ခြေစွမ်းမှန်နေတဲ့ အိမ်ရှင်အာဆင်နယ်က အနိုင်ရလဒ်ဖြစ်ပေါ်ဖို့ ၇၀% ရှိတယ်

0
322

 

ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ အဖြစ် အာဆင်နယ်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ဟာ အာဆင်နယ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၉-၂-၂၀၂၁ ရက် အင်္ဂါနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ် ၁၈ ပွဲကစားအပြီး ရမှတ် ၂၄ မှတ်နဲ့ အဆင့် ၁၁ နေရာမှာ ရှိနေပြီး နယူးကာဆယ်က တစ်ပွဲကျန် ၁၇ ပွဲ ကစားအပြီး ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

အာဆင်နယ် ၂ – ၀ နယူးကာဆယ်(အက်ဖ်အေဖလား)

အာဆင်နယ် ၄ – ၀ နယူးကာဆယ်(ပရီးမီးယားလိဂ်)

နယူးကာဆယ် ၀ – ၁ အာဆင်နယ်(ပရီးမီးယားလိဂ်)

အာဆင်နယ် ၂ – ၀ နယူးကာဆယ်(ပရီးမီးယားလိဂ်)

နယူးကာဆယ် ၁ – ၂ အာဆင်နယ်(ပရီးမီးယားလိဂ်)

နယူးကာဆယ် ၂ – ၁ အာဆင်နယ်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး အာဆင်နယ်က လေးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးထားပြီး နယူးကာဆယ်က တစ်ပွဲသရေ ငါးပွဲရှုံး နိုင်ပွဲရရှိခြင်း မရှိပါဘူး။ အာဆင်နယ်က နယူးကာဆယ်နဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ၁၅ ပွဲမှာ ၂၀၁၈ ဧပြီက အဝေးကွင်းမှာ ၂-၁ နဲ့ ရှုံးခဲ့ပေမဲ့ ၁၄ ပွဲ အနိုင်ရရှိခဲ့ပါတယ်။ ယခုပွဲစဉ်ဟာ ပြီးခဲ့တဲ့ ကိုးရက်က ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲ တတိယအဆင့်မှာ အာဆင်နယ်က ၂-၀ နဲ့ အနိုင်ရပြီးနောက် ပရီးမီးယားလိဂ်ပွဲမှာ ပြန်လည်တွေ့ဆုံတာ ဖြစ်ပါတယ်။ အာဆင်နယ်က နယူးကာဆယ်အသင်းနဲ့ အိမ်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးငါးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ အာဆင်နယ်က နယူးကာဆယ် အသင်းနဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ၁၈ ပွဲ တွေ့ဆုံအပြီး ၁၇ ပွဲရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပေမဲ့ နယူးကာဆယ်က ပရီးမီးယားလိဂ် အဝေးကွင်းပွဲ သုံးပွဲဆက် ရှုံးထားပါတယ်။ အာဆင်နယ်တိုက်စစ်မှူး အူဘာမီရန်က နယူးကာဆယ်နဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး သုံးပွဲမှာ ဂိုးသွင်းယူထားနိုင်ပြီး ယခုပွဲမှာ နောက်ထပ်ဂိုးတွေ ထပ်မံသွင်းယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ နယူးကာဆယ်မန်နေဂျာ ဘရုက မန်နေဂျာအဖြစ်နဲ့ အာဆင်နယ်နဲ့ အဝေးကွင်းပွဲ ၁၇ ပွဲမှာ နိုင်ပွဲ ရရှိခြင်း မရှိခဲ့ဘဲ လေးပွဲသရေ ၁၃ ပွဲရှုံးထားပါတယ်။

အာဆင်နယ်အသင်းမှာ တီအာနေးက ဒဏ်ရာရနေပြီး မာတင်နယ်လီနဲ့ မာရီတို့က ပါဝင်နိုင်ဖို့ မသေချာပါဘူး။ နယူးကာဆယ်အသင်းမှာ ဖရေဆာက ပွဲပယ်ပြစ်ဒဏ်ခံနေရလို့ ပါဝင်နိုင်မှ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အာဆင်နယ်အသင်းက အိမ်ကွင်းမှာ အနိုင်ရဖို့ ၇၀% ရှိနေပြီး သရေဖြစ်ဖို့ ၁၀% နဲ့ နယူးကာဆယ်အနိုင်ရဖို့ ၂၀% ရှိနေပါတယ်။

Zawgyi

ေျခစြမ္းမွန္ေနတဲ့ အိမ္ရွင္အာဆင္နယ္က အနိုင္ရလဒ္ျဖစ္ေပၚဖို႔ ၇၀% ရွိတယ္

ပရီးမီးယားလိဂ္ပြဲစဥ္ ၁၉ အျဖစ္ အာဆင္နယ္အသင္းနဲ႔ နယူးကာဆယ္အသင္းတို႔ဟာ အာဆင္နယ္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၁၉-၂-၂၀၂၁ ရက္ အဂၤါေန႔ နံနက္ ၂း၃၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ အာဆင္နယ္က ပရီးမီးယားလိဂ္ ၁၈ ပြဲကစားအၿပီး ရမွတ္ ၂၄ မွတ္နဲ႔ အဆင့္ ၁၁ ေနရာမွာ ရွိေနၿပီး နယူးကာဆယ္က တစ္ပြဲက်န္ ၁၇ ပြဲ ကစားအၿပီး ရမွတ္ ၁၉ မွတ္နဲ႔ အဆင့္ ၁၅ ေနရာမွာ ရွိေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
အာဆင္နယ္ ၂ – ၀ နယူးကာဆယ္(အက္ဖ္ေအဖလား)
အာဆင္နယ္ ၄ – ၀ နယူးကာဆယ္(ပရီးမီးယားလိဂ္)
နယူးကာဆယ္ ၀ – ၁ အာဆင္နယ္(ပရီးမီးယားလိဂ္)
အာဆင္နယ္ ၂ – ၀ နယူးကာဆယ္(ပရီးမီးယားလိဂ္)
နယူးကာဆယ္ ၁ – ၂ အာဆင္နယ္(ပရီးမီးယားလိဂ္)
နယူးကာဆယ္ ၂ – ၁ အာဆင္နယ္(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး အာဆင္နယ္က ေလးပြဲနိုင္ တစ္ပြဲသေရ တစ္ပြဲရႈံးထားၿပီး နယူးကာဆယ္က တစ္ပြဲသေရ ငါးပြဲရႈံး နိုင္ပြဲရရွိျခင္း မရွိပါဘူး။ အာဆင္နယ္က နယူးကာဆယ္နဲ႔ ေတြ႕ဆုံခဲ့တဲ့ ပရီးမီးယားလိဂ္ ၁၅ ပြဲမွာ ၂၀၁၈ ဧၿပီက အေဝးကြင္းမွာ ၂-၁ နဲ႔ ရႈံးခဲ့ေပမဲ့ ၁၄ ပြဲ အနိုင္ရရွိခဲ့ပါတယ္။ ယခုပြဲစဥ္ဟာ ၿပီးခဲ့တဲ့ ကိုးရက္က ကစားခဲ့တဲ့ အက္ဖ္ေအဖလားပြဲ တတိယအဆင့္မွာ အာဆင္နယ္က ၂-၀ နဲ႔ အနိုင္ရၿပီးေနာက္ ပရီးမီးယားလိဂ္ပြဲမွာ ျပန္လည္ေတြ႕ဆုံတာ ျဖစ္ပါတယ္။ အာဆင္နယ္က နယူးကာဆယ္အသင္းနဲ႔ အိမ္ကြင္းမွာ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးငါးပြဲမွာ ေပးဂိုးမရွိ ျဖစ္ေပၚထားပါတယ္။ အာဆင္နယ္က နယူးကာဆယ္ အသင္းနဲ႔ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ၁၈ ပြဲ ေတြ႕ဆုံအၿပီး ၁၇ ပြဲရႈံးပြဲမရွိ ျဖစ္ေပၚထားပါတယ္။ အာဆင္နယ္က ပရီးမီးယားလိဂ္ ေနာက္ဆုံးသုံးပြဲမွာ ေပးဂိုးမရွိ ျဖစ္ေပၚထားေပမဲ့ နယူးကာဆယ္က ပရီးမီးယားလိဂ္ အေဝးကြင္းပြဲ သုံးပြဲဆက္ ရႈံးထားပါတယ္။ အာဆင္နယ္တိုက္စစ္မႉး အူဘာမီရန္က နယူးကာဆယ္နဲ႔ ေတြ႕ဆုံခဲ့တဲ့ ေနာက္ဆုံး သုံးပြဲမွာ ဂိုးသြင္းယူထားနိုင္ၿပီး ယခုပြဲမွာ ေနာက္ထပ္ဂိုးေတြ ထပ္မံသြင္းယူနိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ နယူးကာဆယ္မန္ေနဂ်ာ ဘ႐ုက မန္ေနဂ်ာအျဖစ္နဲ႔ အာဆင္နယ္နဲ႔ အေဝးကြင္းပြဲ ၁၇ ပြဲမွာ နိုင္ပြဲ ရရွိျခင္း မရွိခဲ့ဘဲ ေလးပြဲသေရ ၁၃ ပြဲရႈံးထားပါတယ္။
အာဆင္နယ္အသင္းမွာ တီအာေနးက ဒဏ္ရာရေနၿပီး မာတင္နယ္လီနဲ႔ မာရီတို႔က ပါဝင္နိုင္ဖို႔ မေသခ်ာပါဘူး။ နယူးကာဆယ္အသင္းမွာ ဖေရဆာက ပြဲပယ္ျပစ္ဒဏ္ခံေနရလို႔ ပါဝင္နိုင္မွ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က အာဆင္နယ္အသင္းက အိမ္ကြင္းမွာ အနိုင္ရဖို႔ ၇၀% ရွိေနၿပီး သေရျဖစ္ဖို႔ ၁၀% နဲ႔ နယူးကာဆယ္အနိုင္ရဖို႔ ၂၀% ရွိေနပါတယ္။