ပရီးမီးယားလိဂ်ရဲ့ ဒီဇင်ဘာလအတွက် တစ်လတာ အကောင်းဆုံးကစားသမားဆုကို ဖာနန်ဒက်ရရှိ

0
154

 

၂၀၂၀ လ ခုနှစ်ရဲ့ ဒီဇင်ဘာလအတွက် တစ်လတာအကောင်းဆုံး ကစားသမားဆုကို မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်ကစားသမား ဖာနန်ဒက်က ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဆုဟာ ၎င်းအတွက် မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိခဲ့ပြီးနောက် လေးကြိမ်မြောက် ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

၎င်းဟာ မန်ချက်စတာယူနိုက်တက်ရဲ့ နာမည်ကျော်ပေါ်တူဂီ ကစားသမား ရော်နယ်ဒိုရဲ့ တစ်လတာ အကောင်းဆုံးရရှိခဲ့တဲ့ ဆုအကြိမ်ရေနဲ့ တူညီခဲ့သလို မန်ချက်စတာယူနိုက်တက်မှာ တစ်နှစ်အတွက် အကောင်းဆုံး ကစားသမားဆု လေးကြိမ်ရယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

16

ဖာနန်ဒက်ဟာ ဒီဇင်ဘာလအတွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ သုံးဂိုး သွင်းယူနိုင်ခဲ့သလို သုံးကြိမ်ဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပါတယ်။ ၎င်းဟာ အကောင်းဆုံး ကစားသမားဆုတွေကို ဖေဖော်ဝါလ၊ ဇွန်လနဲ့ နိုဝင်ဘာလတွေမှာ ရရှိခဲ့ပြီး ဒီဇင်ဘာလမှာ ဆက်လက်ပြီး နှစ်လဆက်တိုက် အကောင်းဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လီဗာပူးလ်တိုက်စစ်မှူး ဆာလက်က ၂၀၁၈ ခုနှစ်မှာ နှစ်လဆက် အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပြီးနောက် ဖာနန်ဒက်က နှစ်လဆက် အကောင်းဆုံးကစားသမားဆုကို ပထမဆုံးရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖာနန်ဒက်အနေနဲ့ မန်စီးတီးတိုက်စစ်မှူး အဂူရိုရဲ့ တစ်လတာအကောင်းဆုံးဆု ခုနစ်ကြိမ် ရယူထားနိုင်ခြင်းနဲ့ စပါးလ်တိုက်စစ်မှူး ဟာရီကိန်းတို့ရဲ့ အကောင်းဆုံးကစားသမားဆု ခြောက်ကြိမ်ရယူ ထားနိုင်ခြင်းတွေ နောက်ကို လိုက်မီနိုင်ဖို့ ကြိုးစားသွားရဦးမှာ ဖြစ်ပါတယ်။ ၎င်းက စပို့တင်းလစ္စဘွန်းကနေ မန်ချက်စတာယူနိုက်တက်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလက ပေါင် ၄၇ သန်းနဲ့ ရောက်ရှိလာခဲ့ပြီးနောက် ၄၈ ပွဲ ကစားအပြီး ၂၇ ဂိုး သွင်းယူခဲ့ပြီး ၁၇ ကြိမ် ဖန်တီးပေးထားပါတယ်။

Zawgyi

ပရီးမီးယားလိဂ္ရဲ့ ဒီဇင္ဘာလအတြက္ တစ္လတာ အေကာင္းဆုံးကစားသမားဆုကို ဖာနန္ဒက္ရရွိ

၂၀၂၀ လ ခုႏွစ္ရဲ့ ဒီဇင္ဘာလအတြက္ တစ္လတာအေကာင္းဆုံး ကစားသမားဆုကို မန္ခ်က္စတာ ယူနိုက္တက္ကြင္းလယ္ကစားသမား ဖာနန္ဒက္က ရရွိခဲ့တယ္လို႔ သိရပါတယ္။ အဆိုပါဆုဟာ ၎အတြက္ မန္ခ်က္စတာယူနိုက္တက္ကို ေရာက္ရွိခဲ့ၿပီးေနာက္ ေလးႀကိမ္ေျမာက္ ရယူနိုင္ခဲ့ျခင္းလည္း ျဖစ္ပါတယ္။
၎ဟာ မန္ခ်က္စတာယူနိုက္တက္ရဲ့ နာမည္ေက်ာ္ေပၚတူဂီ ကစားသမား ေရာ္နယ္ဒိုရဲ့ တစ္လတာ အေကာင္းဆုံးရရွိခဲ့တဲ့ ဆုအႀကိမ္ေရနဲ႔ တူညီခဲ့သလို မန္ခ်က္စတာယူနိုက္တက္မွာ တစ္ႏွစ္အတြက္ အေကာင္းဆုံး ကစားသမားဆု ေလးႀကိမ္ရယူနိုင္ခဲ့တဲ့ ပထမဆုံး ကစားသမားလည္း ျဖစ္ခဲ့ပါတယ္။
ဖာနန္ဒက္ဟာ ဒီဇင္ဘာလအတြင္းမွာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ေတြမွာ သုံးဂိုး သြင္းယူနိုင္ခဲ့သလို သုံးႀကိမ္ဖန္တီးမႈ ျပဳလုပ္နိုင္ခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ မန္ခ်က္စတာယူနိုက္တက္က ပရီးမီးယားလိဂ္ရဲ့ အမွတ္ေပးဇယားကို ဦးေဆာင္ထားနိုင္ပါတယ္။ ၎ဟာ အေကာင္းဆုံး ကစားသမားဆုေတြကို ေဖေဖာ္ဝါလ၊ ဇြန္လနဲ႔ နိုဝင္ဘာလေတြမွာ ရရွိခဲ့ၿပီး ဒီဇင္ဘာလမွာ ဆက္လက္ၿပီး ႏွစ္လဆက္တိုက္ အေကာင္းဆုံး ကစားသမားျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ လီဗာပူးလ္တိုက္စစ္မႉး ဆာလက္က ၂၀၁၈ ခုႏွစ္မွာ ႏွစ္လဆက္ အေကာင္းဆုံးကစားသမားဆု ရရွိခဲ့ၿပီးေနာက္ ဖာနန္ဒက္က ႏွစ္လဆက္ အေကာင္းဆုံးကစားသမားဆုကို ပထမဆုံးရယူနိုင္ခဲ့တာ ျဖစ္ပါတယ္။
ဖာနန္ဒက္အေနနဲ႔ မန္စီးတီးတိုက္စစ္မႉး အဂူရိုရဲ့ တစ္လတာအေကာင္းဆုံးဆု ခုနစ္ႀကိမ္ ရယူထားနိုင္ျခင္းနဲ႔ စပါးလ္တိုက္စစ္မႉး ဟာရီကိန္းတို႔ရဲ့ အေကာင္းဆုံးကစားသမားဆု ေျခာက္ႀကိမ္ရယူ ထားနိုင္ျခင္းေတြ ေနာက္ကို လိုက္မီနိုင္ဖို႔ ႀကိဳးစားသြားရဦးမွာ ျဖစ္ပါတယ္။ ၎က စပို႔တင္းလစၥဘြန္းကေန မန္ခ်က္စတာယူနိုက္တက္ကို ၿပီးခဲ့တဲ့ ဇန္နဝါရီလက ေပါင္ ၄၇ သန္းနဲ႔ ေရာက္ရွိလာခဲ့ၿပီးေနာက္ ၄၈ ပြဲ ကစားအၿပီး ၂၇ ဂိုး သြင္းယူခဲ့ၿပီး ၁၇ ႀကိမ္ ဖန္တီးေပးထားပါတယ္။