“ ကွျန်တော်တို့ အမှန်တကယ်ကို ဝမ်းနည်းမိတယ် ” အက်ဖ်အေဖလား စတုတ္ထအဆင့်ကနေ ထွက်ခဲ့ရတဲ့ အာတီတာ
0
342
ပြီးခဲ့တဲ့နှစ် အက်ဖ်အေဖလား ချန်ပီယံဖြစ်တဲ့ အာဆင်နယ်အသင်းဟာ ယခုနှစ် အက်ဖ်အေဖလား စတုတ္ထအဆင့် ပြိုင်ပွဲမှာ ဆောက်သမ်တန်အသင်းကို အဝေးကွင်းမှာ ၁-၀ နဲ့ ရှုံးခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ ပထမပိုင်း ၂၄ မိနစ်မှာ ဂါဘရီရယ်ရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိတဲ့ ဂိုးနဲ့ ဆောက်သမ်တန်က အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ အာတီတာက အသင်းရဲ့ အရှုံးရလဒ်အတွက် ဝမ်းနည်းစရာ ဖြစ်စေခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။
အာတီတာက “ ဒီပြိုင်ကနေ ထွက်ခွာခဲ့ရလို့ ကွျန်တော်တို့တွေ အမှန်တကယ်ကို ဝမ်းနည်းမိရပါတယ်။ ကွျန်တော်တို့တွေက ပထမပိုင်းမှာ အင်အားအပြည့်မသုံးနိုင်ခဲ့သလို မှားယွင်းမှုတစ်ခုကြောင့် သူတို့တွေက အမြင့်ဆုံးအနေအထားဖြစ်အောင် ဖြတ်ကျော်ခဲ့ကြတယ်။ ဒုတိယပိုင်းမှာ ကွျန်တော်တို့အတွက် ကြီးမားတဲ့ အခွင့်အရေး နှစ်ကြိမ် သုံးကြိမ်လောက် ရခဲ့ပါတယ်။ ကွျန်တော်တို့တွေ ကစားသမားအင်အားဖြည့်တင်းပြီး အခွင့်အရေးများစွာ ဖန်တီးခဲ့ကြပေမဲ့ ပြီးပြည့်လုံလောက်တဲ့ ပွဲတစ်ပွဲ မဖြစ်ခဲ့ပါဘူး ” လို့ ပြောပါတယ်။
ဆောက်သမ်တန်အသင်း မန်နေဂျာ ဟာဆန်ဟက်က “ ကွျန်တော်တို့တွေက ပထမပိုင်းမှာ စွမ်းအားအပြည့်နဲ့ အင်တိုက်အားတိုက် ကစားနိုင်ခဲ့ကြတယ်။ ဒုတိယပိုင်းမှာ တစ်ဖက်အသင်းက ဖိအားပေးတာတွေ ရှိပေမဲ့ ပုံမှန်အတိုင်း ကစားခဲ့ကြပါတယ်။ ကွျန်တော်တို့တွေ အခွင့်အရေး တစ်ကြိမ် နှစ်ကြိမ်လောက် ရခဲ့ကြသလို ရှိန်း လောင်းကို ထိမိတာကလည်း ပင်နယ်တီဖြစ်သင့်ပါတယ်။ ဒီနေ့ အသင်းရဲ့ ကစားပုံဟာ ကောင်းမွန်ခဲ့တယ် ” လို့ ဆိုပါတယ်။
အာဆင်နယ်အသင်း မန်နေဂျာ အာတီတာအတွက် အက်ဖ်အေဖလား ပြိုင်ပွဲတွေမှာ ကစားသမားဘ၀နဲ့ မန်နေဂျာဘ၀ဖြတ်သန်းမှုမှာ ၁၅ ပွဲ ၂၀၁၃ ဖေဖော်ဝါရီက ဘလက်ဘန်းအသင်းက ၁-၀ နဲ့ ရှုံးခဲ့ပြီးနောက် ၁၃ ပွဲနိုင် တစ်ပွဲသရေ ရှုံးပွဲမရှိဖြစ်ခဲ့ပြီး ပထမဆုံး ရှုံးပွဲတစ်ပွဲ ဖြစ်စေခဲ့ပါတယ်။
Zawgyi
“ ကျွန်တော်တို့ အမှန်တကယ်ကို ဝမ်းနည်းမိတယ် ” အက်ဖ်အေဖလား စတုတ္ထအဆင့်ကနေ ထွက်ခဲ့ရတဲ့ အာတီတာ
အာတီတာက “ ဒီပြိုင်ကနေ ထွက်ခွာခဲ့ရလို့ ကျွန်တော်တို့တွေ အမှန်တကယ်ကို ဝမ်းနည်းမိရပါတယ်။ ကျွန်တော်တို့တွေက ပထမပိုင်းမှာ အင်အားအပြည့်မသုံးနိုင်ခဲ့သလို မှားယွင်းမှုတစ်ခုကြောင့် သူတို့တွေက အမြင့်ဆုံးအနေအထားဖြစ်အောင် ဖြတ်ကျော်ခဲ့ကြတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ အခွင့်အရေး နှစ်ကြိမ် သုံးကြိမ်လောက် ရခဲ့ပါတယ်။ ကျွန်တော်တို့တွေ ကစားသမားအင်အားဖြည့်တင်းပြီး အခွင့်အရေးများစွာ ဖန်တီးခဲ့ကြပေမဲ့ ပြီးပြည့်လုံလောက်တဲ့ ပွဲတစ်ပွဲ မဖြစ်ခဲ့ပါဘူး ” လို့ ပြောပါတယ်။