ပီအက်စ်ဂျီအသင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရတဲ့ ပိုချက်တီနို  

0
163

 

            စပါးလ်အသင်းမန်နေဂျာဖြစ်ခဲ့သူ ပိုချက်တီနိုဟာ ပြင်သစ်လီဂူး-၁ ကလပ် ပီအက်စ်ဂျီအသင်းမှာ ကိုဗစ်-၁၉ ကူးစက်ခံထားရတယ်လို့ သိရပါတယ်။ ဒါကြောင့် ပိုချက်တီနိုဟာ ပီအက်စ်ဂျီအသင်းရဲ့ လီဂူး-၁ ပွဲ နှစ်ပွဲ လွဲချော်သွားမှာ ဖြစ်ပါတယ်။

            အသက် ၄၈ နှစ်အရွယ် ပိုချက်တီနိုဟာ ယခုလ အစောပိုင်းက ပီအက်စ်ဂျီကို ရောက်ရှိခဲ့ပြီးနောက် ၎င်းရဲ့ တတိယမြောက်ပွဲစဉ်ဖြစ်တဲ့ ပြင်သစ်စူပါဖလားပွဲမှာ မာဆေးအသင်းကို အနိုင်ရလို့ ချန်ပီယံဖလားတစ်လုံး စတင်ရယူနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ စနေနေ့မှာ အမ်းဂါအသင်းနဲ့ ပြင်သစ်လီဂူး-၁ ပွဲကစားရမှာ ဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်နေ့မှာ မောက်ပလီယာအသင်းနဲ့ ကစားဖို့ ရှိနေပြီး ပိုချက်တီနိုကတော့ သီးခြားခွဲနေထိုင် သွားရမှာ ဖြစ်ပါတယ်။

            ပီအက်စ်ဂျီအသင်းက “ ပိုချက်တီနိုက ကျန်းမာရေးလမ်းစဉ်တွေအတိုင်းလေးလေးစားစားထားပြီး သီးခြားခွဲနေထိုင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ လက်ထောက်တွေဖြစ်တဲ့ ပီရက်ဇ်နဲ့ ဒီအေဂေါ့တီနိုတို့က အမ်းဂါးနဲ့ပွဲမှာ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ် ” ဆိုပြီး အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

            ပြင်သစ်လီဂူး-၁ ရှစ်ရာသီမှာ ဖလားခုနစ်ကြိမ်ရယူထားနိုင်တဲ့ ပီအက်စ်ဂျီအသင်းက ယခုနှစ် ဘောလုံးရာသီ ၁၉ ပွဲ ကစားအပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ရှိနေပြီး ထိပ်ဆုံးမှာ ရှိနေတဲ့ လိုင်ယွန် အသင်းနောက် ရမှတ်တစ်မှတ်ကွာဟနေပါတယ်။ ပိုချက်တီနိုအနေနဲ့ ပီအက်စ်ဂျီအသင်းမှာ မာဆေးအသင်းကို အနိုင်ရပြီး ပြင်သစ်စူပါဖလားချန်ပီယံဖလားဟာ ၎င်းရဲ့ မန်နေဂျာဖြတ်သန်းမှုအတွက် ပထမဆုံး ဖလားလည်း ဖြစ်ပါတယ်။

Zawgyi

ပီအက္စ္ဂ်ီအသင္းမွာ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံခဲ့ရတဲ့ ပိုခ်က္တီနို

စပါးလ္အသင္းမန္ေနဂ်ာျဖစ္ခဲ့သူ ပိုခ်က္တီနိုဟာ ျပင္သစ္လီဂူး-၁ ကလပ္ ပီအက္စ္ဂ်ီအသင္းမွာ ကိုဗစ္-၁၉ ကူးစက္ခံထားရတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ပိုခ်က္တီနိုဟာ ပီအက္စ္ဂ်ီအသင္းရဲ့ လီဂူး-၁ ပြဲ ႏွစ္ပြဲ လြဲေခ်ာ္သြားမွာ ျဖစ္ပါတယ္။
အသက္ ၄၈ ႏွစ္အရြယ္ ပိုခ်က္တီနိုဟာ ယခုလ အေစာပိုင္းက ပီအက္စ္ဂ်ီကို ေရာက္ရွိခဲ့ၿပီးေနာက္ ၎ရဲ့ တတိယေျမာက္ပြဲစဥ္ျဖစ္တဲ့ ျပင္သစ္စူပါဖလားပြဲမွာ မာေဆးအသင္းကို အနိုင္ရလို႔ ခ်န္ပီယံဖလားတစ္လုံး စတင္ရယူနိုင္ခဲ့ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ စေနေန႔မွာ အမ္းဂါအသင္းနဲ႔ ျပင္သစ္လီဂူး-၁ ပြဲကစားရမွာ ျဖစ္ၿပီး ဇန္နဝါရီ ၂၂ ရက္ေန႔မွာ ေမာက္ပလီယာအသင္းနဲ႔ ကစားဖို႔ ရွိေနၿပီး ပိုခ်က္တီနိုကေတာ့ သီးျခားခြဲေနထိုင္ သြားရမွာ ျဖစ္ပါတယ္။
ပီအက္စ္ဂ်ီအသင္းက “ ပိုခ်က္တီနိုက က်န္းမာေရးလမ္းစဥ္ေတြအတိုင္းေလးေလးစားစားထားၿပီး သီးျခားခြဲေနထိုင္သြားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ သူ႔ရဲ့ လက္ေထာက္ေတြျဖစ္တဲ့ ပီရက္ဇ္နဲ႔ ဒီေအေဂါ့တီနိုတို႔က အမ္းဂါးနဲ႔ပြဲမွာ ကိုင္တြယ္သြားမွာ ျဖစ္ပါတယ္ ” ဆိုၿပီး အတည္ျပဳထုတ္ျပန္ခဲ့ပါတယ္။
ျပင္သစ္လီဂူး-၁ ရွစ္ရာသီမွာ ဖလားခုနစ္ႀကိမ္ရယူထားနိုင္တဲ့ ပီအက္စ္ဂ်ီအသင္းက ယခုႏွစ္ ေဘာလုံးရာသီ ၁၉ ပြဲ ကစားအၿပီး အမွတ္ေပးဇယားရဲ့ အဆင့္ ၂ ေနရာမွာ ရွိေနၿပီး ထိပ္ဆုံးမွာ ရွိေနတဲ့ လိုင္ယြန္ အသင္းေနာက္ ရမွတ္တစ္မွတ္ကြာဟေနပါတယ္။ ပိုခ်က္တီနိုအေနနဲ႔ ပီအက္စ္ဂ်ီအသင္းမွာ မာေဆးအသင္းကို အနိုင္ရၿပီး ျပင္သစ္စူပါဖလားခ်န္ပီယံဖလားဟာ ၎ရဲ့ မန္ေနဂ်ာျဖတ္သန္းမႈအတြက္ ပထမဆုံး ဖလားလည္း ျဖစ္ပါတယ္။