အဲဗာတန်ကွင်းမှာ ချဲလ်ဆီးက တစ်ဂိုးအသာလောက်နဲ့ပဲ အနိုင်ယူသွားမှာပါ

0
354

 

SBOTop Dec         ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ အဖြစ် အဲဗာတန်အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ အဲဗာတန်ရဲ့ အိမ်ကွင်းပွဲ အဖြစ် ၁၃-၁၂-၂၀၂၀ ရက် တနင်္ဂနွေနေ့နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းက ပရီးမီးယားလိဂ် ၁၁ ပွဲကစားအပြီး ရမှတ် ၁၇ မှတ်နဲ့ အဆင့် ၉ နေရာမှာ ရှိနေပြီး ချဲလ်ဆီးအသင်းက ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ချဲလ်ဆီး ၄ – ၀ အဲဗာတန်(ပရီးမီးယားလိဂ်)

အဲဗာတန် ၃ – ၁ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

အဲဗာတန် ၂ – ၀ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

ချဲလ်ဆီး ၀ – ၀ အဲဗာတန်(ပရီးမီးယားလိဂ်)

အဲဗာတန် ၀ – ၀ ချဲလ်ဆီး(ပရီးမီးယားလိဂ်)

ချဲလ်ဆီး ၂ – ၁ အဲဗာတန်(လိဂ်ဖလား)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး အဲဗာတန်အသင်းက တစ်ပွဲနိုင် တစ်ပွဲသရေနဲ့ လေးပွဲ ရှုံးထားပြီး ချဲလ်ဆီးအသင်းက လေးပွဲနိုင် နှစ်ပွဲသရေ ဖြစ်ထားပါတယ်။ အဲဗာတန်အသင်းဟာ အိမ်ကွင်းမှာ ချဲလ်ဆီးကို အနိုင်ရခဲ့ရင် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံး အိမ်ကွင်းပွဲ ချဲလ်ဆီးကို သုံးပွဲဆက် အနိုင်ရတဲ့ ပွဲတစ်ပွဲဖြစ်လာမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ကိုးပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားသလို နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲ သုံးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ အဲဗာတန်အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ခုနစ်ပွဲကစားအပြီးမှာ တစ်ပွဲသာ အနိုင်ရထားခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ပြိုင်ပွဲအရပ်ရပ် အဝေးကွင်းပွဲ ကိုးပွဲမှာ ရှုံးပွဲမရှိဖြစ်ပေါ်ထားသလို ခြောက်ပွဲနိုင် သုံးပွဲသရေ ဖြစ်ထားပါတယ်။

အဲဗာတန်အသင်းမှာ ဂါဘာမင်၊ ကိုးမန်းနဲ့ ဒိုင်ဂျင်တို့က ဒဏ်ရာရနေပြီး ချဲလ်ဆီးအသင်းမှာ ဇီယက်ချ်နဲ့ အိုဒရွိုက်တို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အဲဗာတန်က အိမ်ကွင်းမှာ အနိုင်ရဖို့ ၃၀% ရှိနေပြီး သရေဖြစ်ဖို့ ၂၀% နဲ့ ချဲလ်ဆီးအနိုင်ရဖို့ ၅၀% ရှိနေပါတယ်။ ချဲလ်ဆီးအနေနဲ့ အဝေးကွင်းမှာ ရမှတ်အပြည့်ယူနိုင်ခဲ့ရင် အမှတ်ပေးဇယားကို ဦးဆောင်သွားနိုင်မှာဖြစ်သလို အမှတ်ပေးဇယားအထက်မှာ ရှိနေတဲ့ စပါးလ်နဲ့ လီဗာပူးလ် အသင်းတွေကိုလည်း ဖိအားပေးသွားနိုင်မှာ ဖြစ်ပါတယ်။

Zawgyi

အဲဗာတန္ကြင္းမွာ ခ်ဲလ္ဆီးက တစ္ဂိုးအသာေလာက္နဲ႔ပဲ အနိုင္ယူသြားမွာပါ

ပရီးမီးယားလိဂ္ပြဲစဥ္ ၁၂ အျဖစ္ အဲဗာတန္အသင္းနဲ႔ ခ်ဲလ္ဆီးအသင္းတို႔ဟာ အဲဗာတန္ရဲ့ အိမ္ကြင္းပြဲ အျဖစ္ ၁၃-၁၂-၂၀၂၀ ရက္ တနဂၤေႏြေန႔နံနက္ ၂း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ အဲဗာတန္အသင္းက ပရီးမီးယားလိဂ္ ၁၁ ပြဲကစားအၿပီး ရမွတ္ ၁၇ မွတ္နဲ႔ အဆင့္ ၉ ေနရာမွာ ရွိေနၿပီး ခ်ဲလ္ဆီးအသင္းက ရမွတ္ ၂၂ မွတ္နဲ႔ အဆင့္ ၃ ေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
ခ်ဲလ္ဆီး ၄ – ၀ အဲဗာတန္(ပရီးမီးယားလိဂ္)
အဲဗာတန္ ၃ – ၁ ခ်ဲလ္ဆီး(ပရီးမီးယားလိဂ္)
အဲဗာတန္ ၂ – ၀ ခ်ဲလ္ဆီး(ပရီးမီးယားလိဂ္)
ခ်ဲလ္ဆီး ၀ – ၀ အဲဗာတန္(ပရီးမီးယားလိဂ္)
အဲဗာတန္ ၀ – ၀ ခ်ဲလ္ဆီး(ပရီးမီးယားလိဂ္)
ခ်ဲလ္ဆီး ၂ – ၁ အဲဗာတန္(လိဂ္ဖလား)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး အဲဗာတန္အသင္းက တစ္ပြဲနိုင္ တစ္ပြဲသေရနဲ႔ ေလးပြဲ ရႈံးထားၿပီး ခ်ဲလ္ဆီးအသင္းက ေလးပြဲနိုင္ ႏွစ္ပြဲသေရ ျဖစ္ထားပါတယ္။ အဲဗာတန္အသင္းဟာ အိမ္ကြင္းမွာ ခ်ဲလ္ဆီးကို အနိုင္ရခဲ့ရင္ ၂၀၁၂ ခုႏွစ္ ေဖေဖာ္ဝါရီလ ေနာက္ဆုံး အိမ္ကြင္းပြဲ ခ်ဲလ္ဆီးကို သုံးပြဲဆက္ အနိုင္ရတဲ့ ပြဲတစ္ပြဲျဖစ္လာမွာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ ကိုးပြဲဆက္ ရႈံးပြဲမရွိ ျဖစ္ေပၚထားသလို ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္အေဝးကြင္းပြဲ သုံးပြဲမွာ ေပးဂိုးမရွိ ျဖစ္ေပၚထားပါတယ္။ အဲဗာတန္အသင္းဟာ ပရီးမီးယားလိဂ္ ေနာက္ဆုံး ခုနစ္ပြဲကစားအၿပီးမွာ တစ္ပြဲသာ အနိုင္ရထားခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ၿပိဳင္ပြဲအရပ္ရပ္ အေဝးကြင္းပြဲ ကိုးပြဲမွာ ရႈံးပြဲမရွိျဖစ္ေပၚထားသလို ေျခာက္ပြဲနိုင္ သုံးပြဲသေရ ျဖစ္ထားပါတယ္။
အဲဗာတန္အသင္းမွာ ဂါဘာမင္၊ ကိုးမန္းနဲ႔ ဒိုင္ဂ်င္တို႔က ဒဏ္ရာရေနၿပီး ခ်ဲလ္ဆီးအသင္းမွာ ဇီယက္ခ်္နဲ႔ အိုဒရြိဳက္တို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က အဲဗာတန္က အိမ္ကြင္းမွာ အနိုင္ရဖို႔ ၃၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၂၀% နဲ႔ ခ်ဲလ္ဆီးအနိုင္ရဖို႔ ၅၀% ရွိေနပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ အေဝးကြင္းမွာ ရမွတ္အျပည့္ယူနိုင္ခဲ့ရင္ အမွတ္ေပးဇယားကို ဦးေဆာင္သြားနိုင္မွာျဖစ္သလို အမွတ္ေပးဇယားအထက္မွာ ရွိေနတဲ့ စပါးလ္နဲ႔ လီဗာပူးလ္ အသင္းေတြကိုလည္း ဖိအားေပးသြားနိုင္မွာ ျဖစ္ပါတယ္။