ပေါင်တွင်းကြောဒဏ်ရာကြောင့် ဒီဘလိုင်း လေးပတ်ကနေ ခြောက်ပတ်အထိ အနားယူသွားရမှာ ဖြစ်ကြောင်း ဂွါဒီယိုလာ အတည်ပြုပြောဆို

0
109

 

မန်စီးတီးအသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ဖြစ်တဲ့ ဒီဘလိုင်းဟာ ပြီးခဲ့တဲ့ အဲစတွန်ဗီလာ အသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပေါင်တွင်းကြောဒဏ်ရာ ရရှိခဲ့လို့ လေးပတ်ကနေ ခြောက်ပတ်ခန့်အထိ အနားယူသွားဖို့ ရှိနေကြောင်း အသင်းမန်နေဂျာ ဂွါဒီယိုလာက အတည်ပြု ပြောကြားလိုက်ပါတယ်။ ဒါကြောင့် ၎င်းဟာ စနေနေ့မှာ ကစားရမဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်ဖြစ်တဲ့ ချယ်တန်ဟမ်အသင်းနဲ့ပွဲနဲ့ လွဲချော် မှာဖြစ်သလို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ကစားရမဲ့ မိုချန်ဂရာဘက်ချ်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲစဉ် အပါအဝင် ပွဲစဉ် ၁၀ ပွဲလောက် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဂွါဒီယိုလာက “ ဆရာဝန်ကတော့ ဒီဘလိုင်းရဲ့ ဒဏ်ရာကို ဓာတ်မှန်ရိုက်အပြီးမှာ လေးပတ်ကနေ ခြောက်ပတ်လောက်အထိ အနားယူသွားရမယ်လို့ ပြောခဲ့ပါတယ်။ ဒါက ကြီးမားတဲ့ ပြဿနာတစ်ရပ်ဖြစ်ပေမဲ့ ကွျန်တော်တို့မှာ ရှေ့ဆက်ရမဲ့ အရာတွေ ရှိနေပါတယ်။ ဒါက သူနဲ့ ကွျန်တော်တို့အတွက် ကံတရားတစ်ခုလည်း ဖြစ်နေတယ်။ ဒါကို ကွျန်တော်တို့ အဖြေရှာသွားရပါမယ်။ ဘာကြောင့်လဲဆိုရင် တစ်ယောက်တိုင်းစီမှာ ကိုယ်ပိုင် ဘ၀တွေနဲ့ ရုန်းကန်ရမဲ့ ကာလအပိုင်းအခြားတွေ ရှိနေလို့ပါပဲ။ ကွျန်တော်တို့က အရာရာနဲ့ လိုက်ဖက်အောင် နေထိုင်သွားရဖို့တော့ ရှိတာပေါ့လေ ” လို့ ပြောပါတယ်။

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ကိုးပွဲဆက် နိုင်ပွဲအပါအဝင် ၁၆ ပွဲဆက် ရှုံးပွဲမရှိ ဖြစ်ပေါ်ထားပြီး အဆင့်နှစ်နေရာရပ်တည်နေပေမဲ့ ပွဲကျန်တစ်ပွဲကစားဖို့ ရှိနေသလို ထိပ်ဆုံးက မန်ချက်စတာ ယူနိုက်တက်နဲ့ ရမှတ် နှစ်မှတ်သာ ကွာဟနေပါတယ်။

Zawgyi

ေပါင္တြင္းေၾကာဒဏ္ရာေၾကာင့္ ဒီဘလိုင္း ေလးပတ္ကေန ေျခာက္ပတ္အထိ အနားယူသြားရမွာ ျဖစ္ေၾကာင္း ဂြါဒီယိုလာ အတည္ျပဳေျပာဆို

မန္စီးတီးအသင္းရဲ့ အဓိကကြင္းလယ္ကစားသမား ျဖစ္တဲ့ ဒီဘလိုင္းဟာ ၿပီးခဲ့တဲ့ အဲစတြန္ဗီလာ အသင္းကို ၂-၀ နဲ႔ အနိုင္ရခဲ့တဲ့ပြဲမွာ ေပါင္တြင္းေၾကာဒဏ္ရာ ရရွိခဲ့လို႔ ေလးပတ္ကေန ေျခာက္ပတ္ခန႔္အထိ အနားယူသြားဖို႔ ရွိေနေၾကာင္း အသင္းမန္ေနဂ်ာ ဂြါဒီယိုလာက အတည္ျပဳ ေျပာၾကားလိုက္ပါတယ္။ ဒါေၾကာင့္ ၎ဟာ စေနေန႔မွာ ကစားရမဲ့ အက္ဖ္ေအဖလား စတုတၳအဆင့္ပြဲစဥ္ျဖစ္တဲ့ ခ်ယ္တန္ဟမ္အသင္းနဲ႔ပြဲနဲ႔ လြဲေခ်ာ္ မွာျဖစ္သလို ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔မွာ ကစားရမဲ့ မိုခ်န္ဂရာဘက္ခ်္အသင္းနဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ပြဲစဥ္ အပါအဝင္ ပြဲစဥ္ ၁၀ ပြဲေလာက္ ပါဝင္နိုင္မွာ မဟုတ္ပါဘူး။
ဂြါဒီယိုလာက “ ဆရာဝန္ကေတာ့ ဒီဘလိုင္းရဲ့ ဒဏ္ရာကို ဓာတ္မွန္ရိုက္အၿပီးမွာ ေလးပတ္ကေန ေျခာက္ပတ္ေလာက္အထိ အနားယူသြားရမယ္လို႔ ေျပာခဲ့ပါတယ္။ ဒါက ႀကီးမားတဲ့ ျပႆနာတစ္ရပ္ျဖစ္ေပမဲ့ ကြ်န္ေတာ္တို႔မွာ ေရွ႕ဆက္ရမဲ့ အရာေတြ ရွိေနပါတယ္။ ဒါက သူနဲ႔ ကြ်န္ေတာ္တို႔အတြက္ ကံတရားတစ္ခုလည္း ျဖစ္ေနတယ္။ ဒါကို ကြ်န္ေတာ္တို႔ အေျဖရွာသြားရပါမယ္။ ဘာေၾကာင့္လဲဆိုရင္ တစ္ေယာက္တိုင္းစီမွာ ကိုယ္ပိုင္ ဘ၀ေတြနဲ႔ ႐ုန္းကန္ရမဲ့ ကာလအပိုင္းအျခားေတြ ရွိေနလို႔ပါပဲ။ ကြ်န္ေတာ္တို႔က အရာရာနဲ႔ လိုက္ဖက္ေအာင္ ေနထိုင္သြားရဖို႔ေတာ့ ရွိတာေပါ့ေလ ” လို႔ ေျပာပါတယ္။
မန္စီးတီးအသင္းဟာ ပရီးမီးယားလိဂ္ ေနာက္ဆုံး ကိုးပြဲဆက္ နိုင္ပြဲအပါအဝင္ ၁၆ ပြဲဆက္ ရႈံးပြဲမရွိ ျဖစ္ေပၚထားၿပီး အဆင့္ႏွစ္ေနရာရပ္တည္ေနေပမဲ့ ပြဲက်န္တစ္ပြဲကစားဖို႔ ရွိေနသလို ထိပ္ဆုံးက မန္ခ်က္စတာ ယူနိုက္တက္နဲ႔ ရမွတ္ ႏွစ္မွတ္သာ ကြာဟေနပါတယ္။