ခံစစ်ကစားသမား ဂျော်နီ အီဗန်ကို ၂၀၂၃ ခုနှစ်အထိ လက်စတာစီးတီး သက်တမ်းတိုး

0
310

 

SBOTop Dec          လက်စတာစီးတီးအသင်းက ခံစစ်ကစားသမား ဂျော်နီ အီဗန်ကို ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆိုလိုက်တယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ် အတွေ့အကြုံပွဲ ၃၀၀ အထိ ရှိထားတဲ့ အီဗန်က အသင်းမန်နေဂျာ ရော်ဂျာရဲ့ အားထားရတဲ့ ကစားသမားတစ်ယောက်ဖြစ်နေသလို လက်စတာအသင်းကလည်း နောက်နှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဝင်ရောက်နိုင်ဖို့ ပြုလုပ်နေပါတယ်။ လက်စတာအတွက် ၈၉ ပွဲ ကစားပေးထားတဲ့ မန်ချက်စတာယူနိုက်တက် ခံစစ်ကစားသမားဟောင်း အီဗန်က အသင်းရဲ့ ရည်မှန်းချက်တွေ ကြောင့် စာချုပ်သက်တမ်းတိုးဖြစ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အီဗန်က “ စာချုပ်သက်တမ်းတိုးခွင့်ရတဲ့ အတွက် နှစ်ထောင်းအားရ ဖြစ်မိပါတယ်။ ကွျန်တော်က အားရကျေနပ်ခဲ့ရသလို အသင်းဘက်ကလည်း အားရကျေနပ်ကြမှာပါ။ ဒီအသင်းကို စရောက်တဲ့ နေ့ကစပြီး အသင်းကို ချစ်ခင်နှစ်သက်ခဲ့ရတာပါ။ အားပေးမှုအပြည့်ရှိနေတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်သလို အသင်းမှာလည်း ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိနေပါတယ်။ ကစားသမားတွေကလည်း ရည်မှန်းချက်တွေနဲ့ စာချုပ်သက်တမ်း တိုးခဲ့ကြသလို သူတို့တွေမှာလည်း ပွဲထွက်ခွင့်ရလိုတဲ့ လူငယ်ကစားသမားတွေ ရှိနေပါတယ်။ ဒီလို အခြေအနေမှာ အသင်းနဲ့ ကာလရှည်လက်တွဲပြီး အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ခွင့်ရလို့ ကြီးမြတ်တဲ့ အရာတစ်ခု ဖြစ်စေပါ တယ် ” လို့ ပြောပါတယ်။

အီဗန်ဟာ လက်စတာအသင်းကို ၂၀၁၈ ခုနှစ်က ဝက်ဘရွန်းအသင်းကနေ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး အသင်းရဲ့ အမာခံခံစစ်ကစားသမား တစ်ဦးဖြစ်နေပါတယ်။ ရော်ဂျာရောက်ရှိလာခဲ့ပြီးနောက် ပရီးမီးယားလိဂ် ၆၄ ပွဲမှာ အီဗန်က ၅၆ ပွဲအထိ ပါဝင်ခွင့်ရခဲ့ပါတယ်။

Zawgyi

ခံစစ္ကစားသမား ေဂ်ာ္နီ အီဗန္ကို ၂၀၂၃ ခုႏွစ္အထိ လက္စတာစီးတီး သက္တမ္းတိုး

လက္စတာစီးတီးအသင္းက ခံစစ္ကစားသမား ေဂ်ာ္နီ အီဗန္ကို ၂၀၂၃ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း တိုးျမႇင့္ခ်ဳပ္ဆိုလိုက္တယ္လို႔ သိရပါတယ္။ ပရီးမီးယားလိဂ္ အေတြ႕အၾကဳံပြဲ ၃၀၀ အထိ ရွိထားတဲ့ အီဗန္က အသင္းမန္ေနဂ်ာ ေရာ္ဂ်ာရဲ့ အားထားရတဲ့ ကစားသမားတစ္ေယာက္ျဖစ္ေနသလို လက္စတာအသင္းကလည္း ေနာက္ႏွစ္ ေဘာလုံးရာသီမွာ ခ်န္ပီယံလိဂ္ ဝင္ေရာက္နိုင္ဖို႔ ျပဳလုပ္ေနပါတယ္။ လက္စတာအတြက္ ၈၉ ပြဲ ကစားေပးထားတဲ့ မန္ခ်က္စတာယူနိုက္တက္ ခံစစ္ကစားသမားေဟာင္း အီဗန္က အသင္းရဲ့ ရည္မွန္းခ်က္ေတြ ေၾကာင့္ စာခ်ဳပ္သက္တမ္းတိုးျဖစ္တာ ျဖစ္တယ္လို႔ ဆိုပါတယ္။
အီဗန္က “ စာခ်ဳပ္သက္တမ္းတိုးခြင့္ရတဲ့ အတြက္ ႏွစ္ေထာင္းအားရ ျဖစ္မိပါတယ္။ ကြ်န္ေတာ္က အားရေက်နပ္ခဲ့ရသလို အသင္းဘက္ကလည္း အားရေက်နပ္ၾကမွာပါ။ ဒီအသင္းကို စေရာက္တဲ့ ေန႔ကစၿပီး အသင္းကို ခ်စ္ခင္ႏွစ္သက္ခဲ့ရတာပါ။ အားေပးမႈအျပည့္ရွိေနတဲ့ ပတ္ဝန္းက်င္တစ္ခုျဖစ္သလို အသင္းမွာလည္း ႀကီးမားတဲ့ ရည္မွန္းခ်က္ေတြ ရွိေနပါတယ္။ ကစားသမားေတြကလည္း ရည္မွန္းခ်က္ေတြနဲ႔ စာခ်ဳပ္သက္တမ္း တိုးခဲ့ၾကသလို သူတို႔ေတြမွာလည္း ပြဲထြက္ခြင့္ရလိုတဲ့ လူငယ္ကစားသမားေတြ ရွိေနပါတယ္။ ဒီလို အေျခအေနမွာ အသင္းနဲ႔ ကာလရွည္လက္တြဲၿပီး အစိတ္အပိုင္းတစ္ခုအေနနဲ႔ ပါဝင္ခြင့္ရလို႔ ႀကီးျမတ္တဲ့ အရာတစ္ခု ျဖစ္ေစပါ တယ္ ” လို႔ ေျပာပါတယ္။
အီဗန္ဟာ လက္စတာအသင္းကို ၂၀၁၈ ခုႏွစ္က ဝက္ဘရြန္းအသင္းကေန ေရာက္ရွိလာခဲ့တာ ျဖစ္ၿပီး အသင္းရဲ့ အမာခံခံစစ္ကစားသမား တစ္ဦးျဖစ္ေနပါတယ္။ ေရာ္ဂ်ာေရာက္ရွိလာခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ ၆၄ ပြဲမွာ အီဗန္က ၅၆ ပြဲအထိ ပါဝင္ခြင့္ရခဲ့ပါတယ္။