အိမ်ရှင် ရီးရဲလ်မက်ဒရစ်ကပဲ နိုင်ပွဲတစ်ပွဲဖြစ်လာအောင် ဖော်ဆောင်သွားမှာပါ

0
346

 

SBOTop Dec         လာလီဂါပွဲစဉ် ၁၅ အဖြစ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဂရန်းနားဒါအသင်းတို့ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၄-၁၂-၂၀၂၀ ရက် ကြာသပတေးနေ့ နံနက် ၁း၁၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက လာလီဂါ ၁၄ ပွဲကစားအပြီး ရမှတ် ၂၉ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရှိနေပြီး ဂရန်းနားဒါ က ၁၃ ပွဲကစားအပြီး ရမှတ် ၂၁ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဂရန်းနားဒါ ၁ – ၂ ရီးရဲလ်မက်ဒရစ်(လာလီဂါ)

ရီးရဲလ်မက်ဒရစ် ၄ – ၂ ဂရန်းနားဒါ(လာလီဂါ)

ဂရန်းနားဒါ ၀ – ၄ ရီးရဲလ်မက်ဒရစ်(လာလီဂါ)

ရီးရဲလ်မက်ဒရစ် ၅ – ၀ ဂရန်းနားဒါ(လာလီဂါ)

ဂရန်းနားဒါ ၁ – ၂ ရီးရဲလ်မက်ဒရစ်(လာလီဂါ)

ရီးရဲလ်မက်ဒရစ် ၁ – ၀ ဂရန်းနားဒါ(လာလီဂါ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ရီးရဲလ်မက်ဒရစ်က ငါးပွဲနိုင် တစ်ပွဲရှုံးထားပြီး ဂရန်းနားဒါက သုံးပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။ ရီးရဲလ်မက်ဒရစ်က ဂရန်းနားဒါနဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၁၀ ပွဲဆက် အနိုင်ရထားပါတယ်။ ရီးရဲလ်မက်ဒရစ်က လာလီဂါ နောက်ဆုံး ၁၃ ပွဲကစားအပြီး ၁၁ ပွဲ အနိုင်ရထားပါတယ်။ ရီးရဲလ်မက်ဒရစ်က ဂရန်းနားဒါနဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၉ ပွဲကစားအပြီး ၈ ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ ရီးရဲလ်မက်ဒရစ်က လာလီဂါ နောက်ဆုံးသုံးပွဲမှာ အနည်းဆုံး သွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ အစ္စကိုက ပါဝင်နိုင်ဖို့ မသေချာဘဲ ဂရန်းနားဒါအသင်းမှာ လိုဇန်နိုနဲ့ မွန်နိုကို တို့က ဒဏ်ရာရနေပြီး ဂွန်နယ်လွန်က ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ရီးရဲလ်မက်ဒရစ်က အနိုင်ရဖို့ ၇၅% ရှိနေပြီး ဂရန်းနားဒါအနိုင်ရဖို့ ၂၅% ရှိနေပြီး သွင်းဂိုး ၂-၁ လောက် ဖြစ်ပေါ်လာနိုင်ပါတယ်။

Zawgyi

