အိမ်ကွင်းမှာ အေစီမီလန်က အနိုင်ရဖို့ ရာနှုန်းပြည့် ရှိနေတယ်

0
234

 

ezgif-7-cbfa92492bb7-2            ယူရိုပါလိဂ်အုပ်စု(H) ရဲ့ အုပ်စုပွဲစဉ် ၅ အဖြစ် အေစီမီလန်အသင်းနဲ့ ဆဲလ်တစ်အသင်းတို့ဟာ အေစီမီလန်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၃-၁၂-၂၀၂၀ ရက် ကြာသပတေးည ၁၂း၂၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ အေစီမီလန်အသင်းက အုပ်စုပွဲ ၄ ပွဲကစားအပြီး ရမှတ် ၇ မှတ်နဲ့ အုပ်စု ဒုတိယနေရာမှာ ရှိနေပြီး ဆဲလ်တစ်က ရမှတ် ၁ မှတ်နဲ့ အုပ်စုအဆင့်လေးနေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဆဲလ်တစ် ၁ – ၃ အေစီမီလန်(ယူရိုပါလိဂ်)

ဆဲလ်တစ် ၀ – ၃ အေစီမီလန်(ချန်ပီယံလိဂ်)

အေစီမီလန် ၂ – ၀ ဆဲလ်တစ်(ချန်ပီယံလိဂ်)

အေစီမီလန် ၁ – ၀ ဆဲလ်တစ်(ချန်ပီယံလိဂ်)

ဆဲလ်တစ် ၂ – ၁ အေစီမီလန်(ချန်ပီယံလိဂ်)

အေစီမီလန် ၁ – ၀ ဆဲလ်တစ်(ချန်ပီယံလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး အေစီမီလန်အသင်းက သုံးပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံး ထားပြီး ဆဲလ်တစ်အသင်းက နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ သုံးပွဲရှုံးထားပါတယ်။ အေစီမီလန်က ဆဲလ်တစ်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးလေးပွဲမှာ အနိုင်ရထားပြီး ဆဲလ်တစ်အသင်းနဲ့ အိမ်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးသုံးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ ဆဲလ်တစ်အသင်းက ယူရိုပါလိဂ် နောက်ဆုံး လေးပွဲမှာ ပေးဂိုးအနည်းဆုံး နှစ်ဂိုးပေးထားရပြီး အေစီမီလန်က ဆဲလ်တစ်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး သုံးပွဲမှာ သွင်းဂိုး အနည်းဆုံး နှစ်ဂိုး သွင်းယူထားပါတယ်။

အေစီမီလန်အသင်းမှာ အီဗရာဟင် မိုဗစ်၊ မူဆာချိုနဲ့ လီအာယိုတို့က ဒဏ်ရာရနေပြီး ဆဲလ်တစ်အသင်းမှာ ဖော့ရက်က ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အေစီမီလန်က အနိုင်ရဖို့ ရာနှုန်းပြည့် ရှိနေပြီး သွင်းဂိုး ၂-၀ လောက်နဲ့ အနိုင်ယူသွားနိုင်ပါတယ်။

Zawgyi

