အိမ်ရှင် လီဗာပူးလ်က တစ်ဂိုးအသာလောက်နဲ့ ဝုဗ်ကိုအနိုင်ယူသွားမှာပါ

0
202

 

SBOTop Dec           ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ အဖြစ် လီဗာပူးလ်အသင်းနဲ့ ဝုဗ်အသင်းတို့ဟာ လီဗာပူးလ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၇-၁၂-၂၀၂၀ ရက် တနင်္လာနေ့ နံနက် ၁း၄၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် ၁၀ ပွဲကစားအပြီး ရမှတ် ၂၁ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရှိနေပြီး ဝုဗ်အသင်းက ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဝုဗ် ၁ – ၂ လီဗာပူးလ်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၁ – ၀ ဝုဗ်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၂ – ၀ ဝုဗ်(ပရီးမီးယားလိဂ်)

ဝုဗ် ၂ – ၁ လီဗာပူးလ်(အက်ဖ်အေဖလား)

ဝုဗ် ၀ – ၂ လီဗာပူးလ်(ပရီးမီးယားလိဂ်)

လီဗာပူးလ် ၁ – ၂ ဝုဗ်(အက်ဖ်အေဖလား)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး လီဗာပူးလ်က သုံးပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး ဝုဗ်အသင်းက သုံးပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပါတယ်။ လီဗာပူးလ်အသင်းက ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံး ၄၃ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ လီဗာပူးလ်က ဝုဗ်အသင်းနဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၁၀ ပွဲကစားအပြီး ရှစ်ပွဲ အနိုင်ရထားပါတယ်။ လီဗာပူးလ်က ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံး ခြောက်ပွဲဆက် အနိုင်ရထားပါတယ်။ ဝုဗ်အသင်းက ပရီးမီးယားလိဂ် နောက်ဆုံး ခုနစ်ပွဲမှာ တစ်ပွဲသာ ရှုံးထားပြီး လေးပွဲနိုင် နှစ်ပွဲသရေ ဖြစ်ပေါ်ထားပါတယ်။ လီဗာပူးလ်ဟာ ယခုနှစ် ဘောလုံးရာသီရဲ့ ပြိုင်ပွဲတိုင်းမှာ ဂိုးသွင်းယူထားနိုင်ပါတယ်။

လီဗာပူးလ်အသင်းမှာ ဂိုမက်ဇ်၊ ဗန်ဒိုက်၊ သီယာဂိုနဲ့ အော်လစ်ဆင်တို့က ဒဏ်ရာရနေပြီး ဝုဗ်အသင်းမှာ ဂျင်မီနက်ဇ်နဲ့ ဂွျန်နီတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က လီဗာပူးလ်အသင်းက အိမ်ကွင်းမှာ အနိုင်ရဖို့ ၆၀% ရှိနေပြီး ဝုဗ်အသင်းက အနိုင်ရဖို့ ၄၀% ရှိနေပါတယ်။

Zawgyi


လီဗာပူးလ်အသင်းမှာ ဂိုမက်ဇ်၊ ဗန်ဒိုက်၊ သီယာဂိုနဲ့ အော်လစ်ဆင်တို့က ဒဏ်ရာရနေပြီး ဝုဗ်အသင်းမှာ ဂျင်မီနက်ဇ်နဲ့ ဂျွန်နီတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။