မန်စီးတီးခံစစ်ကစားသမား ဂါစီယာကို လာမဲ့နွေရာသီမှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူဖို့ ယုံကြည်ထားကြောင်း ဘာစီလိုနာအသင်း မန်နေဂျာ ကိုးမန်းပြော

0
138

 

ဘာစီလိုနာအသင်း မန်နေဂျာကိုးမန်း မန်စီးတီးရဲ့ ခံစစ်ကစား ဂါစီယာကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ နွေရာသီပြောင်းရွှေ့ကာလမှာ ခေါ်ယူနိုင်မယ်လို့ ယုံကြည်ထားကြောင်း ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာ အကယ်ဒမီထွက် ဂါစီယာဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၇ အထိ ရှိခဲ့ပြီး မန်စီးတီးကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။

ဂါစီယာဟာ လာမဲ့နွေရာသီမှြ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းပြီးဆုံးမှာ ဖြစ်ပြီး ဘာစီလိုနာ အသင်းဘက်က သူတို့ရဲ့ ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ ကိုးမန်းက တနင်္ဂနွေနေ့ အိမ်ကွင်းမှာ ကစားရမဲ့ ဘီဘာအိုအသင်းနဲ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ “ ဂါစီယာကို ကွျန်တော်တို့တွေ သိနေကြပါတယ်။ သူက နွေရာသီပြောင်းရွှေ့ကာလမှာ အသင်းကို ရောက်ရှိလာပါလိမ့်မယ်။ ဒါကလည်း တကယ်လို့ ဇန်နဝါရီပြောင်းရွှေ့ကာလမှာ မခေါ်ယူနိုင်ဘူး ဆိုရင်ပေါ့လေ။ ဒါပြီးရင်တော့ သူဒီကို လာဖို့ ကွျန်တော်တို့က ခွင့်ပြုပေးရပါလိမ့်မယ် ” လို့ ပြောပါတယ်။

ကိုးမန်းက ယခုတစ်ပတ်အတွင်းက မန်စီးတီးမန်နေဂျာ ဂွါဒီယိုလာရဲ့ အသက် ၅၀ ပြည့် မွေးနေ့မှာ တစ်ဦးနဲ့ တစ်ဦး ချိတ်ဆက်ပြီး ဂုဏ်ယူကြောင်း ပြောခဲ့တာတွေ ရှိခဲ့ပေမဲ့ ဂါစီယာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်းမျိုး မပါရှိခဲ့ဘူးလို့ အခိုင်အမာဆိုပါတယ်။

ဂါစီယာဟာ မန်စီးတီးအသင်းနဲ့ ယခုနှစ် ဘောလုံးရာသီအတွင်း ရုန်းကန်ခဲ့ရတာတွေ ရှိခဲ့ပြီး ဗဟိုခံစစ် နေရာအတွက် ဂွျန်စတုန်းနဲ့ ဒီအာ့စ်တို့ အပြိုင်ကြိုးစားနေရပါတယ်။ ဂါစီယာက ပရီးမီးယားလိဂ် နောက်ဆုံး ၁၄ ပွဲမှာ တစ်ပွဲသာ ပါဝင်ခဲ့ရပြီး ဘန်လေအသင်းကို ၅-၀နဲ့ ပွဲမှာ မိနစ် ၂၀ ပါဝင်ခဲ့ရပါတယ်။ ယခုနှစ်မှာ ဂါစီယာက မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ သုံးပွဲနဲ့ ချန်ပီယံလိဂ်ပွဲ သုံးပွဲသာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတဲ့ ဂါစီယာက အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ကိုလည်း အလိုမရှိဘဲ ဖြစ်နေပါတယ်။

Zawgyi

မန္စီးတီးခံစစ္ကစားသမား ဂါစီယာကို လာမဲ့ေႏြရာသီမွာ ေျပာင္းေရႊ႕ေၾကးအလြတ္နဲ႔ ေခၚယူဖို႔ ယုံၾကည္ထားေၾကာင္း ဘာစီလိုနာအသင္း မန္ေနဂ်ာ ကိုးမန္းေျပာ

ဘာစီလိုနာအသင္း မန္ေနဂ်ာကိုးမန္း မန္စီးတီးရဲ့ ခံစစ္ကစား ဂါစီယာကို ေျပာင္းေရႊ႕ေၾကးအလြတ္နဲ႔ ေႏြရာသီေျပာင္းေရႊ႕ကာလမွာ ေခၚယူနိုင္မယ္လို႔ ယုံၾကည္ထားေၾကာင္း ေျပာၾကားလိုက္ပါတယ္။ ဘာစီလိုနာ အကယ္ဒမီထြက္ ဂါစီယာဟာ ဘာစီလိုနာအသင္းနဲ႔ ၂၀၀၈ ခုႏွစ္ကေန ၂၀၁၇ အထိ ရွိခဲ့ၿပီး မန္စီးတီးကို ေရာက္ရွိခဲ့တာျဖစ္ပါတယ္။
ဂါစီယာဟာ လာမဲ့ေႏြရာသီမွျ မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းၿပီးဆုံးမွာ ျဖစ္ၿပီး ဘာစီလိုနာ အသင္းဘက္က သူတို႔ရဲ့ ကစားသမားေဟာင္းကို ျပန္လည္ေခၚယူနိုင္ဖို႔ ေမၽွာ္လင့္ေနပါတယ္။ ကိုးမန္းက တနဂၤေႏြေန႔ အိမ္ကြင္းမွာ ကစားရမဲ့ ဘီဘာအိုအသင္းနဲ႔ ပြဲႀကိဳသတင္းစာ ရွင္းလင္းပြဲမွာ “ ဂါစီယာကို ကြ်န္ေတာ္တို႔ေတြ သိေနၾကပါတယ္။ သူက ေႏြရာသီေျပာင္းေရႊ႕ကာလမွာ အသင္းကို ေရာက္ရွိလာပါလိမ့္မယ္။ ဒါကလည္း တကယ္လို႔ ဇန္နဝါရီေျပာင္းေရႊ႕ကာလမွာ မေခၚယူနိုင္ဘူး ဆိုရင္ေပါ့ေလ။ ဒါၿပီးရင္ေတာ့ သူဒီကို လာဖို႔ ကြ်န္ေတာ္တို႔က ခြင့္ျပဳေပးရပါလိမ့္မယ္ ” လို႔ ေျပာပါတယ္။
ကိုးမန္းက ယခုတစ္ပတ္အတြင္းက မန္စီးတီးမန္ေနဂ်ာ ဂြါဒီယိုလာရဲ့ အသက္ ၅၀ ျပည့္ ေမြးေန႔မွာ တစ္ဦးနဲ႔ တစ္ဦး ခ်ိတ္ဆက္ၿပီး ဂုဏ္ယူေၾကာင္း ေျပာခဲ့တာေတြ ရွိခဲ့ေပမဲ့ ဂါစီယာရဲ့ အေျပာင္းအေရႊ႕နဲ႔ ပတ္သက္ၿပီး ေဆြးေႏြးခဲ့ျခင္းမ်ိဳး မပါရွိခဲ့ဘူးလို႔ အခိုင္အမာဆိုပါတယ္။
ဂါစီယာဟာ မန္စီးတီးအသင္းနဲ႔ ယခုႏွစ္ ေဘာလုံးရာသီအတြင္း ႐ုန္းကန္ခဲ့ရတာေတြ ရွိခဲ့ၿပီး ဗဟိုခံစစ္ ေနရာအတြက္ ဂြ်န္စတုန္းနဲ႔ ဒီအာ့စ္တို႔ အၿပိဳင္ႀကိဳးစားေနရပါတယ္။ ဂါစီယာက ပရီးမီးယားလိဂ္ ေနာက္ဆုံး ၁၄ ပြဲမွာ တစ္ပြဲသာ ပါဝင္ခဲ့ရၿပီး ဘန္ေလအသင္းကို ၅-၀နဲ႔ ပြဲမွာ မိနစ္ ၂၀ ပါဝင္ခဲ့ရပါတယ္။ ယခုႏွစ္မွာ ဂါစီယာက မန္စီးတီးအသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲ သုံးပြဲနဲ႔ ခ်န္ပီယံလိဂ္ပြဲ သုံးပြဲသာ ပါဝင္ခြင့္ရခဲ့ပါတယ္။ ပုံမွန္ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနတဲ့ ဂါစီယာက အသင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ကိုလည္း အလိုမရွိဘဲ ျဖစ္ေနပါတယ္။