အိမ်ကွင်းမှာ အာဆင်နယ်နဲ့တွေ့တိုင်း မရှုံးတတ်တဲ့ ဘရိုင်တန် သရေရလဒ် ဖြစ်လာနိုင်တယ်

0
364

 

SBOTop Dec           ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ အဖြစ် ဘရိုင်တန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ဘရိုင်တန်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၉-၁၂-၂၀၂၀ ရက် အင်္ဂါနေ့ည ၁၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဘရိုင်တန်အသင်း က ပရီးမီးယားလိဂ် ၁၅ ပွဲကစားအပြီး ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၁၆ နေရာမှာ ရှိနေပြီး အာဆင်နယ်က ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဘရိုင်တန် ၂ – ၁ အာဆင်နယ်(ပရီးမီးယားလိဂ်)

အာဆင်နယ် ၁ – ၂ ဘရိုင်တန်(ပရီးမီးယားလိဂ်)

အာဆင်နယ် ၁ – ၁ ဘရိုင်တန်(ပရီးမီးယားလိဂ်)

ဘရိုင်တန် ၁ – ၁ အာဆင်နယ်(ပရီးမီးယားလိဂ်)

ဘရိုင်တန် ၂ – ၁ အာဆင်နယ်(ပရီးမီးယားလိဂ်)

အာဆင်နယ် ၂ – ၀ ဘရိုင်တန်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ဘရိုင်တန်က လေးပွဲသရေ နှစ်ပွဲရှုံးထားပြီး အာဆင်နယ်က နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ သုံးပွဲရှုံးထားပါတယ်။ ဘရိုင်တန်အသင်းက အာဆင်နယ်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ငါးပွဲမှာ ရှုံးပွဲမရှိခဲ့ဘဲ သုံးပွဲနိုင် နှစ်ပွဲသရေ ဖြစ်ထားပါတယ်။ ဘရိုင်တန်က ပရီးမီးယားလိဂ် ၁၃ ပွဲမှာ တစ်ပွဲသာ အနိုင်ရထားပြီး ခုနစ်ပွဲသရေ ငါးပွဲရှုံးထားပါတယ်။ ဘရိုင်တန်အသင်းဟာ နှစ် တစ်နှစ်ရဲ့ နောက်ဆုံးပွဲစဉ် ခုနစ်နှစ် ဖြတ်သန်းအပြီးမှာ တစ်ပွဲသာ ရှုံးထားပါတယ်။ ဘရိုင်တန် မန်နေဂျာ ပေါ်တာ အနေနဲ့ ပွဲ ၁၀၀ ပြည့် ပွဲစဉ်ဖြစ်လာမှာ ဖြစ်လို့ အိမ်ကွင်းမှာ အာဆင်နယ်ကို ဖိအားပေးသွားနိုင်ပါတယ်။ ဘရိုင်တန်က ပရီးမီးယားလိဂ် နောက်ဆုံး သုံးပွဲမှာ သရေဖြစ်ထားပြီး အာဆင်နယ်က ဘောင်စင်ဒေးမှာ ချဲလ်ဆီးကို အနိုင်ရခဲ့ပြီးနောက် ခုနစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေခြင်းကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ် အဝေးကွင်းပွဲ ခြောက်ပွဲမှာ သွင်းဂိုး သုံးဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

ဘရိုင်တန်အသင်းမှာ အီဇူအာဒို၊ အမ်ဒိုနီ၊ လန့်ပ်တေးနဲ့ လာလန်နာတို့က ဒဏ်ရာရနေပြီး အာဆင်နယ် အသင်းမှာ ပါတေးနဲ့ ဒေးဗစ် လုဗ်တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဘရိုင်တန်က အနိုင်ရဖို့ ၅၀% ရှိနေပြီး သရေဖြစ်ဖို့ ၁၀% နဲ့ အာဆင်နယ် အနိုင်ရဖို့ ၄၀% ရှိနေပါတယ်။

Zawgyi

အိမ္ကြင္းမွာ အာဆင္နယ္နဲ႔ေတြ႕တိုင္း မရႈံးတတ္တဲ့ ဘရိုင္တန္ သေရရလဒ္ ျဖစ္လာနိုင္တယ္

ပရီးမီးယားလိဂ္ပြဲစဥ္ ၁၆ အျဖစ္ ဘရိုင္တန္အသင္းနဲ႔ အာဆင္နယ္အသင္းတို႔ဟာ ဘရိုင္တန္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၂၉-၁၂-၂၀၂၀ ရက္ အဂၤါေန႔ည ၁၂း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ ဘရိုင္တန္အသင္း က ပရီးမီးယားလိဂ္ ၁၅ ပြဲကစားအၿပီး ရမွတ္ ၁၃ မွတ္နဲ႔ အဆင့္ ၁၆ ေနရာမွာ ရွိေနၿပီး အာဆင္နယ္က ရမွတ္ ၁၇ မွတ္နဲ႔ အဆင့္ ၁၅ ေနရာမွာ ရွိေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
ဘရိုင္တန္ ၂ – ၁ အာဆင္နယ္(ပရီးမီးယားလိဂ္)
အာဆင္နယ္ ၁ – ၂ ဘရိုင္တန္(ပရီးမီးယားလိဂ္)
အာဆင္နယ္ ၁ – ၁ ဘရိုင္တန္(ပရီးမီးယားလိဂ္)
ဘရိုင္တန္ ၁ – ၁ အာဆင္နယ္(ပရီးမီးယားလိဂ္)
ဘရိုင္တန္ ၂ – ၁ အာဆင္နယ္(ပရီးမီးယားလိဂ္)
အာဆင္နယ္ ၂ – ၀ ဘရိုင္တန္(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး ဘရိုင္တန္က ေလးပြဲသေရ ႏွစ္ပြဲရႈံးထားၿပီး အာဆင္နယ္က ႏွစ္ပြဲနိုင္ တစ္ပြဲသေရနဲ႔ သုံးပြဲရႈံးထားပါတယ္။ ဘရိုင္တန္အသင္းက အာဆင္နယ္နဲ႔ ေနာက္ဆုံး ေတြ႕ဆုံခဲ့တဲ့ ပရီးမီးယားလိဂ္ ငါးပြဲမွာ ရႈံးပြဲမရွိခဲ့ဘဲ သုံးပြဲနိုင္ ႏွစ္ပြဲသေရ ျဖစ္ထားပါတယ္။ ဘရိုင္တန္က ပရီးမီးယားလိဂ္ ၁၃ ပြဲမွာ တစ္ပြဲသာ အနိုင္ရထားၿပီး ခုနစ္ပြဲသေရ ငါးပြဲရႈံးထားပါတယ္။ ဘရိုင္တန္အသင္းဟာ ႏွစ္ တစ္ႏွစ္ရဲ့ ေနာက္ဆုံးပြဲစဥ္ ခုနစ္ႏွစ္ ျဖတ္သန္းအၿပီးမွာ တစ္ပြဲသာ ရႈံးထားပါတယ္။ ဘရိုင္တန္ မန္ေနဂ်ာ ေပၚတာ အေနနဲ႔ ပြဲ ၁၀၀ ျပည့္ ပြဲစဥ္ျဖစ္လာမွာ ျဖစ္လို႔ အိမ္ကြင္းမွာ အာဆင္နယ္ကို ဖိအားေပးသြားနိုင္ပါတယ္။ ဘရိုင္တန္က ပရီးမီးယားလိဂ္ ေနာက္ဆုံး သုံးပြဲမွာ သေရျဖစ္ထားၿပီး အာဆင္နယ္က ေဘာင္စင္ေဒးမွာ ခ်ဲလ္ဆီးကို အနိုင္ရခဲ့ၿပီးေနာက္ ခုနစ္ပြဲဆက္ နိုင္ပြဲေပ်ာက္ဆုံးေနျခင္းကို အဆုံးသတ္နိုင္ခဲ့ပါတယ္။ အာဆင္နယ္က ပရီးမီးယားလိဂ္ အေဝးကြင္းပြဲ ေျခာက္ပြဲမွာ သြင္းဂိုး သုံးဂိုးသာသြင္းယူနိုင္ခဲ့ပါတယ္။
ဘရိုင္တန္အသင္းမွာ အီဇူအာဒို၊ အမ္ဒိုနီ၊ လန႔္ပ္ေတးနဲ႔ လာလန္နာတို႔က ဒဏ္ရာရေနၿပီး အာဆင္နယ္ အသင္းမွာ ပါေတးနဲ႔ ေဒးဗစ္ လုဗ္တို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က ဘရိုင္တန္က အနိုင္ရဖို႔ ၅၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၁၀% နဲ႔ အာဆင္နယ္ အနိုင္ရဖို႔ ၄၀% ရွိေနပါတယ္။