FIFA အကောင်းဆုံးဆုအတွက် နိုင်ငံ့အသင်းခေါင်းဆောင်တွေ ဘယ်သူ့ကို မဲပေးခဲ့သလဲ

0
458

SBOTOP NOV

မနေ့ညတုန်းမှာပဲ ၂၀၂၀ ခုနှစ်အတွက် FIFA က ချီးမြှင့်တဲ့ အကောင်းဆုံးကစားသမားဆုစာရင်းကတော့ ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။ ဒီဆုကိုတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးက ဆွတ်ခူးသွားခဲ့ပြီး အကောင်းဆုံးနည်းပြဆုကိုတော့ ကလောပ့် ၊ ဂိုးသမားဆုကိုတော့ နူအာနဲ့ အကောင်းဆုံးသွင်းဂိုးဆုကိုတော့ ဆွန်ဟောင်မင်းက ရရှိခဲ့ပါတယ်။
FIFA ရဲ့ဂုဏ်သိက္ခာကြီးမားတဲ့ အဆိုပါဆုကိုတော့ ပရိသတ်များ ၊ ဂျာနယ်လစ်များ ၊ နိုင်ငံ့အသင်းနည်းပြများ ၊ နိုင်ငံ့အသင်းခေါင်းဆောင်များက မဲပေးရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။
လက်ရှိမှာတော့ အဆိုပါ ဆုအတွက် နိုင်ငံ့အသင်းခေါင်းဆောင်တွေရဲ့မဲပေးရွေးချယ်မှုက ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။
အီတလီအသင်းခေါင်းဆောင် ချီလီရယ်နီကတော့ နံပါတ် ၁ နေရာမှာ ဂျူဗင်တပ်အသင်းဖော် ရော်နယ်ဒို ၊ နံပါတ် ၂ နေရာမှာ လီဝန်ဒေါစကီးနဲ့ နံပါတ် ၃ နေရာမှာ ရာမိုစ့်တို့ကို ရွေးချယ်ခဲ့ပြီး အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကတော့ နံပါတ် ၁ နေရာမှာ အသင်းဖော်ဟောင်း နေမာ ၊ အဆင့် ၂ နေရာအတွက် အမ်ဘတ်ပီနဲ့ အဆင့် ၃ နေရာမှာ လီဝန်ဒေါစကီးကို ရွေးချယ်ခဲ့ပါတယ်
ဘရာဇီးအသင်းခေါင်းဆောင် သီယာဂိုဆေးဗားကတော့ နံပါတ် ၁ နေရာအတွက် ဘရာဇီးအသင်းဖော် နေမာ ၊ ဒုတိယ နေရာအတွက် အမ်ဘတ်ပီနဲ့ တတိယ နေရာအတွက် လီဝန်ဒေါစကီးတို့ကို အသီးသီးရွေးချယ်သွားခဲ့တာပဲဖြစ်ပါတယ်။
နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်ခ်ကတော့ ဆုရွေးချယ်ရာမှာ လီဗာပူးအသင်းဖော်တွေကိုသာ ရွေးခဲ့ပြီး ပထမ နေရာမှာ မာနေး ၊ နံပါတ် ၂ နေရာအတွက် ဆာလက်နဲ့ တတိယ နေရာအတွက် အယ်ကန်တရာနဲ့ ဒီဆုရဲ့ဆုရှင် ပိုလန်အသင်းခေါင်းဆောင် လီဝန်ဒေါစကီးကတော့ နံပါတ် ၁ နေရာမှာ ပြီးခဲ့တဲ့နှစ်က အသင်းဖော် သီယာဂိုအယ်ကန်တရာကိုရွေးခဲ့ပြီး နံပါတ် ၂ နေရာမှာ နေမာနဲ့ အဆင့် ၃ နေရာမှာ ဒီဘရိုင်းနားတို့ကို ရွေးချယ်ခဲ့ပါတယ်။
ဒီဆုရဲ့ဆန်ကာတင်ထဲပါရှိသူ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုကတော့ အဆင့် ၁ နေရာမှာ လီဝန်ဒေါစကီးကိုရွေးခဲ့ပြီး နံပါတ် ၂ နေရာမှာ မက်ဆီနဲ့ နံပါတ် ၃ နေရာမှာတော့ အမ်ဘတ်ပီကို ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။
စပိန်အသင်းခေါင်းဆောင် ရာမိုစ့်ကတော့ နံပါတ် ၁ နေရာမှာ လီဝန်ဒေါစကီး ၊ နံပါတ် ၂ နေရာအတွက် သီယာဂိုနဲ့ နံပါတ် ၃ နေရာမှာ နေမာ ၊ ပြင်သစ်အသင်းခေါင်းဆောင် ယူဂိုလိုရစ်ကလည်း နံပါတ် ၁ နေရာအတွက် ဆုရရှိသူ လီဝန်ဒေါစကီး ၊ နံပါတ် ၂ နေရာမှာ သီယာဂိုနဲ့ နံပါတ် ၃ နေရာမှာ ပြင်သစ်အသင်းဖော် အမ်ဘတ်ပီ ၊ ဂျာမနီအသင်းခေါင်းဆောင် နူအာကတော့ နံပါတ် ၁ နေရာမှာ လီဝန်ဒေါစကီး ၊ နံပါတ် ၂ နေရာမှာ ဒီဘရိုင်းနားနဲ့ နံပါတ် ၃ နေရာမှာ သီယာဂိုတို့ကို ရွေးချယ်ခဲ့ပြီး အခုလိုပဲ အသီးသီးရွေးခဲ့တာပဲဖြစ်ပါတယ်။

SBOTOP NOV

(zawgyi)

FIFA အေကာင္းဆံုးဆုအတြက္ နိုင္ငံ့အသင္းေခါင္းေဆာင္ေတြ ဘယ္သူ့ကို မဲေပးခဲ့သလဲ
————————————–
မေန့ညတုန္းမွာပဲ ၂၀၂၀ ခုနွစ္အတြက္ FIFA က ခ်ီးျမွင့္တဲ့ အေကာင္းဆံုးကစားသမားဆုစာရင္းကေတာ့ ေပၚထြက္လာခဲ့ျပီျဖစ္ပါတယ္။ ဒီဆုကိုေတာ့ ဘိုင္ယန္ျမူးနစ္အသင္းရဲ့တိုက္စစ္မႉးျကီး လီဝန္ေဒါစကီးက ဆြတ္ခူးသြားခဲ့ျပီး အေကာင္းဆံုးနည္းျပဆုကိုေတာ့ ကေလာပ့္ ၊ ဂိုးသမားဆုကိုေတာ့ နူအာနဲ့ အေကာင္းဆံုးသြင္းဂိုးဆုကိုေတာ့ ဆြန္ေဟာင္မင္းက ရရွိခဲ့ပါတယ္။
FIFA ရဲ့ဂုဏ္သိကၡာျကီးမားတဲ့ အဆိုပါဆုကိုေတာ့ ပရိသတ္မ်ား ၊ ဂ်ာနယ္လစ္မ်ား ၊ နိုင္ငံ့အသင္းနည္းျပမ်ား ၊ နိုင္ငံ့အသင္းေခါင္းေဆာင္မ်ားက မဲေပးေရြးခ်ယ္ခဲ့တာပဲျဖစ္ပါတယ္။
လက္ရွိမွာေတာ့ အဆိုပါ ဆုအတြက္ နိုင္ငံ့အသင္းေခါင္းေဆာင္ေတြရဲ့မဲေပးေရြးခ်ယ္မႈက ေပၚထြက္လာခဲ့ျပီျဖစ္ပါတယ္။
အီတလီအသင္းေခါင္းေဆာင္ ခ်ီလီရယ္နီကေတာ့ နံပါတ္ ၁ ေနရာမွာ ဂ်ူဗင္တပ္အသင္းေဖာ္ ေရာ္နယ္ဒို ၊ နံပါတ္ ၂ ေနရာမွာ လီဝန္ေဒါစကီးနဲ့ နံပါတ္ ၃ ေနရာမွာ ရာမိုစ့္တို့ကို ေရြးခ်ယ္ခဲ့ျပီး အာဂ်င္တီးနားအသင္းေခါင္းေဆာင္ မက္ဆီကေတာ့ နံပါတ္ ၁ ေနရာမွာ အသင္းေဖာ္ေဟာင္း ေနမာ ၊ အဆင့္ ၂ ေနရာအတြက္ အမ္ဘတ္ပီနဲ့ အဆင့္ ၃ ေနရာမွာ လီဝန္ေဒါစကီးကို ေရြးခ်ယ္ခဲ့ပါတယ္
ဘရာဇီးအသင္းေခါင္းေဆာင္ သီယာဂိုေဆးဗားကေတာ့ နံပါတ္ ၁ ေနရာအတြက္ ဘရာဇီးအသင္းေဖာ္ ေနမာ ၊ ဒုတိယ ေနရာအတြက္ အမ္ဘတ္ပီနဲ့ တတိယ ေနရာအတြက္ လီဝန္ေဒါစကီးတို့ကို အသီးသီးေရြးခ်ယ္သြားခဲ့တာပဲျဖစ္ပါတယ္။
နယ္သာလန္အသင္းေခါင္းေဆာင္ ဗန္ဒိုက္ခ္ကေတာ့ ဆုေရြးခ်ယ္ရာမွာ လီဗာပူးအသင္းေဖာ္ေတြကိုသာ ေရြးခဲ့ျပီး ပထမ ေနရာမွာ မာေနး ၊ နံပါတ္ ၂ ေနရာအတြက္ ဆာလက္နဲ့ တတိယ ေနရာအတြက္ အယ္ကန္တရာနဲ့ ဒီဆုရဲ့ဆုရွင္ ပိုလန္အသင္းေခါင္းေဆာင္ လီဝန္ေဒါစကီးကေတာ့ နံပါတ္ ၁ ေနရာမွာ ျပီးခဲ့တဲ့နွစ္က အသင္းေဖာ္ သီယာဂိုအယ္ကန္တရာကိုေရြးခဲ့ျပီး နံပါတ္ ၂ ေနရာမွာ ေနမာနဲ့ အဆင့္ ၃ ေနရာမွာ ဒီဘရိုင္းနားတို့ကို ေရြးခ်ယ္ခဲ့ပါတယ္။
ဒီဆုရဲ့ဆန္ကာတင္ထဲပါရွိသူ ေပၚတူဂီအသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုကေတာ့ အဆင့္ ၁ ေနရာမွာ လီဝန္ေဒါစကီးကိုေရြးခဲ့ျပီး နံပါတ္ ၂ ေနရာမွာ မက္ဆီနဲ့ နံပါတ္ ၃ ေနရာမွာေတာ့ အမ္ဘတ္ပီကို ေရြးခ်ယ္ခဲ့တာပဲျဖစ္ပါတယ္။
စပိန္အသင္းေခါင္းေဆာင္ ရာမိုစ့္ကေတာ့ နံပါတ္ ၁ ေနရာမွာ လီဝန္ေဒါစကီး ၊ နံပါတ္ ၂ ေနရာအတြက္ သီယာဂိုနဲ့ နံပါတ္ ၃ ေနရာမွာ ေနမာ ၊ ျပင္သစ္အသင္းေခါင္းေဆာင္ ယူဂိုလိုရစ္ကလည္း နံပါတ္ ၁ ေနရာအတြက္ ဆုရရွိသူ လီဝန္ေဒါစကီး ၊ နံပါတ္ ၂ ေနရာမွာ သီယာဂိုနဲ့ နံပါတ္ ၃ ေနရာမွာ ျပင္သစ္အသင္းေဖာ္ အမ္ဘတ္ပီ ၊ ဂ်ာမနီအသင္းေခါင္းေဆာင္ နူအာကေတာ့ နံပါတ္ ၁ ေနရာမွာ လီဝန္ေဒါစကီး ၊ နံပါတ္ ၂ ေနရာမွာ ဒီဘရိုင္းနားနဲ့ နံပါတ္ ၃ ေနရာမွာ သီယာဂိုတို့ကို ေရြးခ်ယ္ခဲ့ျပီး အခုလိုပဲ အသီးသီးေရြးခဲ့တာပဲျဖစ္ပါတယ္။