၁၀ ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတဲ့ ရှက်ဖီးယူနိုက်တက်အတွက် ရမှတ်ရဖို့ ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်လာမှာ သေချာတယ်

0
310

 

SBOTop Dec          ပရီးမီးယားလိဂ်ပွဲစဉ် ၁၁ အဖြစ် ရှက်ဖီးယူနိုက်တက်အသင်းနဲ့ လက်စတာအသင်းတို့ဟာ ရှက်ဖီးရဲ့ အိမ်ကွင်းပွဲအဖြစ် ၆-၁၂-၂၀၂၀ ရက် တနင်္ဂနွေနေ့ည ၈း၄၅ နာရီကစားသွားရမှာ ဖြစ်ပါတယ်။ ရှက်ဖီးအသင်းက ပရီးမီးယားလိဂ် ၁၀ ပွဲကစားအပြီး ရမှတ် ၁ မှတ်နဲ့ အဆင့် ၂၀ နေရာမှာ ရှိနေပြီး လက်စတာအသင်းက ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

လက်စတာ ၂ – ၀ ရှက်ဖီး(ပရီးမီးယားလိဂ်)

ရှက်ဖီး ၁ – ၂ လက်စတာ(ပရီးမီးယားလိဂ်)

လက်စတာ ၂ – ၀ ရှက်ဖီး(အက်ဖ်အေဖလား)

ရှက်ဖီး ၂ – ၀ လက်စတာ(လိဂ်ဖလား)

ရှက်ဖီး ၂ – ၀ လက်စတာ(ချန်ပီယံရှစ်)

လက်စတာ ၂ – ၀ ရှက်ဖီး(ချန်ပီယံရှစ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး ရှက်ဖီးအသင်းက တစ်ပွဲသရေ ငါးပွဲရှုံးထားပြီး လက်စတာအသင်းက နှစ်ပွဲနိုင် တစ်ပွဲသရေနဲ့ သုံးပွဲရှုံးထားပါတယ်။ ရှက်ဖီးအသင်းက ပရီးမီးယားလိဂ် ၁၃ ပွဲ ကစားအပြီး ၁၂ ပွဲရှုံးထားပြီး လက်စတာက ရှက်ဖီးနဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ငါးပွဲဆက် အနိုင်ရထားပါတယ်။ ရှက်ဖီးအသင်းက ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံး ခြောက်ပွဲကစားအပြီး ငါးပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ လက်စတာက ပရီးမီးယားလိဂ် အဝေးကွင်းပွဲ နောက်ဆုံး ခုနစ်ပွဲကစားအပြီး ခြောက်ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက် သွင်းယူထားနိုင်ပါတယ်။ လက်စတာအသင်းက ယခုနှစ် ပရီးမီးယားလိဂ် အဝေးကွင်းပွဲငါးပွဲမှာ လေးပွဲအနိုင်ရထားပါတယ်။

ရှက်ဖီးအသင်းမှာ အိုကွန်မဲလ်က ဒဏ်ရာရနေပြီး လက်စတာအသင်းမှာ အမ်မာတေးက ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ရှက်ဖီးအသင်းက အနိုင်ရဖို့ ခက်ခဲစေနိုင်ပြီး နှစ်ပွဲဆက် ရှုံးထားတဲ့ လက်စတာက အဝေးကွင်းမှာ ရမှတ်ယူနိုင်ဖို့ ကြိုးစားသွားနိုင်လို့ ၁-၂ လောက်နဲ့ လက်စတာအနိုင်ရသွားနိုင် ပါတယ်။

Zawgyi

