၁၆ သင်းအဆင့်တက်ရောက်ဖို့ ဖိအားမရှိတော့တဲ့ ဆီဗီလာနဲ့ ချဲလ်ဆီးတို့အတွက် ရမှတ်ခွဲယူသွားနိုင်တယ်

0
345

 

SBOTop Dec          ချန်ပီယံလိဂ် အုပ်စု(E)ရဲ့ အုပ်စုပွဲစဉ် ၅ အဖြစ် ဆီဗီလာအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ဟာ ဆီဗီလာရဲ့ အိမ်ကွင်းပွဲအဖြစ် ၃-၁၂-၂၀၂၀ ရက် ကြာသပတေးနေ့နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ဆီဗီလာ က ချန်ပီယံလိဂ် ၄ ပွဲကစားအပြီး ရမှတ် ၁၀ မှတ်နဲ့ အုပ်စုဒုတိယနေရာမှာ ရှိနေပြီး ချဲလ်ဆီးအသင်းကလည်း ရမှတ် ၁၀ မှတ်နဲ့ အုပ်စု ပထမနေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု အနေနဲ့ ပထမအကျော့ ချဲလ်ဆီးကွင်းမှာ ကစားခဲ့စဉ်က ၀-၀ သရေဖြစ်ထားပါတယ်။ ဆီဗီလာအသင်းကလည်း ချန်ပီယံလိဂ်နောက်ဆုံး သုံးပွဲဆက် အနိုင်ရထားသလို ချဲလ်ဆီးအသင်းကလည်း ချန်ပီယံလိဂ် နောက်ဆုံးသုံးပွဲဆက် အနိုင်ရထားပါတယ်။ ဆီဗီလာအသင်းက ချန်ပံယံလိဂ် နောက်ဆုံး သုံးပွဲမှာ သွင်းဂိုးတစ်ဂိုးနှုန်းနဲ့ အနိုင်ရခဲ့သလို ချဲလ်ဆီးအသင်းက ချန်ပီယံလိဂ် နောက်ဆုံး သုံးပွဲမှာ သွင်းဂိုးနှစ်ဂိုး နှုန်းနဲ့ အနိုင်ရခဲ့ပါတယ်။ ချဲလ်ဆီးအသင်းက ချန်ပီယံလိဂ် နောက်ဆုံး ကိုးပွဲကစားအပြီး ရှစ်ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက် ဖြစ်ပေါ်ထားပါတယ်။ ဆီဗီလာအသင်းက ချန်ပီယံလိဂ်ပွဲမှာ ၂၀၁၇ မတ်လက ၂-၀နဲ့ အဝေးကွင်းမှာ ရှုံးခဲ့ပြီးနောက် အင်္ဂလန်ကလပ်အသင်းတွေနဲ့ ဥရောပပြိုင်ပွဲတွေမှာ ခုနစ်ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ ချဲလ်ဆီးအသင်းက စပိန်ကလပ်အသင်းတွေနဲ့ ချန်ပီယံလိဂ် ၁၀ ပွဲတွေ့ဆုံအပြီး တစ်ပွဲသာ အနိုင်ရခဲ့သလို ခြောက်ပွဲ သရေ သုံးပွဲရှုံးထားပါတယ်။ ဆီဗီလာအသင်းက ချန်ပီယံလိဂ် အိမ်ကွင်းပွဲ ၁၇ ပွဲမှာ ၁၃ ပွဲနိုင် နှစ်ပွဲ သရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။

ဆီဗီလာအသင်းမှာ ဆူဆိုနဲ့ အိုင်ဒရစ်ဆစ်တို့က ဒဏ်ရာရနေပေမဲ့ ချဲလ်ဆီးအသင်းမှာ ဒဏ်ရာရပွဲပယ် ကစားသမားကင်းစင်နေပါတယ်။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဆီဗီလာအနိုင်ရဖို့ ၄၀% ရှိနေပြီး သရေဖြစ်ဖို့ ၂၀%န့ ချဲလ်ဆီးအသင်း က အနိုင်ရဖို့ ၄၀% ရှိနေပါတယ်။

Zawgyi

