အိမ်ရှင် ချဲလ်ဆီးက တစ်ဂိုးအသာလောက်နဲ့ လိဒ်အသင်းကို အနိုင်ယူသွားမှာပါ

0
250

 

ezgif-7-cbfa92492bb7-2       ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ အဖြစ် ချဲလ်ဆီးအသင်းနဲ့ လိဒ်အသင်းတို့ဟာ ချဲလ်ဆီးရဲ့ အိမ်ကွင်းပွဲအဖြစ် ၆-၁၂-၂၀၂၀ ရက် တနင်္ဂနွေနေ့နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ် ၁၀ ပွဲကစားအပြီး ရမှတ် ၁၉ မှတ်နဲ့ တတိယနေရာမှာ ရှိနေပြီး လိဒ်အသင်းက ရမှတ် ၁၄ မှတ်နဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

လိဒ် ၁ – ၅ ချဲလ်ဆီး(လိဂ်ဖလား)

ချဲလ်ဆီး ၁ – ၀ လိဒ်(ပရီးမီးယားလိဂ်)

လိဒ် ၁ – ၁ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

ချဲလ်ဆီး ၃ – ၂ လိဒ်(ပရီးမီးယားလိဂ်)

လိဒ် ၂ – ၀ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

ချဲလ်ဆီး ၂ – ၀ လိဒ်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ချဲလ်ဆီးအသင်းက ငါးပွဲနိုင် တစ်ပွဲသရေ ဖြစ်ထားပြီး လိဒ်အသင်းက နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ သုံးပွဲရှုံးထားပါတယ်။ လိဒ်အသင်းအနေနဲ့ ချဲလ်ဆီးကွင်းမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ခဲ့ရင် ၂၀၀၂ ခုနှစ်နောက်ပိုင်း သုံးပွဲဆက် ပေးဂိုးမရှိ မှတ်တမ်းတစ်ခု ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ လိဒ်အသင်းမှာ သွင်းဂိုး ခုနစ်ဂိုး သွင်းယူထားနိုင်တဲ့ ဘန်ဖို့ဒ်က သွင်းဂိုး ခြောက်ဂိုးကို အဝေးကွင်းတွေမှာ သွင်းယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက တိုက်စစ်ပိုင်းက သွင်းဂိုး ၂၂ ဂိုးအထိ သွင်းယူထားနိုင်ပြီး လီဗာပူးလ်အသင်းနဲ့ သွင်းဂိုးတူ ဂိုးသွင်းအများဆုံး သွင်းယူထားနိုင်ပါတယ်။ ချဲလ်ဆီးအသင်းက ပရီးမီးယားလိဂ် နောက်ဆုံး ခုနစ်ပွဲကစားအပြီး ငါးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ ချဲလ်ဆီးက အိမ်ကွင်းမှာ လိဒ်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး သုံးပွဲ အနိုင်ရထားပါတယ်။ ချဲလ်ဆီးက ပရီးမီးယားလိဂ် နောက်ဆုံး ရှစ်ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။

ချဲလ်ဆီးအသင်းမှာ ဒဏ်ရာရ ပွဲပယ်ကစားသမား ကင်းစင်နေပြီး လိဒ်အသင်းမှာ ဘာအာဒီက ဒဏ်ရာရနေလို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ချဲလ်ဆီးအသင်းက အိမ်ကွင်းမှာ အနိုင်ရဖို့ ၆၀% ရှိနေပြီး သရေဖြစ်ဖို့ ၂၀% နဲ့ လိဒ်အနိုင်ရဖို့ ၂၀% ရှိနေပါတယ်။

Zawgyi

အိမ္ရွင္ ခ်ဲလ္ဆီးက တစ္ဂိုးအသာေလာက္နဲ႔ လိဒ္အသင္းကို အနိုင္ယူသြားမွာပါ

ပရီးမီးယားလိဂ္ပြဲစဥ္ ၁၁ အျဖစ္ ခ်ဲလ္ဆီးအသင္းနဲ႔ လိဒ္အသင္းတို႔ဟာ ခ်ဲလ္ဆီးရဲ့ အိမ္ကြင္းပြဲအျဖစ္ ၆-၁၂-၂၀၂၀ ရက္ တနဂၤေႏြေန႔နံနက္ ၂း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းက ပရီးမီးယားလိဂ္ ၁၀ ပြဲကစားအၿပီး ရမွတ္ ၁၉ မွတ္နဲ႔ တတိယေနရာမွာ ရွိေနၿပီး လိဒ္အသင္းက ရမွတ္ ၁၄ မွတ္နဲ႔ အဆင့္ ၁၂ ေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
လိဒ္ ၁ – ၅ ခ်ဲလ္ဆီး(လိဂ္ဖလား)
ခ်ဲလ္ဆီး ၁ – ၀ လိဒ္(ပရီးမီးယားလိဂ္)
လိဒ္ ၁ – ၁ ခ်ဲလ္ဆီး(ပရီးမီးယားလိဂ္)
ခ်ဲလ္ဆီး ၃ – ၂ လိဒ္(ပရီးမီးယားလိဂ္)
လိဒ္ ၂ – ၀ ခ်ဲလ္ဆီး(ပရီးမီးယားလိဂ္)
ခ်ဲလ္ဆီး ၂ – ၀ လိဒ္(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး ခ်ဲလ္ဆီးအသင္းက ငါးပြဲနိုင္ တစ္ပြဲသေရ ျဖစ္ထားၿပီး လိဒ္အသင္းက ႏွစ္ပြဲနိုင္ တစ္ပြဲသေရနဲ႔ သုံးပြဲရႈံးထားပါတယ္။ လိဒ္အသင္းအေနနဲ႔ ခ်ဲလ္ဆီးကြင္းမွာ ေပးဂိုးမရွိ ျဖစ္ေပၚခဲ့ရင္ ၂၀၀၂ ခုႏွစ္ေနာက္ပိုင္း သုံးပြဲဆက္ ေပးဂိုးမရွိ မွတ္တမ္းတစ္ခု ျဖစ္ေပၚေစမွာ ျဖစ္ပါတယ္။ လိဒ္အသင္းမွာ သြင္းဂိုး ခုနစ္ဂိုး သြင္းယူထားနိုင္တဲ့ ဘန္ဖို႔ဒ္က သြင္းဂိုး ေျခာက္ဂိုးကို အေဝးကြင္းေတြမွာ သြင္းယူ နိုင္ခဲ့တာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းက တိုက္စစ္ပိုင္းက သြင္းဂိုး ၂၂ ဂိုးအထိ သြင္းယူထားနိုင္ၿပီး လီဗာပူးလ္အသင္းနဲ႔ သြင္းဂိုးတူ ဂိုးသြင္းအမ်ားဆုံး သြင္းယူထားနိုင္ပါတယ္။ ခ်ဲလ္ဆီးအသင္းက ပရီးမီးယားလိဂ္ ေနာက္ဆုံး ခုနစ္ပြဲကစားအၿပီး ငါးပြဲမွာ ေပးဂိုးမရွိ ျဖစ္ေပၚထားပါတယ္။ ခ်ဲလ္ဆီးက အိမ္ကြင္းမွာ လိဒ္အသင္းနဲ႔ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး သုံးပြဲ အနိုင္ရထားပါတယ္။ ခ်ဲလ္ဆီးက ပရီးမီးယားလိဂ္ ေနာက္ဆုံး ရွစ္ပြဲဆက္ ရႈံးပြဲမရွိ ျဖစ္ေပၚထားပါတယ္။
ခ်ဲလ္ဆီးအသင္းမွာ ဒဏ္ရာရ ပြဲပယ္ကစားသမား ကင္းစင္ေနၿပီး လိဒ္အသင္းမွာ ဘာအာဒီက ဒဏ္ရာရေနလို႔ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က ခ်ဲလ္ဆီးအသင္းက အိမ္ကြင္းမွာ အနိုင္ရဖို႔ ၆၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၂၀% နဲ႔ လိဒ္အနိုင္ရဖို႔ ၂၀% ရွိေနပါတယ္။