၂ – ၁ အက္သလက္တီကိုမက္ဒရစ္(ခ်န္ပီယံလိဂ္)
အက္သလက္တီကိုမက္ဒရစ္ ၁ – ၀ ဘိုင္ယန္ျမဴးနစ္(ခ်န္ပီယံလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး အက္သလက္တီကိုမက္ဒရစ္အသင္းက ေလးပြဲနိုင္ ႏွစ္ပြဲသေရ ျဖစ္ထားၿပီး ဘိုင္ယန္ျမဴးနစ္က ငါးပြဲနိုင္ တစ္ပြဲသေရ ျဖစ္ထားပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းက ခ်န္ပီယံလိဂ္ ေနာက္ဆုံး ၁၅ ပြဲဆက္ အနိုင္ရထားၿပီး ခ်န္ပီယံလိဂ္ ေနာက္ဆုံး ၁၁ ပြဲကစားအၿပီး ကိုးပြဲမွာ အနည္းဆုံးသြင္းဂိုး သုံးဂိုး သြင္းယူထားနိုင္ပါတယ္။ အက္သလက္တီကိုမက္ဒရစ္အသင္းက ဘိုင္ယန္ျမဴးနစ္နဲ႔ ခ်န္ပီယံလိဂ္ အိမ္ကြင္းပြဲ ႏွစ္ပြဲေတြ႕ဆုံအၿပီးမွာ ၁-၀ နဲ႔ အနိုင္ရထားပါတယ္။
အက္သလက္တီကိုမက္ဒရစ္အသင္းမွာ ဗာဆာဂ်ီကို၊ ေကာ္စတာ၊ ဆန္းခ်က္ဇ္တို႔က ဒဏ္ရာရေနၿပီး ဆြာရတ္ဇ္နဲ႔ ေတာ္အဲယားတို႔က ပါဝင္နိုင္မွာ မဟုတ္ပါဘူး။ ဘိုင္ယန္ျမဴးနစ္အသင္းမွာ ဒါးဗစ္နဲ႔ ကစ္မင္းခ်္တို႔က ဒဏ္ရာရေနၿပီး ရိုကာက ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က အက္သလက္တီကိုမက္ဒရစ္က အိမ္ကြင္းမွာ ရမွတ္ ရရွိေအာင္ ႀကိဳးစားသြားမွ ေနာက္တစ္ဆင့္အတြက္ အေကာင္းဆုံးအေနအထားျဖစ္လာမွာ ျဖစ္ပါတယ္။ လက္ရွိဘိုင္ယန္ရဲ့ ေျခစြမ္းအရ အက္သလက္တီကိုက ရမွတ္ရယူနိုင္ဖို႔ ခက္ခဲခဲႀကိဳးစားသြားရနိုင္ပါတယ္။