နှစ်သစ်မှာ သရေဖြစ်လာနိုင်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အဲစတွန်ဗီလာ

0
480

 

SBOTop Dec         ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အဲစတွန်ဗီလာအသင်းတို့ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ အိမ်ကွင်းပွဲအဖြစ် ၂-၁-၂၀၂၁ ရက် စနေနေ့ နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် ၁၅ ပွဲ ကစားအပြီး ရမှတ် ၃၀ နဲ့ အဆင့် ၂ နေရာမှာ ရှိနေပြီး အဲစတွန်ဗီလာအသင်းက ၁၄ ပွဲကစားအပြီး ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

အဲစတွန်ဗီလာ ၁ – ၀ မန်ချက်စတာယူနိုက်(ခြေစမ်းပွဲ)

အဲစတွန်ဗီလာ ၀ – ၃ မန်ချက်စတာယူနိုက်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက် ၂ – ၂ အဲစတွန်ဗီလာ(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက် ၁ – ၀ အဲစတွန်ဗီလာ(ပရီးမီးယားလိဂ်)

အဲစတွန်ဗီလာ ၀ – ၁ မန်ချက်စတာယူနိုက်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက် ၃ – ၁ အဲစတွန်ဗီလာ(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး မန်ချက်စတာယူနိုက်တက်က လေးပွဲနိုင် နှစ်ပွဲသရေ ဖြစ်ထားပြီး အဲစတွန်ဗီလာက ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ငါးပွဲကစားအပြီး သုံးပွဲနိုင် နှစ်ပွဲသရေ ဖြစ်ထားပါတယ်။ မန်ချက်စတာယူနိုက်တက်က နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ကိုးပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပြီး အဲစတွန်ဗီလာနဲ့ အိမ်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခုနစ်ပွဲ ကစားအပြီး ခြောက်ပွဲမှာ အနည်းဆုံး သွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက်က အဲစတွန်ဗီလာနဲ့ အိမ်ကွင်းမှာ တွေ့ဆုံခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခုနစ်ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ အဲစတွန်ဗီလာက ပရီးမီးယားလိဂ် နောက်ဆုံး ငါးပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပါတယ်။ အဲစတွန်ဗီလာအသင်းက ၂၀၀၉ ခုနှစ်က အဘွန်လဟောရဲ့ သွင်းဂိုး မန်ချက်စတာယူနိုက်တက်ကွင်းမှာ တစ်ပွဲအနိုင်ရခဲ့ပြီး အိုးထရတ်ဖို့ဒ်ကွင်း ၄၃ ပွဲမှာ ၁၁ ပွဲသရေ ၃၁ ပွဲ ရှုံးထားပါတယ်။ မန်ချက်စတာယူနိုက်တက်က နှစ်သစ်ကူးနေ့မှာ ကစားခဲ့တဲ့ ၂၇ ပွဲမှာ နိုင်ပွဲ ဖြစ်ပေါ်ထားပါတယ်။ အဲစတွန်ဗီလာအသင်းကလည်း နှစ်သစ်ကူးနေ့မှာ ကစားခဲ့တဲ့ ၁၀ ပွဲမှာ ရှုံးပွဲမရှိ ဖြစ်ပေါ် ထားပြီး ခြောက်ပွဲနိုင် လေးပွဲသရေ ဖြစ်ပေါ်ထားပါတယ်။

မန်ချက်စတာယူနိုက်တက်မှာ ရိုဂျိုက ဒဏ်ရာရနေပြီး ကာဗာနီက ပွဲပယ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ အဲတွန်ဗီလာအသင်းမှာ ထရေဇီဂတ်က ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က မန်ချက်စတာယူနိုက်တက်က အိမ်ကွင်းမှာ အနိုင်ရဖို့ ၅၅% ရှိနေပြီး သရေဖြစ်ဖို့ ၁၅% နဲ့ အဲစတွန်ဗီလာအနိုင်ရဖို့ ၃၀% ရှိနေပါတယ်။

Zawgyi

