အီဘာကွင်းမှာ ရီးရဲလ်မက်ဒရစ်က အနိုင်ရဖို့ ၇၅% ရှိနေတယ်

0
232

 

ezgif-7-cbfa92492bb7-2        လာလီဂါပွဲစဉ် ၁၄ အဖြစ် အီဘာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ အီဘာရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၁-၁၂-၂၀၂၀ ရက် တနင်္လာနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ အီဘာအသင်းက လာလီဂါ ၁၃ ပွဲ ကစားအပြီး ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရှိနေပြီး ရီးရဲလ်မက်ဒရစ်က ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ရီးရဲလ်မက်ဒရစ် ၃ – ၁ အီဘာ(လာလီဂါ)

အီဘာ ၀ – ၄ ရီးရဲလ်မက်ဒရစ်(လာလီဂါ)

ရီးရဲလ်မက်ဒရစ် ၂ – ၁ အီဘာ(လာလီဂါ)

အီဘာ ၃ – ၀ ရီးရဲလ်မက်ဒရစ်(လာလီဂါ)

အီဘာ ၁ – ၂ ရီးရဲလ်မက်ဒရစ်(လာလီဂါ)

ရီးရဲလ်မက်ဒရစ် ၃ – ၀ အီဘာ(လာလီဂါ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး အီဘာအသင်းက နှစ်ပွဲနိုင် လေးပွဲသရေ ဖြစ်ထားပြီး ရီးရဲလ်မက်ဒရစ်အသင်းက လေးပွဲနိုင် နှစ်ပွဲရှုံးထားပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက အီဘာအသင်းနဲ့ ပြိုင်ပွဲ အရပ်ရပ် နောက်ဆုံး ခုနစ်ပွဲတွေ့ဆုံအပြီး ခြောက်ပွဲအနိုင်ရထားပါတယ်။ အီဘာအသင်းက လာလီဂါ အိမ်ကွင်း နောက်ဆုံး ငါးပွဲဆက် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပါဘူး။ ရီးရဲလ်မက်ဒရစ်က အီဘာနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခုနစ်ပွဲ ကစားအပြီး ခြောက်ပွဲမှာ သွင်းဂိုး အနည်းဆုံး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ အီဘာအသင်းက လာလီဂါ အိမ်ကွင်းပွဲ ခုနစ်ပွဲဆက် အနိုင်ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။ အီဘာအသင်းက လာလီဂါ နောက်ဆုံး ရှစ်ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးအောက်သာ သွင်းယူနိုင်ခဲ့ပါတယ်။

အီဘာအသင်းမှာ ကိုတီ၊ ဂွန်ဇာလက်ဇ်နဲ့ ကော်ရီအာတို့က ဒဏ်ရာရနေပြီး ဘာဂိုးစ်က ပွဲပယ် ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဂျိုဗစ်၊ ဟာဇက်နဲ့ မီရီအာနိုတို့က ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အီဘာအသင်းက အနိုင်ရဖို့ ရာခိုင်နှုန်းနည်းပါးနေပြီး ရီးရဲလ်မက်ဒရစ်က အနိုင်ရဖို့ ၇၅% ရှိနေပါတယ်။

Zawgyi

အီဘာကြင္းမွာ ရီးရဲလ္မက္ဒရစ္က အနိုင္ရဖို႔ ၇၅% ရွိေနတယ္

လာလီဂါပြဲစဥ္ ၁၄ အျဖစ္ အီဘာအသင္းနဲ႔ ရီးရဲလ္မက္ဒရစ္အသင္းတို႔ဟာ အီဘာရဲ့ အိမ္ကြင္းပြဲအျဖစ္ ၂၁-၁၂-၂၀၂၀ ရက္ တနလၤာေန႔ နံနက္ ၂း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ အီဘာအသင္းက လာလီဂါ ၁၃ ပြဲ ကစားအၿပီး ရမွတ္ ၁၅ မွတ္နဲ႔ အဆင့္ ၁၃ ေနရာမွာ ရွိေနၿပီး ရီးရဲလ္မက္ဒရစ္က ရမွတ္ ၂၆ မွတ္နဲ႔ အဆင့္ ၃ ေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
ရီးရဲလ္မက္ဒရစ္ ၃ – ၁ အီဘာ(လာလီဂါ)
အီဘာ ၀ – ၄ ရီးရဲလ္မက္ဒရစ္(လာလီဂါ)
ရီးရဲလ္မက္ဒရစ္ ၂ – ၁ အီဘာ(လာလီဂါ)
အီဘာ ၃ – ၀ ရီးရဲလ္မက္ဒရစ္(လာလီဂါ)
အီဘာ ၁ – ၂ ရီးရဲလ္မက္ဒရစ္(လာလီဂါ)
ရီးရဲလ္မက္ဒရစ္ ၃ – ၀ အီဘာ(လာလီဂါ)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး အီဘာအသင္းက ႏွစ္ပြဲနိုင္ ေလးပြဲသေရ ျဖစ္ထားၿပီး ရီးရဲလ္မက္ဒရစ္အသင္းက ေလးပြဲနိုင္ ႏွစ္ပြဲရႈံးထားပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းက အီဘာအသင္းနဲ႔ ၿပိဳင္ပြဲ အရပ္ရပ္ ေနာက္ဆုံး ခုနစ္ပြဲေတြ႕ဆုံအၿပီး ေျခာက္ပြဲအနိုင္ရထားပါတယ္။ အီဘာအသင္းက လာလီဂါ အိမ္ကြင္း ေနာက္ဆုံး ငါးပြဲဆက္ ဂိုးသြင္းယူနိုင္ျခင္း မရွိခဲ့ပါဘူး။ ရီးရဲလ္မက္ဒရစ္က အီဘာနဲ႔ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ခုနစ္ပြဲ ကစားအၿပီး ေျခာက္ပြဲမွာ သြင္းဂိုး အနည္းဆုံး ႏွစ္ဂိုး သြင္းယူထားနိုင္ပါတယ္။ အီဘာအသင္းက လာလီဂါ အိမ္ကြင္းပြဲ ခုနစ္ပြဲဆက္ အနိုင္ရယူနိုင္ျခင္း မရွိခဲ့ပါဘူး။ အီဘာအသင္းက လာလီဂါ ေနာက္ဆုံး ရွစ္ပြဲမွာ ပ်မ္းမၽွသြင္းဂိုး ႏွစ္ဂိုးေအာက္သာ သြင္းယူနိုင္ခဲ့ပါတယ္။
အီဘာအသင္းမွာ ကိုတီ၊ ဂြန္ဇာလက္ဇ္နဲ႔ ေကာ္ရီအာတို႔က ဒဏ္ရာရေနၿပီး ဘာဂိုးစ္က ပြဲပယ္ ျပစ္ဒဏ္ေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။ ရီးရဲလ္မက္ဒရစ္အသင္းမွာ ဂ်ိဳဗစ္၊ ဟာဇက္နဲ႔ မီရီအာနိုတို႔က ပါဝင္နိုင္ဖို႔ မေသခ်ာပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က အီဘာအသင္းက အနိုင္ရဖို႔ ရာခိုင္ႏႈန္းနည္းပါးေနၿပီး ရီးရဲလ္မက္ဒရစ္က အနိုင္ရဖို႔ ၇၅% ရွိေနပါတယ္။