နှစ်ပေါင်းများစွာ ခေါ်ယူဖို့ ကြိုးစားခဲ့ရတဲ့ ကွင်းလယ်ကစားသမား ကန်တီနဲ့ အလုပ်အတူ တွဲလုပ်ခွင့်ရတဲ့အတွက် ကျေနပ်အားရကြောင်း တူချယ်လ် ပြော

0
162

 

ချဲလ်ဆီးအသင်း မန်နေဂျာလမ်းပတ်ကို ထုတ်ပယ်လိုက်ပြီးနောက် အသစ်ရောက်ရှိလာတဲ့ တူချယ်လ်က ကွင်းလယ်ကစားသမား ကန်တီကို ခေါ်ယူနိုင်ဖို့ ကာလကြာရှည်ကြိုးစားခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ ကန်တီနဲ့ တစ်သင်းထဲမှာ အတူတွဲပြီး အလုပ်လုပ်ခွင့်ရလို့ အားရကျေနပ်မိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

တူချယ်လ်ဟာ ချဲလ်ဆီးအသင်းရဲ့ ပွဲဦးထွက်ပွဲစဉ်အဖြစ် ဗုဒ္ဓဟူးနေ့က ဝုဗ်အသင်းနဲ့ အိမ်ကွင်းမှာ ကစားခဲ့စဉ်မှာ ဂိုးမရှိ သရေဖြစ်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ ကန်တီက ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

တူချယ်လ်က “ အသင်းတစ်သင်းကို ရာသီဝက်မှာ ရောက်ရှိလာခဲ့ခြင်းက ပျော်ရွှင်စရာဖြစ်စေမှာပါ။ ကွျန်တော်က ဝါနာကို သိနေတယ်၊ ဟာဗက်ဇ်ကို သိနေတယ်၊ တွန် ရူဒီဂါကို သိနေတယ်။ ကွျန်တော်ရဲ့ အသင်းအတွက် ကန်တီကို နှစ်ပေါင်းများစွာကတည်းက ခေါ်ယူလိုခဲ့တာပါ။ အခုချိန်မှာတော့ သူနဲ့အတူ ဒီအသင်းမှာ ကွျန်တော်ရှိနေတယ်။ နောက်ထပ်ပြီး ဂီရော့ရဲ့ ပုံရိပ်တွေကလည်း ကွျန်တော်တို့မှာ ရှိနေပါတယ် ” လို့ ပြောပါတယ်။

ချဲလ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ ပွဲ ၂၀ ကစားအပြီး ရမှတ် ၃၀ နဲ့ အဆင့် ၈ နေရာမှာ ရပ်နေလို့ တူချယ်လ်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ထိပ်တန်းလေးသင်းနေရာ ရောက်ရှိဖို့ ဖိအားတစ်ခု ရှိနေပါတယ်။ ချဲလ်ဆီးအသင်းဟာ တနင်္ဂနွေနေ့မှာ ဘန်လေအသင်းကို အိမ်ကွင်းပွဲ ကစားသွားရမှာ ဖြစ်ပြီး တူချယ်လ်အနေနဲ့ နိုင်ပွဲတစ်ပွဲ ရှာဖွေပေးဖို့ လိုအပ်နေပါတယ်။

Zawgyi

ႏွစ္ေပါင္းမ်ားစြာ ေခၚယူဖို႔ ႀကိဳးစားခဲ့ရတဲ့ ကြင္းလယ္ကစားသမား ကန္တီနဲ႔ အလုပ္အတူ တြဲလုပ္ခြင့္ရတဲ့အတြက္ ေက်နပ္အားရေၾကာင္း တူခ်ယ္လ္ ေျပာ

ခ်ဲလ္ဆီးအသင္း မန္ေနဂ်ာလမ္းပတ္ကို ထုတ္ပယ္လိုက္ၿပီးေနာက္ အသစ္ေရာက္ရွိလာတဲ့ တူခ်ယ္လ္က ကြင္းလယ္ကစားသမား ကန္တီကို ေခၚယူနိုင္ဖို႔ ကာလၾကာရွည္ႀကိဳးစားခဲ့သူျဖစ္ၿပီး လက္ရွိအခ်ိန္မွာ ကန္တီနဲ႔ တစ္သင္းထဲမွာ အတူတြဲၿပီး အလုပ္လုပ္ခြင့္ရလို႔ အားရေက်နပ္မိေၾကာင္း ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
တူခ်ယ္လ္ဟာ ခ်ဲလ္ဆီးအသင္းရဲ့ ပြဲဦးထြက္ပြဲစဥ္အျဖစ္ ဗုဒၶဟူးေန႔က ဝုဗ္အသင္းနဲ႔ အိမ္ကြင္းမွာ ကစားခဲ့စဥ္မွာ ဂိုးမရွိ သေရျဖစ္ခဲ့ပါတယ္။ အဆိုပါပြဲစဥ္မွာ ကန္တီက ဒဏ္ရာျပႆနာေၾကာင့္ ပါဝင္နိုင္ခဲ့ျခင္း မရွိခဲ့ပါဘူး။
တူခ်ယ္လ္က “ အသင္းတစ္သင္းကို ရာသီဝက္မွာ ေရာက္ရွိလာခဲ့ျခင္းက ေပ်ာ္ရႊင္စရာျဖစ္ေစမွာပါ။ ကြ်န္ေတာ္က ဝါနာကို သိေနတယ္၊ ဟာဗက္ဇ္ကို သိေနတယ္၊ တြန္ ႐ူဒီဂါကို သိေနတယ္။ ကြ်န္ေတာ္ရဲ့ အသင္းအတြက္ ကန္တီကို ႏွစ္ေပါင္းမ်ားစြာကတည္းက ေခၚယူလိုခဲ့တာပါ။ အခုခ်ိန္မွာေတာ့ သူနဲ႔အတူ ဒီအသင္းမွာ ကြ်န္ေတာ္ရွိေနတယ္။ ေနာက္ထပ္ၿပီး ဂီေရာ့ရဲ့ ပုံရိပ္ေတြကလည္း ကြ်န္ေတာ္တို႔မွာ ရွိေနပါတယ္ ” လို႔ ေျပာပါတယ္။
ခ်ဲလ္ဆီးအသင္းဟာ လက္ရွိအခ်ိန္မွာ ပြဲ ၂၀ ကစားအၿပီး ရမွတ္ ၃၀ နဲ႔ အဆင့္ ၈ ေနရာမွာ ရပ္ေနလို႔ တူခ်ယ္လ္အတြက္ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ ထိပ္တန္းေလးသင္းေနရာ ေရာက္ရွိဖို႔ ဖိအားတစ္ခု ရွိေနပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ တနဂၤေႏြေန႔မွာ ဘန္ေလအသင္းကို အိမ္ကြင္းပြဲ ကစားသြားရမွာ ျဖစ္ၿပီး တူခ်ယ္လ္အေနနဲ႔ နိုင္ပြဲတစ္ပြဲ ရွာေဖြေပးဖို႔ လိုအပ္ေနပါတယ္။