အိမ်ကွင်းမှာ အစ္စတန်ဘောအသင်းကို ပီအက်စ်ဂျီအနိုင်ယူပြီး နောက်တစ်ဆင့်တက်ရောက်နိုင်အောင် စွမ်းဆောင်သွားမှာပါ

0
277

 

SBOTop Dec            ချန်ပီယံလိဂ် အုပ်စု(H) ရဲ့ အုပ်စုပွဲစဉ် ၆ အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ အစ္စတန်ဘောအသင်းတို့ဟာ ပီအက်စ်ဂျီရဲ့ အိမ်ကွင်းပွဲအဖြစ် ၉-၁၂-၂၀၂၀ ရက် ဗုဒ္ဓဟူးနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းက ချန်ပီယံလိဂ် အုပ်စုပွဲ ၅ ပွဲကစားအပြီး ရမှတ် ၉ မှတ်နဲ့ အုပ်စုဒုတိယနေရာမှာ ရှိနေပြီး အစ္စတန်ဘောအသင်းက ရမှတ် ၃ မှတ်နဲ့ အုပ်စုအောက်ဆုံးမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုအနေနဲ့ ပြီးခဲ့တဲ့ ပထမအကျော့ပွဲမှာ ပီအက်စ်ဂျီက အစ္စတန်ဘောကွင်းမှာ ၂-၀ နဲ့ အနိုင်ရထားပါတယ်။ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ပီအက်စ်ဂျီက လေးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးထားပြီး အစ္စတန်ဘောအသင်းက နှစ်ပွဲသရေ လေးပွဲရှုံးထားပါတယ်။ အစ္စတန်ဘောအသင်းက ချန်ပီယံလိဂ် နောက်ဆုံး ခုနစ်ပွဲကစားအပြီး ခြောက်ပွဲရှုံးထားပြီး ချန်ပီယံလိဂ်နောက်ဆုံး ခြောက်ပွဲကစားအပြီး ငါးပွဲမှာ ပေးဂိုးအနည်းဆုံး နှစ်ဂိုးပေးထားရပါတယ်။

ပီအက်စ်ဂျီအသင်းမှာ ဘာနက်၊ အိုင်ကာဒီနဲ့ ဆာရာဘီအာတို့က ဒဏ်ရာရနေပြီး အစ္စတန်ဘောအသင်းမှာ ကိုင်ကာရာက ဒဏ်ရာရနေပြီး စကက်တယ်က ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ခြေစွမ်းကောင်းတွေ ဖြစ်ပေါ်နေတဲ့ ပီအက်စ်ဂျီက အိမ်ကွင်းမှာ အနိုင်ရဖို့ ၆၀% ရှိနေပြီး သရေဖြစ်ဖို့ ၃၀%နဲ့ အစ္စတန်ဘောအနိုင်ရဖို့ ၁၀% လောက်ပဲ ရှိနေပါတယ်။ ပီအက်စ်ဂျီက မန်ချက်စတာယူနိုက်တက်ကို အဝေးကွင်းမှာ အနိုင်ရခဲ့ခြင်းက အုပ်စုပွဲကနေ ၁၆ သင်းရှုံးထွက်ကို တက်ရောက်နိုင်ဖို့ အလားအလာပိုမိုကောင်းခဲ့တာ ဖြစ်ပါတယ်။

Zawgyi

အိမ္ကြင္းမွာ အစၥတန္ေဘာအသင္းကို ပီအက္စ္ဂ်ီအနိုင္ယူၿပီး ေနာက္တစ္ဆင့္တက္ေရာက္နိုင္ေအာင္ စြမ္းေဆာင္သြားမွာပါ

ခ်န္ပီယံလိဂ္ အုပ္စု(H) ရဲ့ အုပ္စုပြဲစဥ္ ၆ အျဖစ္ ပီအက္စ္ဂ်ီအသင္းနဲ႔ အစၥတန္ေဘာအသင္းတို႔ဟာ ပီအက္စ္ဂ်ီရဲ့ အိမ္ကြင္းပြဲအျဖစ္ ၉-၁၂-၂၀၂၀ ရက္ ဗုဒၶဟူးေန႔ နံနက္ ၂း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းက ခ်န္ပီယံလိဂ္ အုပ္စုပြဲ ၅ ပြဲကစားအၿပီး ရမွတ္ ၉ မွတ္နဲ႔ အုပ္စုဒုတိယေနရာမွာ ရွိေနၿပီး အစၥတန္ေဘာအသင္းက ရမွတ္ ၃ မွတ္နဲ႔ အုပ္စုေအာက္ဆုံးမွာ ရွိေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈအေနနဲ႔ ၿပီးခဲ့တဲ့ ပထမအေက်ာ့ပြဲမွာ ပီအက္စ္ဂ်ီက အစၥတန္ေဘာကြင္းမွာ ၂-၀ နဲ႔ အနိုင္ရထားပါတယ္။ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး ပီအက္စ္ဂ်ီက ေလးပြဲနိုင္ တစ္ပြဲသေရ တစ္ပြဲရႈံးထားၿပီး အစၥတန္ေဘာအသင္းက ႏွစ္ပြဲသေရ ေလးပြဲရႈံးထားပါတယ္။ အစၥတန္ေဘာအသင္းက ခ်န္ပီယံလိဂ္ ေနာက္ဆုံး ခုနစ္ပြဲကစားအၿပီး ေျခာက္ပြဲရႈံးထားၿပီး ခ်န္ပီယံလိဂ္ေနာက္ဆုံး ေျခာက္ပြဲကစားအၿပီး ငါးပြဲမွာ ေပးဂိုးအနည္းဆုံး ႏွစ္ဂိုးေပးထားရပါတယ္။
ပီအက္စ္ဂ်ီအသင္းမွာ ဘာနက္၊ အိုင္ကာဒီနဲ႔ ဆာရာဘီအာတို႔က ဒဏ္ရာရေနၿပီး အစၥတန္ေဘာအသင္းမွာ ကိုင္ကာရာက ဒဏ္ရာရေနၿပီး စကက္တယ္က ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က ေျခစြမ္းေကာင္းေတြ ျဖစ္ေပၚေနတဲ့ ပီအက္စ္ဂ်ီက အိမ္ကြင္းမွာ အနိုင္ရဖို႔ ၆၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၃၀%နဲ႔ အစၥတန္ေဘာအနိုင္ရဖို႔ ၁၀% ေလာက္ပဲ ရွိေနပါတယ္။ ပီအက္စ္ဂ်ီက မန္ခ်က္စတာယူနိုက္တက္ကို အေဝးကြင္းမွာ အနိုင္ရခဲ့ျခင္းက အုပ္စုပြဲကေန ၁၆ သင္းရႈံးထြက္ကို တက္ေရာက္နိုင္ဖို႔ အလားအလာပိုမိုေကာင္းခဲ့တာ ျဖစ္ပါတယ္။