LASK ကွင်းမှာ စပါးလ်က အနိုင်ရဖို့ ၆၀% ရှိတယ်

0
325

 

ယူရိုပါလိဂ်အုပ်စု(J) ရဲ့ အုပ်စုပွဲစဉ် ၅ အဖြစ် LASK အသင်းနဲ့ စပါးလ်အသင်းတို့ဟာ LASK ရဲ့ အိမ်ကွင်းပွဲ အဖြစ် ၃-၁၂-၂၀၂၀ ရက် ကြာသပတေးနေ့ည ၁၂း၂၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ LASK အသင်းက ယူရိုပါလိဂ် အုပ်စုပွဲ ၄ ပွဲကစားအပြီး ရမှတ် ၆ မှတ်နဲ့ တတိယနေရာမှာ ရှိနေပြီး စပါးလ်အသင်းက ရမှတ် ၉ မှတ်နဲ့ အုပ်စု ပထမနေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုအနေနဲ့ ပထမအကျော့ စပါးလ်ကွင်းမှာ ကစားခဲ့စဉ်က ၃-၀ နဲ့ LASK က ရှုံးထားပါတယ်။ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး LASK အသင်းက လေးပွဲနိုင် တစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး စပါးလ်အသင်းက ငါးပွဲနိုင် တစ်ပွဲသရေ ဖြစ်ထားပါတယ်။ စပါးလ်အသင်းက ယူရိုပါလိဂ် နောက်ဆုံးခြောက်ပွဲကစားအပြီး ငါးပွဲမှာ အနည်းဆုံးသွင်းဂိုး သုံးဂိုး သွင်းယူထားနိုင်ပါတယ်။ စပါးလ်အသင်းက ယူရိုပါလိဂ် နောက်ဆုံး ၇ ပွဲကစားအပြီး ၆ ပွဲအနိုင်ရထားပါတယ်။ စပါးလ်အသင်းက ယူရိုပါလိဂ် နောက်ဆုံး ၈ ပွဲကစားအပြီး ၇ ပွဲမှာ ပျမ်းမျှသွင်းဂိုး နှစ်ဂိုးနဲ့ နှစ်ဂိုးအထက်သွင်းယူထားနိုင်ပါတယ်။

LASK အသင်းမှာ ရာဂက်ဇ်၊ ဖီလီပိုဗစ်နဲ့ ဂါဂျစ်တို့က ဒဏ်ရာရနေပြီး စပါးလ်အသင်းမှာ လာမီလာက ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က စပါးလ်အသင်းက အနိုင်ရဖို့ ၆၀% ရှိနေပြီး ၃၂ သင်းအဆင့်ကို တက်ရောက်ဖို့ စပါးလ်အသင်းအနေနဲ့ အဝေးကွင်းရမှတ် ရယူသွားနိုင်ပါတယ်။

Zawgyi

LASK ကြင္းမွာ စပါးလ္က အနိုင္ရဖို႔ ၆၀% ရွိတယ္

ယူရိုပါလိဂ္အုပ္စု(J) ရဲ့ အုပ္စုပြဲစဥ္ ၅ အျဖစ္ LASK အသင္းနဲ႔ စပါးလ္အသင္းတို႔ဟာ LASK ရဲ့ အိမ္ကြင္းပြဲ အျဖစ္ ၃-၁၂-၂၀၂၀ ရက္ ၾကာသပေတးေန႔ည ၁၂း၂၅ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ LASK အသင္းက ယူရိုပါလိဂ္ အုပ္စုပြဲ ၄ ပြဲကစားအၿပီး ရမွတ္ ၆ မွတ္နဲ႔ တတိယေနရာမွာ ရွိေနၿပီး စပါးလ္အသင္းက ရမွတ္ ၉ မွတ္နဲ႔ အုပ္စု ပထမေနရာမွာ ရွိေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈအေနနဲ႔ ပထမအေက်ာ့ စပါးလ္ကြင္းမွာ ကစားခဲ့စဥ္က ၃-၀ နဲ႔ LASK က ရႈံးထားပါတယ္။ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး LASK အသင္းက ေလးပြဲနိုင္ တစ္ပြဲသေရနဲ႔ တစ္ပြဲရႈံးထားၿပီး စပါးလ္အသင္းက ငါးပြဲနိုင္ တစ္ပြဲသေရ ျဖစ္ထားပါတယ္။ စပါးလ္အသင္းက ယူရိုပါလိဂ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး ငါးပြဲမွာ အနည္းဆုံးသြင္းဂိုး သုံးဂိုး သြင္းယူထားနိုင္ပါတယ္။ စပါးလ္အသင္းက ယူရိုပါလိဂ္ ေနာက္ဆုံး ၇ ပြဲကစားအၿပီး ၆ ပြဲအနိုင္ရထားပါတယ္။ စပါးလ္အသင္းက ယူရိုပါလိဂ္ ေနာက္ဆုံး ၈ ပြဲကစားအၿပီး ၇ ပြဲမွာ ပ်မ္းမၽွသြင္းဂိုး ႏွစ္ဂိုးနဲ႔ ႏွစ္ဂိုးအထက္သြင္းယူထားနိုင္ပါတယ္။
LASK အသင္းမွာ ရာဂက္ဇ္၊ ဖီလီပိုဗစ္နဲ႔ ဂါဂ်စ္တို႔က ဒဏ္ရာရေနၿပီး စပါးလ္အသင္းမွာ လာမီလာက ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က စပါးလ္အသင္းက အနိုင္ရဖို႔ ၆၀% ရွိေနၿပီး ၃၂ သင္းအဆင့္ကို တက္ေရာက္ဖို႔ စပါးလ္အသင္းအေနနဲ႔ အေဝးကြင္းရမွတ္ ရယူသြားနိုင္ပါတယ္။