ဆောက်သမ်တန်ကွင်းမှာ အာဆင်နယ်အနိုင်ရဖို့ ၇၅% ရှိနေတဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်

0
199

 

အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ဟာ ဆောက်သမ်တန်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂၃-၁-၂၀၂၁ ရက် စနေနေ့ညနေ ၆း၄၅ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

အာဆင်နယ် ၁ – ၁ ဆောက်သမ်တန်(ပရီးမီးယားလိဂ်)

ဆောက်သမ်တန် ၀ – ၂ အာဆင်နယ်(ပရီးမီးယားလိဂ်)

အာဆင်နယ် ၂ – ၂ ဆောက်သမ်တန်(ပရီးမီးယားလိဂ်)

အာဆင်နယ် ၂ – ၀ ဆောက်သမ်တန်(ပရီးမီးယားလိဂ်)

ဆောက်သမ်တန် ၃ – ၂ အာဆင်နယ်(ပရီးမီးယားလိဂ်)

အာဆင်နယ် ၃ – ၂ ဆောက်သမ်တန်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးငါးပွဲကစားအပြီး ဆောက်သမ်တန်က နှစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ တစ်ပွဲရှုံးထားပြီး အာဆင်နယ်က ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲမှာ ငါးပွဲနိုင် တစ်ပွဲသရေ ဖြစ်ပေါ်ထားပါတယ်။ အာဆင်နယ်က အက်ဖ်အေဖလား နောက်ဆုံး ခုနစ်ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပြီး ဆောက်သမ်တန်က အက်ဖ်အေဖလားပွဲ နောက်ဆုံးခြောက်ပွဲကစားအပြီး ငါးပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ ဆောက်သမ်တန်အသင်းက အာဆင်နယ်နဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ကိုးပွဲတွေ့ဆုံအပြီး ၂၀၁၈ ဒီဇင်ဘာလက ပရီးမီးယားလိဂ်ပွဲမှာ ၃-၂ နဲ့ အနိုင်ရခဲ့ပေမဲ့ သုံးပွဲသရေ ငါးပွဲရှုံးထားပါတယ်။ အာဆင်နယ်က အက်ဖ်အေဖလား အဝေးကွင်းပွဲ ၁၂ ပွဲမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီက နော်တင်ဟမ် ဖော့ရက်အသင်းကို ရှုံးခဲ့ပေမဲ့ ၁၁ ပွဲ အနိုင်ရထား ပါတယ်။ အာဆင်နယ်တိုက်စစ်မှူး အူဘာမီရန်က အက်ဖ်အေဖလား လေးပွဲပါဝင်ကစားအပြီး ခြောက်ဂိုးသွင်းယူ ထားနိုင်ပါတယ်။

ဆောက်သမ်တန်အသင်းမှာ ဒီဂျန်နီပို၊ အိုဘာဖန်နီ၊ ရတ်မိုးဒ်၊ တယ်လာ၊ ဗီစတာဂတ်နဲ့ စမောဘွန်းတို့က ဒဏ်ရာရနေပြီး အာဆင်နယ်အသင်းမှာ ဆယ်ဘောလော့နဲ့ မာရီတို့က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ဆောက်သမ်တန်က အနိုင်ရဖို့ ၂၅% ရှိနေပြီး အာဆင်နယ်အနိုင်ရဖို့ ၇၅% ရှိနေပါတယ်။

Zawgyi

ေဆာက္သမ္တန္ကြင္းမွာ အာဆင္နယ္အနိုင္ရဖို႔ ၇၅% ရွိေနတဲ့ အက္ဖ္ေအဖလား စတုတၳအဆင့္ ပြဲစဥ္

အက္ဖ္ေအဖလား စတုတၳအဆင့္ပြဲစဥ္အျဖစ္ ေဆာက္သမ္တန္အသင္းနဲ႔ အာဆင္နယ္အသင္းတို႔ဟာ ေဆာက္သမ္တန္ရဲ့ အိမ္ကြင္းပြဲအျဖစ္ ၂၃-၁-၂၀၂၁ ရက္ စေနေန႔ညေန ၆း၄၅ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
အာဆင္နယ္ ၁ – ၁ ေဆာက္သမ္တန္(ပရီးမီးယားလိဂ္)
ေဆာက္သမ္တန္ ၀ – ၂ အာဆင္နယ္(ပရီးမီးယားလိဂ္)
အာဆင္နယ္ ၂ – ၂ ေဆာက္သမ္တန္(ပရီးမီးယားလိဂ္)
အာဆင္နယ္ ၂ – ၀ ေဆာက္သမ္တန္(ပရီးမီးယားလိဂ္)
ေဆာက္သမ္တန္ ၃ – ၂ အာဆင္နယ္(ပရီးမီးယားလိဂ္)
အာဆင္နယ္ ၃ – ၂ ေဆာက္သမ္တန္(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးငါးပြဲကစားအၿပီး ေဆာက္သမ္တန္က ႏွစ္ပြဲနိုင္ ႏွစ္ပြဲသေရနဲ႔ တစ္ပြဲရႈံးထားၿပီး အာဆင္နယ္က ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲမွာ ငါးပြဲနိုင္ တစ္ပြဲသေရ ျဖစ္ေပၚထားပါတယ္။ အာဆင္နယ္က အက္ဖ္ေအဖလား ေနာက္ဆုံး ခုနစ္ပြဲဆက္ ရႈံးပြဲမရွိ ျဖစ္ေပၚထားၿပီး ေဆာက္သမ္တန္က အက္ဖ္ေအဖလားပြဲ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး ငါးပြဲမွာ အနည္းဆုံးသြင္းဂိုး ႏွစ္ဂိုး သြင္းယူထားနိုင္ပါတယ္။ ေဆာက္သမ္တန္အသင္းက အာဆင္နယ္နဲ႔ ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံး ကိုးပြဲေတြ႕ဆုံအၿပီး ၂၀၁၈ ဒီဇင္ဘာလက ပရီးမီးယားလိဂ္ပြဲမွာ ၃-၂ နဲ႔ အနိုင္ရခဲ့ေပမဲ့ သုံးပြဲသေရ ငါးပြဲရႈံးထားပါတယ္။ အာဆင္နယ္က အက္ဖ္ေအဖလား အေဝးကြင္းပြဲ ၁၂ ပြဲမွာ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီက ေနာ္တင္ဟမ္ ေဖာ့ရက္အသင္းကို ရႈံးခဲ့ေပမဲ့ ၁၁ ပြဲ အနိုင္ရထား ပါတယ္။ အာဆင္နယ္တိုက္စစ္မႉး အူဘာမီရန္က အက္ဖ္ေအဖလား ေလးပြဲပါဝင္ကစားအၿပီး ေျခာက္ဂိုးသြင္းယူ ထားနိုင္ပါတယ္။
ေဆာက္သမ္တန္အသင္းမွာ ဒီဂ်န္နီပို၊ အိုဘာဖန္နီ၊ ရတ္မိုးဒ္၊ တယ္လာ၊ ဗီစတာဂတ္နဲ႔ စေမာဘြန္းတို႔က ဒဏ္ရာရေနၿပီး အာဆင္နယ္အသင္းမွာ ဆယ္ေဘာေလာ့နဲ႔ မာရီတို႔က ဒဏ္ရာေၾကာင့္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က ေဆာက္သမ္တန္က အနိုင္ရဖို႔ ၂၅% ရွိေနၿပီး အာဆင္နယ္အနိုင္ရဖို႔ ၇၅% ရွိေနပါတယ္။