အုပ်စုအတွင်း အကောင်းဆုံးဖြစ်နေတဲ့ ဘာစီလိုနာက အိမ်ကွင်းမှာ အောင်ပွဲခံသွားမှာပါ

0
293

 

SBOTop Dec      ချန်ပီယံလိဂ်အုပ်စု (G) ရဲ့ အုပ်စုပွဲစဉ် ၆ နောက်ဆုံးပွဲအဖြစ် ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်အသင်းတို့ဟာ ဘာစီလိုနာရဲ့ အိမ်ကွင်းပွဲအဖြစ် ၉-၁၂-၂၀၂၀ ရက် ဗုဒ္ဓဟူးနေ့နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက အုပ်စုပွဲ ၅ ပွဲကစားအပြီး ရမှတ် ၁၅ မှတ်နဲ့ အုပ်စုပထမနေရာမှာ ရှိနေပြီး ဂျူဗင်တပ်စ်က ရမှတ် ၁၂ မှတ်နဲ့ အုပ်စုဒုတိယနေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဂျူဗင်တပ်စ် ၀ – ၂ ဘာစီလိုနာ(ချန်ပီယံလိဂ်)

ဂျူဗင်တပ်စ် ၀ – ၀ ဘာစီလိုနာ(ချန်ပီယံလိဂ်)

ဘာစီလိုနာ ၃ – ၀ ဂျူဗင်တပ်စ်(ချန်ပီယံလိဂ်)

ဂျူဗင်တပ်စ် ၁ – ၂ ဘာစီလိုနာ(အင်တာနေရှင်နယ် ချန်ပီယံဖလား)

ဘာစီလိုနာ ၀ – ၀ ဂျူဗင်တပ်စ်(ချန်ပီယံလိဂ်)

ဂျူဗင်တပ်စ် ၃ – ၀ ဘာစီလိုနာ(ချန်ပီယံလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ဘာစီလိုနာက လေးပွဲနိုင် နှစ်ပွဲရှုံးထားပြီး ဂျူဗင်တပ်စ်က လေးပွဲနိုင် နှစ်ပွဲသရေ ဖြစ်ထားပါတယ်။ ဘာစီလိုနာက ချန်ပီယံလိဂ် နောက်ဆုံး ငါးပွဲဆက် အနိုင်ရထားသလို ချန်ပီယံလိဂ် နောက်ဆုံး ခုနစ်ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ ဘာစီလိုနာက ဂျူဗင်တပ်စ်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး သုံးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ ဂျူဗင်တပ်စ်က ချန်ပီယံလိဂ် နောက်ဆုံးခြောက်ပွဲကစားအပြီး ငါးပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုးသွင်းယူထားနိုင်ပါ တယ်။ ဘာစီလိုနာက ဂျူဗင်တပ်စ်နဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် ငါးပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါ တယ်။

ဘာစီလိုနာအသင်းမှာ ပီကေး၊ ဖာတီနဲ့ ရော်ဘတ်တိုတို့က ဒဏ်ရာရနေပြီး ဒမ်ဘီလီနဲ့ အမ်တီတီတို့က ပါဝင်နိုင်ဖို့ မသေချာပါဘူး။ ဂျူဗင်တပ်စ်အသင်းမှာ ဒီမီရယ်လ်၊ ချီလီနီနဲ့ ဘက်ဖွန်တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဘာစီလိုနာ အနိုင်ရဖို့ ၄၀% ရှိနေပြီး သရေဖြစ်ဖို့ ၂၀% နဲ့ ဂျူဗင်တပ်စ် အနိုင်ရဖို့ ၄၀% ရှိနေပါတယ်။

Zawgyi

