ယခုနှစ် ဘောလုံးရာသီပြီးဆုံးချိန်အထိ ဝက်ဟမ်းအသင်းကို အငှားကစားသမားအဖြစ် လင်းဂက်ပြောင်းရွှေ့

0
250

 

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကစားသမား လင်းဂက်က အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းထွက်နေပြီး လက်ရှိအချိန်မှာ ဝက်ဟမ်းအသင်းကို အငှားကစားသမားအဖြစ် ယခုနှစ် ဘောလုံးရာသီ ပြီးဆုံးချိန်အထိ ပြောင်းရွှေ့ကစားသွားတယ်လို့ သိရပါတယ်။

ဝက်ဟမ်းအသင်းအနေနဲ့ လင်းဂက်ကို ရာသီကုန်အထိ ပေါင် ၁.၅ သန်းနဲ့ အငှားခေါ်ယူခဲ့တာ ဖြစ်သလို ကစားသမားလုပ်ခအဖြစ် တစ်ပတ်ကို ပေါင်ရှစ်သောင်းပေးသွားရမှာ ဖြစ်ပါတယ်။ လင်းဂက်ဟာ ဝက်ဟမ်းအသင်းကို ပြောင်းရွှေ့ကစားရမဲ့ အချိန်ဆိုပြီး အထုတ်အပိုးတွေကို ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့ပါတယ်။

၎င်းကို နယူးကာဆယ်အသင်းနဲ့ ဝက်ဘရွန်းအသင်းတွေကလည်း ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားခဲ့ပေမဲ့ လက်ရှိကာလမှာတော့ လက်လွှတ်လိုက်ရတော့မှာ ဖြစ်ပါတယ်။ လင်းဂက်အနေနဲ့ ဝက်ဟမ်းအသင်းမှာ ပထမ ပွဲထွက် ကစားသမားအဖြစ် ပုံမန်ကစားခွင့်ရဖို့ အပြည့်အ၀မျှော်လင့်ထားပါတယ်။

ဝက်ဟမ်းအသင်းမန်နေဂျာ မိုယက်စ်အနေနဲ့လည်း အင်္ဂလန်အသင်းနဲ့ ၂၄ ပွဲ ပါဝင်ကစားထားတဲ့ လင်းဂက်အနေနဲ့ အသင်းမှာ အကောင်းဆုံးခြေစွမ်းပြသွားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ လင်းဂက်အနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲထွက်ခွင့်မရခဲ့လို့ ဒုတိယရာသီဝက်မှာ ခြေစွမ်းကောင်းတွေကို မြင်တွေ့ရနိုင်ဖွယ် ရှိနေပါတယ်။

Zawgyi

ယခုႏွစ္ ေဘာလုံးရာသီၿပီးဆုံးခ်ိန္အထိ ဝက္ဟမ္းအသင္းကို အငွားကစားသမားအျဖစ္ လင္းဂက္ေျပာင္းေရႊ႕

မန္ခ်က္စတာယူနိုက္တက္အသင္းရဲ့ အသက္ ၂၈ ႏွစ္အရြယ္ ကြင္းလယ္ကစားသမား လင္းဂက္က အသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ႐ုန္းထြက္ေနၿပီး လက္ရွိအခ်ိန္မွာ ဝက္ဟမ္းအသင္းကို အငွားကစားသမားအျဖစ္ ယခုႏွစ္ ေဘာလုံးရာသီ ၿပီးဆုံးခ်ိန္အထိ ေျပာင္းေရႊ႕ကစားသြားတယ္လို႔ သိရပါတယ္။
ဝက္ဟမ္းအသင္းအေနနဲ႔ လင္းဂက္ကို ရာသီကုန္အထိ ေပါင္ ၁.၅ သန္းနဲ႔ အငွားေခၚယူခဲ့တာ ျဖစ္သလို ကစားသမားလုပ္ခအျဖစ္ တစ္ပတ္ကို ေပါင္ရွစ္ေသာင္းေပးသြားရမွာ ျဖစ္ပါတယ္။ လင္းဂက္ဟာ ဝက္ဟမ္းအသင္းကို ေျပာင္းေရႊ႕ကစားရမဲ့ အခ်ိန္ဆိုၿပီး အထုတ္အပိုးေတြကို ဓာတ္ပုံရိုက္ၿပီး လူမႈကြန္ရက္ေပၚမွာ တင္ခဲ့ပါတယ္။
၎ကို နယူးကာဆယ္အသင္းနဲ႔ ဝက္ဘရြန္းအသင္းေတြကလည္း ေခၚယူနိုင္ဖို႔ စိတ္ဝင္စားခဲ့ေပမဲ့ လက္ရွိကာလမွာေတာ့ လက္လႊတ္လိုက္ရေတာ့မွာ ျဖစ္ပါတယ္။ လင္းဂက္အေနနဲ႔ ဝက္ဟမ္းအသင္းမွာ ပထမ ပြဲထြက္ ကစားသမားအျဖစ္ ပုံမန္ကစားခြင့္ရဖို႔ အျပည့္အ၀ေမၽွာ္လင့္ထားပါတယ္။
ဝက္ဟမ္းအသင္းမန္ေနဂ်ာ မိုယက္စ္အေနနဲ႔လည္း အဂၤလန္အသင္းနဲ႔ ၂၄ ပြဲ ပါဝင္ကစားထားတဲ့ လင္းဂက္အေနနဲ႔ အသင္းမွာ အေကာင္းဆုံးေျခစြမ္းျပသြားနိုင္မယ္လို႔ ယုံၾကည္ထားပါတယ္။ လင္းဂက္အေနနဲ႔ မန္ခ်က္စတာယူနိုက္တက္နဲ႔ ပြဲထြက္ခြင့္မရခဲ့လို႔ ဒုတိယရာသီဝက္မွာ ေျခစြမ္းေကာင္းေတြကို ျမင္ေတြ႕ရနိုင္ဖြယ္ ရွိေနပါတယ္။