အဲဗာတန်နဲ့ တွေ့ဆုံရမဲ့ လိဂ်ဖလား ကွာတားဖိုင်နယ်မှာ မန်ချက်စတာယူနိုက်တက် အနိုင်ရဖို့ ၆၅% ရှိတယ်

0
396

 

SBOTop Dec         လိဂ်ဖလား(ခါလာဘောင်းဖလား) ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အဲဗာတန်အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ဟာ အဲဗာတန်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၄-၁၂-၂၀၂၀ ရက် ကြာသပတေးနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

အဲဗာတန် ၁ – ၃ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

အဲဗာတန် ၁ – ၁ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၁ – ၁ အဲဗာတန်(ပရီးမီးယားလိဂ်)

အဲဗာတန် ၄ – ၀ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၂ – ၁ အဲဗာတန်(ပရီးမီးယားလိဂ်)

အဲဗာတန် ၀ – ၂ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး အဲဗာတန်အသင်းက လေးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးထားပြီး မန်ချက်စတာယူနိုက်တက်အသင်းက သုံးပွဲနိုင် တစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။ အဲဗာတန်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ လိဂ်ဖလားမှာ နောက်ဆုံးတွေ့ဆုံမှု အနေနဲ့ ၁၉၉၃ နိုဝင်ဘာမှာ လိဂ်ဖလား စတုတ္ထအဆင့် ပွဲအဖြစ် အဲဗာတန်အိမ်ကွင်းမှာ တွေ့ဆုံခဲ့ပြီး မန်ချက်စတာယူနိုက်တက်က ၂-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ အဲဗာတန်အသင်းက ၁၉၈၇-၈၈ ခုနှစ်နောက်ပိုင်း လိဂ်ဖလား ကွာတားဖိုင်နယ်ကို ပထမဆုံး တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်က လက်ရှိအချိန်မှာ အဝေးကွင်းပွဲ ခြောက်ပွဲဆက် အနိုင်ရထားပါတယ်။ မန်ချက်စတာယူနိုက်တက်က ၁၉၉၃-၉၄ ခုနှစ် ဘောလုံးရာသီမှာ အဲဗာတန်အသင်းရဲ့ ကွင်းမှာ လိဂ်ဖလားပွဲနဲ့ ပရီးမီးယားလိဂ် နှစ်ပွဲဆက် အဝေးကွင်း အနိုင်ရခဲ့ပါတယ်။ ယခုနှစ်မှာလည်း ပရီးမီးယားလိဂ် အဝေးကွင်းပွဲမှာ အဲဗာတန်ကို မန်ချက်စတာယူနိုက်တက်က ၁-၃ နဲ့ အနိုင်ရထားပါတယ်။

အဲဗာတန်အသင်းမှာ ဒီဂျင်း၊ ဒီလက်၊ ဂါဘာမင်၊ အယ်လန်နဲ့ ရိုဒီဂွက်ဇ်တို့က ဒဏ်ရာရနေပြီး မန်ချက်စတာယူနိုက်တက်မှာ ရိုဂျို၊ တွမ်မီနေးနဲ့ ဝမ်ဘစ်ဆာကာတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အဲဗာတန်ကွင်းမှာ မန်ချက်စတာယူနိုက်တက်က အနိုင်ရဖို့ ၆၅% ရှိနေပြီး အဲဗာတန်အနိုင်ရဖို့ ၃၅% ရှိနေပါတယ်။

Zawgyi

