မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ရမဲ့ အိမ်ရှင် အာဆင်နယ်အတွက် အနိုင်ရဖို့ ၅၀% ရှိတယ်

0
336

 

ပရီးမီးယားလိဂ်ပွဲစဉ် ၂၁ အဖြစ် အာဆင်နယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ဟာ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းပွဲအဖြစ် ၃၀-၁-၂၀၂၁ ရက် စနေနေ့ည ၁၂း၀၀ နာရီ ကစားသွားရမှာ ဖြစ်ပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲ ၂၀ ကစားအပြီး ရမှတ် ၃၀ နဲ့ အဆင့် ၉ နေရာမှာ ရှိနေပြီး မန်ချက်စတာယူနိုက်တက်က ရမှတ် ၄၀ နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးခြောက်ကြိမ်

မန်ချက်စတာယူနိုက်တက် ၀ – ၁ အာဆင်နယ်(ပရီးမီးယားလိဂ်)

အာဆင်နယ် ၂ – ၀ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

မန်ချက်စတာယူနိုက်တက် ၁ – ၁ အာဆင်နယ်(ပရီးမီးယားလိဂ်)

အာဆင်နယ် ၂ – ၀ မန်ချက်စတာယူနိုက်တက်(ပရီးမီးယားလိဂ်)

အာဆင်နယ် ၁ – ၃ မန်ချက်စတာယူနိုက်တက်(အက်ဖ်အေဖလား)

မန်ချက်စတာယူနိုက်တက် ၂ – ၂ အာဆင်နယ်(ပရီးမီးယားလိဂ်)

ပြိုင်ပွဲအရပ်ရပ် နောက်ဆုံးခြောက်ပွဲကစားအပြီး အာဆင်နယ်က လေးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးထားပြီး မန်ချက်စတာယူနိုက်တက်က လေးပွဲနိုင် တစ်ပွဲသရေ တစ်ပွဲရှုံးထားပါတယ်။ အာဆင်နယ်က မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံးလေးပွဲမှာ သုံးပွဲနိုင် တစ်ပွဲသရေနဲ့ သုံးပွဲမှာ ပေးဂိုးမရှိ ဖြစ်ပေါ်ထားပါတယ်။ အာဆင်နယ်က ပရီးမီးယားလိဂ် နောက်ဆုံးခြောက်ပွဲမှာ ငါးပွဲနိုင် တစ်ပွဲသရေ ဖြစ်ထားပါတယ်။ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် အဝေးကွင်းပွဲ နောက်ဆုံး ၁၄ ပွဲကစားအပြီး ၁၂ ပွဲ အနိုင်ရထားပါတယ်။ အာဆင်နယ်အသင်း မန်နေဂျာ အာတီတာအနေနဲ့ မန်ချက်စတာယူနိုက်တက်ကို အနိုင်ရခဲ့ရင် ပရီးမီးယားလိဂ်မှာ သုံးပွဲဆက် အနိုင်ရခဲ့တဲ့ ပထမဆုံးမန်နေဂျာ ဖြစ်လာမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းမှာ မာရီက ဒဏ်ရာရနေပြီး မန်ချက်စတာယူနိုက်တက်အသင်းမှာ ရိုဂျိုနဲ့ ဖီးလ်ဂျုံးတို့က ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ဖြစ်ပေါ်လာနိုင်တဲ့ ခန့်မှန်းချက်က အာဆင်နယ်က အိမ်ကွင်းမှာ အနိုင်ရဖို့ ၅၀% ရှိနေပြီး သရေဖြစ် ၅%နဲ့ မန်ချက်စတာယူနိုက်တက် အနိုင်ရဖို့ ၄၅% ရှိနေပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္နဲ႔ ေတြ႕ရမဲ့ အိမ္ရွင္ အာဆင္နယ္အတြက္ အနိုင္ရဖို႔ ၅၀% ရွိတယ္

ပရီးမီးယားလိဂ္ပြဲစဥ္ ၂၁ အျဖစ္ အာဆင္နယ္အသင္းနဲ႔ မန္ခ်က္စတာယူနိုက္တက္အသင္းတို႔ဟာ အာဆင္နယ္အသင္းရဲ့ အိမ္ကြင္းပြဲအျဖစ္ ၃၀-၁-၂၀၂၁ ရက္ စေနေန႔ည ၁၂း၀၀ နာရီ ကစားသြားရမွာ ျဖစ္ပါတယ္။ အာဆင္နယ္က ပရီးမီးယားလိဂ္ ပြဲ ၂၀ ကစားအၿပီး ရမွတ္ ၃၀ နဲ႔ အဆင့္ ၉ ေနရာမွာ ရွိေနၿပီး မန္ခ်က္စတာယူနိုက္တက္က ရမွတ္ ၄၀ နဲ႔ အဆင့္ ၂ ေနရာမွာ ရပ္တည္ေနပါတယ္။
ထိပ္တိုက္ေတြ႕ဆုံမႈ ေနာက္ဆုံးေျခာက္ႀကိမ္
မန္ခ်က္စတာယူနိုက္တက္ ၀ – ၁ အာဆင္နယ္(ပရီးမီးယားလိဂ္)
အာဆင္နယ္ ၂ – ၀ မန္ခ်က္စတာယူနိုက္တက္(ပရီးမီးယားလိဂ္)
မန္ခ်က္စတာယူနိုက္တက္ ၁ – ၁ အာဆင္နယ္(ပရီးမီးယားလိဂ္)
အာဆင္နယ္ ၂ – ၀ မန္ခ်က္စတာယူနိုက္တက္(ပရီးမီးယားလိဂ္)
အာဆင္နယ္ ၁ – ၃ မန္ခ်က္စတာယူနိုက္တက္(အက္ဖ္ေအဖလား)
မန္ခ်က္စတာယူနိုက္တက္ ၂ – ၂ အာဆင္နယ္(ပရီးမီးယားလိဂ္)
ၿပိဳင္ပြဲအရပ္ရပ္ ေနာက္ဆုံးေျခာက္ပြဲကစားအၿပီး အာဆင္နယ္က ေလးပြဲနိုင္ တစ္ပြဲသေရ တစ္ပြဲရႈံးထားၿပီး မန္ခ်က္စတာယူနိုက္တက္က ေလးပြဲနိုင္ တစ္ပြဲသေရ တစ္ပြဲရႈံးထားပါတယ္။ အာဆင္နယ္က မန္ခ်က္စတာယူနိုက္တက္နဲ႔ ေတြ႕ဆုံခဲ့တဲ့ ပရီးမီးယားလိဂ္ ေနာက္ဆုံးေလးပြဲမွာ သုံးပြဲနိုင္ တစ္ပြဲသေရနဲ႔ သုံးပြဲမွာ ေပးဂိုးမရွိ ျဖစ္ေပၚထားပါတယ္။ အာဆင္နယ္က ပရီးမီးယားလိဂ္ ေနာက္ဆုံးေျခာက္ပြဲမွာ ငါးပြဲနိုင္ တစ္ပြဲသေရ ျဖစ္ထားပါတယ္။ မန္ခ်က္စတာယူနိုက္တက္က ပရီးမီးယားလိဂ္ အေဝးကြင္းပြဲ ေနာက္ဆုံး ၁၄ ပြဲကစားအၿပီး ၁၂ ပြဲ အနိုင္ရထားပါတယ္။ အာဆင္နယ္အသင္း မန္ေနဂ်ာ အာတီတာအေနနဲ႔ မန္ခ်က္စတာယူနိုက္တက္ကို အနိုင္ရခဲ့ရင္ ပရီးမီးယားလိဂ္မွာ သုံးပြဲဆက္ အနိုင္ရခဲ့တဲ့ ပထမဆုံးမန္ေနဂ်ာ ျဖစ္လာမွာ ျဖစ္ပါတယ္။
အာဆင္နယ္အသင္းမွာ မာရီက ဒဏ္ရာရေနၿပီး မန္ခ်က္စတာယူနိုက္တက္အသင္းမွာ ရိုဂ်ိဳနဲ႔ ဖီးလ္ဂ်ဳံးတို႔က ပါဝင္နိုင္ဖို႔ မေသခ်ာပါဘူး။
ျဖစ္ေပၚလာနိုင္တဲ့ ခန႔္မွန္းခ်က္က အာဆင္နယ္က အိမ္ကြင္းမွာ အနိုင္ရဖို႔ ၅၀% ရွိေနၿပီး သေရျဖစ္ ၅%နဲ႔ မန္ခ်က္စတာယူနိုက္တက္ အနိုင္ရဖို႔ ၄၅% ရွိေနပါတယ္။