ပထမအကျော့ ရှုံးပွဲကြောင့် အဝေးကွင်းလာကစားမဲ့ ရီးရဲလ်မက်ဒရစ်က အနိုင်ရလဒ်အတွက် အကောင်းဆုံးပါပဲ

0
219

 

လာလီဂါပွဲစဉ် ၂၀ အဖြစ် အဲလာဗက်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ အဲလာဗက်ရဲ့ အိမ်ကွင်းပွဲ အဖြစ် ၂၄-၁-၂၀၂၁ ရက် တနင်္ဂနွေနေ့နံနက် ၂း၃၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ အဲလာဗက်အသင်းက လာလီဂါ ၁၉ ပွဲ ကစားအပြီး ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၁၇ နေရာမှာ ရှိနေပြီး ရီးရဲလ်မက်ဒရစ်အသင်းက လာလီဂါ ၁၈ ပွဲ ကစားအပြီး ရမှတ် ၃၇ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

ရီးရဲလ်မက်ဒရစ် ၁ – ၂ အဲလာဗက်(လာလီဂါ)

ရီးရဲလ်မက်ဒရစ် ၂ – ၀ အဲလာဗက်(လာလီဂါ)

အဲလာဗက် ၁ – ၂ ရီးရဲလ်မက်ဒရစ်(လာလီဂါ)

ရီးရဲလ်မက်ဒရစ် ၃ – ၀ အဲလာဗက်(လာလီဂါ)

အဲလာဗက် ၁ – ၀ ရီးရဲလ်မက်ဒရစ်(လာလီဂါ)

ရီးရဲလ်မက်ဒရစ် ၄ – ၀ အဲလာဗက်(လာလီဂါ)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး အဲလာဗက်အသင်းက တစ်ပွဲနိုင် တစ်ပွဲသရေ လေးပွဲရှုံး ထားပြီး ရီးရဲလ်မက်ဒရစ်အသင်းက နှစ်ပွဲနိုင် နှစ်ပွဲသရေနဲ့ နှစ်ပွဲရှုံးထားပါတယ်။ ရီးရဲလ်မက်ဒရစ်က အဲလာဗက် အိမ်ကွင်းမှာ သွားရောက်ကစားခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံး ခြောက်ပွဲကစားအပြီး ငါးပွဲ အနိုင်ရထားပါတယ်။ ရီးရဲလ်မက်ဒရစ်က လာလီဂါ အဝေးကွင်းပွဲ နောက်ဆုံး ၁၅ ပွဲ ကစားအပြီး ၁၄ ပွဲ အနိုင်ရထားပါတယ်။ အဲလာဗက် အသင်းက လာလီဂါနောက်ဆုံး သုံးပွဲဆက် ရှုံးပွဲတွေ့ထားပြီး ရီးရဲလ်မက်ဒရစ်က အဲလာဗက်ကွင်းမှာ သွားရောက် ကစားခဲ့တဲ့ ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲ ကစားအပြီး ငါးပွဲမှာ အနည်းဆုံးသွင်းဂိုး နှစ်ဂိုး သွင်းယူထားနိုင်ပါ တယ်။ အဲလာဗက်အသင်းက လာလီဂါနောက်ဆုံး သုံးပွဲမှာ ပေးဂိုးအနည်းဆုံး နှစ်ဂိုး ပေးထားရပါတယ်။

အဲလာဗက်အသင်းက အီလေက ဒဏ်ရာရနေပြီး ရီးရဲလ်မက်ဒရစ်အသင်းမှာ ရိုဒရိုင်းဂိုက ဒဏ်ရာရနေပြီး နာချိုနဲ့ ကာဗာဂျယ်တို့က ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က ပြီးခဲ့တဲ့ ပထမအကျော့ အိမ်ကွင်းမှာ အဲလာဗက်ကို ရှုံးထားလို့ ယခုပွဲမှာ အနိုင်ရလဒ်ဖြစ်ပေါ်လာအောင်ကြိုးစားသွားနိုင်လို့ အနိုင်ရလဒ်အတွက် ရာနှုန်းပြည့်ရှိနေပြီး ၂-၁ လောက် ဖြစ်ပေါ်လာနိုင်ပါတယ်။

Zawgyi

