“ ပြိုင်ပွဲတစ်ခုကို အားစိုက်ကြိုးစားခြင်းက အနိုင်ရလဒ်နဲ့ ထိုက်တန်စေတယ် ” ချဲလ်ဆီးအသင်းမန်နေဂျာ တူချယ်လ်

0
353

 

ချဲလ်ဆီးအသင်းဟာ ဘန်လေအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ မှာ ၂-၀ နဲ့ အိမ်ကွင်းမှာ အနိုင်ရခဲ့ပါတယ်။ ချဲလ်ဆီးအတွက် အနိုင်ဂိုးတွေကို အက်ပလီကျူတာနဲ့ အလွန်ဆိုတို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပွဲအပြီးမှာ ဘန်လေအသင်းက စတန်းဖို့ဒ်ကွင်းမှာ ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်သာ ရရှိခဲ့ပေမဲ့ ချဲလ်ဆီးက ဂိုးပေါက်ကန်သွင်းမှု ၁၉ ကြိမ်မှာ ရှစ်ကြိမ်ဂိုးပေါက်ကို ထိရောက်ခဲ့သလို နှစ်ဂိုး ရရှိခဲ့ပါတယ်။

57

အဆိုပါပွဲအပြီးမှာ အသင်းမန်နေဂျာ တူချယ်လ်က “ ကွျန်တော်တို့တွေမှာ အခွင့်အရေးများစွာ ရှိနေပေမဲ့ ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးတွေကို အချိန်ကြာကြီးစောင့်နေရတယ်။ ဒီနေ့ပွဲမှာ ဘာကို သဘောကျလဲဆိုရင် ကွျန်တော်တို့တွေ ဘောလုံးကိုထိန်းချုပ်နိုင်စွမ်း အဆုံးရှုံးခဲ့သလို ဘောလုံးပေါ်မှာ ယုံကြည်မှု အပြည့်ရှိခဲ့ခြင်းပါပဲ။ ပြီးတော့ ကွျန်တော်တို့အသင်းက ကြောက်လန့်ခြင်းရှိမနေဘဲ စိတ်ရှည်ရှည်နဲ့ ကစားခဲ့တယ်။ ကစားသမားတွေရဲ့ ကစားနိုင်မှု စွမ်းအားကလည်း အရမ်းကောင်းမွန်တယ်။ ပြိုင်ပွဲချန် ၉၄ မိနစ်အတွင်းမှာ တစ်ဖက်အသင်းကို ဂိုးပေါက်ကန်သွင်းခွင့် တစ်ကြိမ်ပဲ ခွင့်ပြုခဲ့ရတယ်။ ဒါကတော့ ပြိုင်ပွဲတစ်ခုကို အားစိုက်ကြိုးစားခြင်းအတွက် အနိုင်ရလဒ်နဲ့ ထိုက်တန်ခြင်းလည်း ဖြစ်တယ်။ ဒီကစားသမားတွေက ဝုဗ်နဲ့ပွဲမှာလည်း အခွင့်အရေးတွေကို ရရှိခဲ့ကြသူတွေပါ။ အသင်းရဲ့ ကစားပုံကို ချီးကျူးပြောချင်သလို ကြီးမားတဲ့ ယုံကြည်မှုတွေနဲ့ သူတို့ ကစားပုံ စွမ်းအားကို ကွျန်တော်ပျော်ခဲ့ရတယ် ” လို့ ပြောပါတယ်။

ချဲလ်ဆီးအသင်းအတွက် အဖွင့်ဂိုး သွင်းယူပေခဲ့တဲ့ အက်ပလီကျူတာက အသင်းအတွက် ဂိုးသွင်းယူပေးခဲ့တဲ့ ပြိုင်ပွဲတွေမှာ တစ်ပွဲသာ ရှုံးခဲ့ပြီး ငါးပွဲနိုင် လေးပွဲသရေ ဖြစ်ပေါ်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်း မန်နေဂျာအတွက် ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့သလို နှစ်ပွဲဆက် ပေးဂိုးမရှိ ပွဲတစ်ပွဲလည်း ဖြစ်စေခဲ့ပါတယ်။

နောက်ထပ်ပွဲစဉ်မှာ ချဲလ်ဆီးအသင်းက စပါးလ်အသင်းနဲ့ လာမဲ့ကြာသပတေးနေ့မှာ ကစားသွားဖို့ ရှိနေပြီး ဘန်လေအသင်းက အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးအသင်းနဲ့ ဗုဒ္ဓဟူးနေ့မှာ ကစားသွားဖို့ ရှိနေပါတယ်။

Zawgyi

“ ၿပိဳင္ပြဲတစ္ခုကို အားစိုက္ႀကိဳးစားျခင္းက အနိုင္ရလဒ္နဲ႔ ထိုက္တန္ေစတယ္ ” ခ်ဲလ္ဆီးအသင္းမန္ေနဂ်ာ တူခ်ယ္လ္

ခ်ဲလ္ဆီးအသင္းဟာ ဘန္ေလအသင္းနဲ႔ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၂၁ မွာ ၂-၀ နဲ႔ အိမ္ကြင္းမွာ အနိုင္ရခဲ့ပါတယ္။ ခ်ဲလ္ဆီးအတြက္ အနိုင္ဂိုးေတြကို အက္ပလီက်ဴတာနဲ႔ အလြန္ဆိုတို႔က သြင္းယူခဲ့တာ ျဖစ္ပါတယ္။ အဆိုပါပြဲအၿပီးမွာ ဘန္ေလအသင္းက စတန္းဖို႔ဒ္ကြင္းမွာ ဂိုးေပါက္ကန္သြင္းမႈ တစ္ႀကိမ္သာ ရရွိခဲ့ေပမဲ့ ခ်ဲလ္ဆီးက ဂိုးေပါက္ကန္သြင္းမႈ ၁၉ ႀကိမ္မွာ ရွစ္ႀကိမ္ဂိုးေပါက္ကို ထိေရာက္ခဲ့သလို ႏွစ္ဂိုး ရရွိခဲ့ပါတယ္။
အဆိုပါပြဲအၿပီးမွာ အသင္းမန္ေနဂ်ာ တူခ်ယ္လ္က “ ကြ်န္ေတာ္တို႔ေတြမွာ အခြင့္အေရးမ်ားစြာ ရွိေနေပမဲ့ ဂိုးသြင္းနိုင္ဖို႔ အခြင့္အေရးေတြကို အခ်ိန္ၾကာႀကီးေစာင့္ေနရတယ္။ ဒီေန႔ပြဲမွာ ဘာကို သေဘာက်လဲဆိုရင္ ကြ်န္ေတာ္တို႔ေတြ ေဘာလုံးကိုထိန္းခ်ဳပ္နိုင္စြမ္း အဆုံးရႈံးခဲ့သလို ေဘာလုံးေပၚမွာ ယုံၾကည္မႈ အျပည့္ရွိခဲ့ျခင္းပါပဲ။ ၿပီးေတာ့ ကြ်န္ေတာ္တို႔အသင္းက ေၾကာက္လန႔္ျခင္းရွိမေနဘဲ စိတ္ရွည္ရွည္နဲ႔ ကစားခဲ့တယ္။ ကစားသမားေတြရဲ့ ကစားနိုင္မႈ စြမ္းအားကလည္း အရမ္းေကာင္းမြန္တယ္။ ၿပိဳင္ပြဲခ်န္ ၉၄ မိနစ္အတြင္းမွာ တစ္ဖက္အသင္းကို ဂိုးေပါက္ကန္သြင္းခြင့္ တစ္ႀကိမ္ပဲ ခြင့္ျပဳခဲ့ရတယ္။ ဒါကေတာ့ ၿပိဳင္ပြဲတစ္ခုကို အားစိုက္ႀကိဳးစားျခင္းအတြက္ အနိုင္ရလဒ္နဲ႔ ထိုက္တန္ျခင္းလည္း ျဖစ္တယ္။ ဒီကစားသမားေတြက ဝုဗ္နဲ႔ပြဲမွာလည္း အခြင့္အေရးေတြကို ရရွိခဲ့ၾကသူေတြပါ။ အသင္းရဲ့ ကစားပုံကို ခ်ီးက်ဴးေျပာခ်င္သလို ႀကီးမားတဲ့ ယုံၾကည္မႈေတြနဲ႔ သူတို႔ ကစားပုံ စြမ္းအားကို ကြ်န္ေတာ္ေပ်ာ္ခဲ့ရတယ္ ” လို႔ ေျပာပါတယ္။
ခ်ဲလ္ဆီးအသင္းအတြက္ အဖြင့္ဂိုး သြင္းယူေပခဲ့တဲ့ အက္ပလီက်ဴတာက အသင္းအတြက္ ဂိုးသြင္းယူေပးခဲ့တဲ့ ၿပိဳင္ပြဲေတြမွာ တစ္ပြဲသာ ရႈံးခဲ့ၿပီး ငါးပြဲနိုင္ ေလးပြဲသေရ ျဖစ္ေပၚခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္း မန္ေနဂ်ာအတြက္ ပထမဆုံး ပရီးမီးယားလိဂ္ နိုင္ပြဲတစ္ပြဲ ျဖစ္ခဲ့သလို ႏွစ္ပြဲဆက္ ေပးဂိုးမရွိ ပြဲတစ္ပြဲလည္း ျဖစ္ေစခဲ့ပါတယ္။
ေနာက္ထပ္ပြဲစဥ္မွာ ခ်ဲလ္ဆီးအသင္းက စပါးလ္အသင္းနဲ႔ လာမဲ့ၾကာသပေတးေန႔မွာ ကစားသြားဖို႔ ရွိေနၿပီး ဘန္ေလအသင္းက အမွတ္ေပးဇယားကို ဦးေဆာင္ေနတဲ့ မန္စီးတီးအသင္းနဲ႔ ဗုဒၶဟူးေန႔မွာ ကစားသြားဖို႔ ရွိေနပါတယ္။