စပါးလ်က နှစ်ဂိုးပြတ်လောက် သွင်းယူသွားနိုင်တယ်

0
460

 

 

ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ အဖြစ် စပါးလ်အသင်းနဲ့ ဖူလ်ဟမ်အသင်းတို့ဟာ စပါးလ်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၁၄-၁-၂၀၂၁ ရက် ကြာသပတေးနေ့ နံနက် ၂း၄၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ စပါးလ်က ပရီးမီးယားလိဂ် ၁၆ ပွဲကစားအပြီး ရမှတ် ၂၉ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရှိနေပြီး ဖူလ်ဟမ်အသင်းက ပရီးမီးယားလိဂ် ၁၅ ပွဲ ကစား အပြီး ရမှတ် ၁၁ မှတ်နဲ့ အဆင့် ၁၈ နေရာမှာ ရှိနေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ဖူလ်ဟမ် ၁ – ၂ စပါးလ်(ပရီးမီးယားလိဂ်)

စပါးလ် ၃ – ၁ ဖူလ်ဟမ်(ပရီးမီးယားလိဂ်)

ဖူလ်ဟမ် ၀ – ၃ စပါးလ်(အက်ဖ်အေဖလား)

စပါးလ် ၃ – ၁ ဖူလ်ဟမ်(ပရီးမီးယားလိဂ်)

ဖူလ်ဟမ် ၁ – ၂ စပါးလ်(ပရီးမီးယားလိဂ်)

စပါးလ် ၀ – ၁ ဖူလ်ဟမ်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခြောက်ပွဲကစားအပြီး စပါးလ်အသင်းက လေးပွဲနိုင် တစ်ပွဲသရေနဲ့ တစ်ပွဲရှုံး ထားပြီး ဖူလ်ဟမ်အသင်းက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ငါးပွဲကစားအပြီး တစ်ပွဲနိုင် လေးပွဲသရေ ဖြစ်ပေါ်ထားပါ တယ်။ စပါးလ်အသင်းက ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ် ၁၁ ပွဲ တွေ့ဆုံအပြီး ၁၀ ပွဲ အနိုင်ရထားပါတယ်။ စပါးလ် အသင်းက ပရီးမီးယားလိဂ် နောက်ဆုံး ခုနစ်ပွဲမှာ နှစ်ပွဲသာ အနိုင်ရထားပြီး သုံးပွဲသရေ နှစ်ပွဲရှုံးထားပါတယ်။ ဖူလ်ဟမ်အသင်းက ပရီးမီးယားလိဂ် နောက်ဆုံး လေးပွဲဆက် သရေ ဖြစ်ထားပါတယ်။ စပါးလ်က ဖူလ်ဟမ်နဲ့ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ကိုးပွဲကစားအပြီး ရှစ်ပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါ တယ်။ စပါးလ်က ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ နောက်ဆုံး ခြောက်ပွဲကစားအပြီး ငါးပွဲမှာ အနည်းဆုံး သွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ စပါးလ်အသင်းက လန်ဒန်ဒါဘီအသင်းတွေနဲ့ နောက်ဆုံး ခုနစ်ပွဲရှုံးပွဲမရှိ ဖြစ်ပေါ် ထားပြီး သုံးပွဲနိုင် လေးပွဲသရေ ဖြစ်ပေါ်ထားပါတယ်။ စပါးလ်တိုက်စစ်မှူး ဟာရီကိန်းက ဖူလ်ဟမ်အသင်းနဲ့ သုံးပွဲ တွေ့ဆုံအပြီး ငါးဂိုး သွင်းယူထားနိုင်ပါတယ်။ ဟာရီကိန်းနဲ့ဆွန်ဟောင်မင်အတွဲကနေ စပါးလ်အသင်းအတွက် ယခုနှစ်မှာ သွင်းဂိုး ၁၃ ဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။

စပါးလ်အသင်းမှာ လိုဆယ်ဆိုက ဒဏ်ရာကြောင့် မပါဝင်နိုင်ပေမဲ့ ဖူလ်ဟမ်အသင်းမှာ ဒဏ်ရာရ ပွဲပယ် ကစားသမား ကင်းစင်နေပါတယ်။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က စပါးလ်က အနိုင်ရဖို့ ၇၀% ရှိနေပြီး ဖူလ်ဟမ်အနိုင်ရဖို့ ၃၀% နဲ့ သွင်းဂိုး ၂-၀ လောက် ဖြစ်ပေါ်လာနိုင်ပါတယ်။

Zawgyi

စပါးလ္က ႏွစ္ဂိုးျပတ္ေလာက္ သြင္းယူသြားနိုင္တယ္

ပရီးမီးယားလိဂ္ပြဲစဥ္ ၁၇ အျဖစ္ စပါးလ္အသင္းနဲ႔ ဖူလ္ဟမ္အသင္းတို႔ဟာ စပါးလ္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၁၄-၁-၂၀၂၁ ရက္ ၾကာသပေတးေန႔ နံနက္ ၂း၄၅ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ စပါးလ္က ပရီးမီးယားလိဂ္ ၁၆ ပြဲကစားအၿပီး ရမွတ္ ၂၉ မွတ္နဲ႔ အဆင့္ ၅ ေနရာမွာ ရွိေနၿပီး ဖူလ္ဟမ္အသင္းက ပရီးမီးယားလိဂ္ ၁၅ ပြဲ ကစား အၿပီး ရမွတ္ ၁၁ မွတ္နဲ႔ အဆင့္ ၁၈ ေနရာမွာ ရွိေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
ဖူလ္ဟမ္ ၁ – ၂ စပါးလ္(ပရီးမီးယားလိဂ္)
စပါးလ္ ၃ – ၁ ဖူလ္ဟမ္(ပရီးမီးယားလိဂ္)
ဖူလ္ဟမ္ ၀ – ၃ စပါးလ္(အက္ဖ္ေအဖလား)
စပါးလ္ ၃ – ၁ ဖူလ္ဟမ္(ပရီးမီးယားလိဂ္)
ဖူလ္ဟမ္ ၁ – ၂ စပါးလ္(ပရီးမီးယားလိဂ္)
စပါးလ္ ၀ – ၁ ဖူလ္ဟမ္(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ေျခာက္ပြဲကစားအၿပီး စပါးလ္အသင္းက ေလးပြဲနိုင္ တစ္ပြဲသေရနဲ႔ တစ္ပြဲရႈံး ထားၿပီး ဖူလ္ဟမ္အသင္းက ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ငါးပြဲကစားအၿပီး တစ္ပြဲနိုင္ ေလးပြဲသေရ ျဖစ္ေပၚထားပါ တယ္။ စပါးလ္အသင္းက ဖူလ္ဟမ္နဲ႔ ပရီးမီးယားလိဂ္ ၁၁ ပြဲ ေတြ႕ဆုံအၿပီး ၁၀ ပြဲ အနိုင္ရထားပါတယ္။ စပါးလ္ အသင္းက ပရီးမီးယားလိဂ္ ေနာက္ဆုံး ခုနစ္ပြဲမွာ ႏွစ္ပြဲသာ အနိုင္ရထားၿပီး သုံးပြဲသေရ ႏွစ္ပြဲရႈံးထားပါတယ္။ ဖူလ္ဟမ္အသင္းက ပရီးမီးယားလိဂ္ ေနာက္ဆုံး ေလးပြဲဆက္ သေရ ျဖစ္ထားပါတယ္။ စပါးလ္က ဖူလ္ဟမ္နဲ႔ ေတြ႕ဆုံခဲ့တဲ့ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ကိုးပြဲကစားအၿပီး ရွစ္ပြဲမွာ အနည္းဆုံးသြင္းဂိုး ႏွစ္ဂိုး သြင္းယူထားနိုင္ပါ တယ္။ စပါးလ္က ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲ ေနာက္ဆုံး ေျခာက္ပြဲကစားအၿပီး ငါးပြဲမွာ အနည္းဆုံး သြင္းဂိုး ႏွစ္ဂိုး သြင္းယူထားနိုင္ပါတယ္။ စပါးလ္အသင္းက လန္ဒန္ဒါဘီအသင္းေတြနဲ႔ ေနာက္ဆုံး ခုနစ္ပြဲရႈံးပြဲမရွိ ျဖစ္ေပၚ ထားၿပီး သုံးပြဲနိုင္ ေလးပြဲသေရ ျဖစ္ေပၚထားပါတယ္။ စပါးလ္တိုက္စစ္မႉး ဟာရီကိန္းက ဖူလ္ဟမ္အသင္းနဲ႔ သုံးပြဲ ေတြ႕ဆုံအၿပီး ငါးဂိုး သြင္းယူထားနိုင္ပါတယ္။ ဟာရီကိန္းနဲ႔ဆြန္ေဟာင္မင္အတြဲကေန စပါးလ္အသင္းအတြက္ ယခုႏွစ္မွာ သြင္းဂိုး ၁၃ ဂိုးအထိ သြင္းယူေပးထားနိုင္ပါတယ္။
စပါးလ္အသင္းမွာ လိုဆယ္ဆိုက ဒဏ္ရာေၾကာင့္ မပါဝင္နိုင္ေပမဲ့ ဖူလ္ဟမ္အသင္းမွာ ဒဏ္ရာရ ပြဲပယ္ ကစားသမား ကင္းစင္ေနပါတယ္။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က စပါးလ္က အနိုင္ရဖို႔ ၇၀% ရွိေနၿပီး ဖူလ္ဟမ္အနိုင္ရဖို႔ ၃၀% နဲ႔ သြင္းဂိုး ၂-၀ ေလာက္ ျဖစ္ေပၚလာနိုင္ပါတယ္။